Breaking News


သာေကတက ေအာင္ဝင္းေဇာ္ရဲ႕အိမ္ကို လြန္ခဲ့တဲ့ ေလး၊ငါးရက္ကတည္းက ရဲေတြ ဝင္ေရာက္ရွာေဖြခဲ့

Loading...


ဦးကုိနီ လုပ္ၾကံသတ္ျဖတ္ခံရမႈရဲ႕ ကြင္းဆက္တရားခံအျဖစ္္ ဖမ္းဆီးခံထားရသူ ေအာင္၀င္းေဇာ္ဟာ သာေကတၿမိဳ႔နယ္(၁) ထူပါရံုရပ္ကြက္၊ ထူပါရံု၁၆လမ္းအေရွ႕က ေနအိမ္တစ္အိမ္မွာ ေနထုိင္ခဲ့တယ္လို႔ သိရပါတယ္။တိုင္းရဲတပ္ဖြဲ႕က အဆုိပါႏွစ္ထပ္တုိက္အိမ္ကို ေစာင့္ၾကည့္ေနျပီး ေအာင္၀င္းေဇာ္ရဲ႔ ေနအိမ္ျဖစ္တယ္လို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက အတည္ျပဳေျပာထားေၾကာင္း Kumudra ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။
ေအာင္၀င္းေဇာ္ရဲ႕ေနအိမ္ကို ရဲအင္အားအျပည္႕အစုံနဲ႕လာေရာက္္စစ္ေဆးမႈေတြျပဳလုပ္ၿပီးေနာက္ပိုင္းမွာ ေသာ႔ခတ္ထားတယ္လို႔လည္း သိရပါတယ္။
အဆုိပါေနအိမ္ကို လြန္ခဲ႔တဲ႔ ၄ရက္၊ ၅ရက္က ရဲေတြ ဝင္ေရာက္စစ္ေဆးခဲ့တာျဖစ္တယ္လို႔ ပတ္၀န္းက်င္မွာ ေနထိုင္သူတစ္ဦးက ေျပာထားေၾကာင္းလည္း သတင္းမွာေဖာ္ျပပါတယ္။ ေအာင္ဝင္းေဇာ္ဟာ ပတ္ဝန္းက်င္နဲ႔အဆက္အသြယ္မရွိဘဲ ကားနဲ႔သာ အဝင္အထြက္လုပ္ကာ အျမဲေသာ့ပိတ္ထားျပီး မိသားစု သံုးေယာက္ရွိတယ္လို႔ သိရပါတယ္။ယခင္က ေျမကြပ္လပ္ျဖစ္ေနတဲ့ေနရာကို ျပီးခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ သံုးႏွစ္နီးေပါက္ေလာက္ကဝယ္ယူကာ အိမ္ေဆာက္ခဲ့တာျဖစ္ပါတယ္။
အဆိုပါ ကြင္းဆက္တရားခံ ေအာင္၀င္းေဇာ္ရဲ႔ ေနအိမ္ကို ရဲေတြ ၀င္ေရာက္ စစ္ေဆးေစာင္႔ၾကည္႔တာနဲ႔ ပတ္သက္ၿပီး သာေကတၿမိဳ႔မရဲစခန္းအေနနဲ႔ မသိရွိခဲ႔ဘူးလို႔ ရဲမွဴး ေက်ာ္၀င္းကေျပာထားေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။ေအာင္၀င္းေဇာ္ရဲ႔ေနအိမ္မွာ အသက္ ၄၂ႏွစ္အရြယ္ ဇနီးျဖစ္သူနဲ႔ အသက္ ၁၉ႏွစ္အရြယ္ သားတစ္ဦးတုိ႔ ေနထုိင္ၾကတယ္လို႔လည္း သိရပါတယ္။
ဇန္န၀ါရီလ ၂၉ ရက္ေန ့က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥပေဒအႀကံေပး ဦးကိုနီဟာ ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာေဖျမင့္ဦးေဆာင္တဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႕နဲ ့အတူ သြားေရာက္ခဲ့တ့ဲ အင္ဒိုနီးရွား ခရီးစဥ္အျပန္ ရန္ကုန္ေလဆိပ္မွာ ေသနတ္နဲ ့ အနီးကပ္ပစ္သတ္ခံခဲ့ရတာျဖစ္ပါတယ္။လုပ္ႀကံသူဦး ၾကည္လင္းကို ျပည္သူေတြနဲ ့ရဲတပ္ဖဲြ႕၀င္ေတြက၀ိုင္း၀န္း ဖမ္းဆီးခဲ့ၾကရတဲ့အျပင္ အငွားယာဥ္ေမာင္းတစ္ဦးျဖစ္တဲ့ ဦးေန၀င္းဟာလည္း ေသနတ္သမားရဲ ့ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ပါတယ္။
ဇန္န၀ါရီလ ၃၀ ရက္ေန ့က ဦးကိုနီ လုပ္ၾကံခံရမႈမွာ ပူးေပါင္းပါ၀င္ခဲ့သူလို႔ ယူဆရသူ ဦးေအာင္၀င္းေဇာ္ကို ဖမ္းဆီးရမိခဲ့တယ္လို ့ နိုင္ငံေတာ္သမၼတရုံးက ေဖေဖာ္၀ါရီိလ ၃ ရက္ေန ့မွာ သတင္းထုတ္ျပန္ေၾကညာထားပါတယ္။
Unicode
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုရဲ့ ကွင်းဆက်တရားခံအဖြစ် ဖမ်းဆီးခံထားရသူ အောင်ဝင်းဇော်ဟာ သာကေတမြို့နယ်(၁) ထူပါရုံရပ်ကွက်၊ ထူပါရုံ၁၆လမ်းအရှေ့က နေအိမ်တစ်အိမ်မှာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။တိုင်းရဲတပ်ဖွဲ့က အဆိုပါနှစ်ထပ်တိုက်အိမ်ကို စောင့်ကြည့်နေပြီး အောင်ဝင်းဇော်ရဲ့ နေအိမ်ဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောထားကြောင်း Kumudra ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အောင်ဝင်းဇော်ရဲ့နေအိမ်ကို ရဲအင်အားအပြည့်အစုံနဲ့လာရောက်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက်ပိုင်းမှာ သော့ခတ်ထားတယ်လို့လည်း သိရပါတယ်။
အဆိုပါနေအိမ်ကို လွန်ခဲ့တဲ့ ၄ရက်၊ ၅ရက်က ရဲတွေ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောထားကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။ အောင်ဝင်းဇော်ဟာ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်မရှိဘဲ ကားနဲ့သာ အဝင်အထွက်လုပ်ကာ အမြဲသော့ပိတ်ထားပြီး မိသားစု သုံးယောက်ရှိတယ်လို့ သိရပါတယ်။ယခင်က မြေကွပ်လပ်ဖြစ်နေတဲ့နေရာကို ပြီးခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်နီးပေါက်လောက်ကဝယ်ယူကာ အိမ်ဆောက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ကွင်းဆက်တရားခံ အောင်ဝင်းဇော်ရဲ့ နေအိမ်ကို ရဲတွေ ဝင်ရောက် စစ်ဆေးစောင့်ကြည့်တာနဲ့ ပတ်သက်ပြီး သာကေတမြို့မရဲစခန်းအနေနဲ့ မသိရှိခဲ့ဘူးလို့ ရဲမှူး ကျော်ဝင်းကပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။အောင်ဝင်းဇော်ရဲ့နေအိမ်မှာ အသက် ၄၂နှစ်အရွယ် ဇနီးဖြစ်သူနဲ့ အသက် ၁၉နှစ်အရွယ် သားတစ်ဦးတို့ နေထိုင်ကြတယ်လို့လည်း သိရပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီဟာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ ့အတူ သွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား ခရီးစဉ်အပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ ့ အနီးကပ်ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။လုပ်ကြံသူဦး ကြည်လင်းကို ပြည်သူတွေနဲ ့ရဲတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်း ဖမ်းဆီးခဲ့ကြရတဲ့အပြင် အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ဦးနေဝင်းဟာလည်း သေနတ်သမားရဲ ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ ့က ဦးကိုနီ လုပ်ကြံခံရမှုမှာ ပူးပေါင်းပါဝင်ခဲ့သူလို့ ယူဆရသူ ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိခဲ့တယ်လို ့ နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရိီလ ၃ ရက်နေ ့မှာ သတင်းထုတ်ပြန်ကြေညာထားပါတယ်။
Loading...