Breaking News

အခ်စ္နယ္ ကြၽံရာမွ ရရွိခဲ့ေသာ ကိုယ္ဝန္ေၾကာင့္ ဓားျဖင့္ထုိးခံရသည့္ မိန္းကေလးေသဆံုး


Loading...

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕ တြင္ သမီးရည္းစားခ်စ္သူစုံတြဲတို႔ ခ်ိန္းေတြ႕ၿပီး ယခင္က အခ်စ္နယ္ ကြၽံရာမွရရွိခဲ့ေသာကိုယ္ဝန္အား တာဝန္ယူခိုင္းရာ အဆင္မေျပျဖစ္ ကာ ေယာက်္ားေလးျဖစ္သူကမိန္း ကေလးအား ဓားျဖင့္ထိုးလွီးခဲ့သ ျဖင့္ ဥပေဒအရအေရးယူထားခဲ့ရ ၿပီး ဓားထိုးခံရသူမိန္းကေလးမွာ ၁၅ရက္ခန္႔အၾကာတြင္မိုးညႇင္းခ႐ိုင္ ေဆး႐ံုႀကီးတြင္ ေသဆုံးသြားခဲ့ ေၾကာင္း သိရသည္။

အမႈျဖစ္စဥ္မွာ ဇန္နဝါရီ ၂၂ ရက္ ညေန ၆ နာရီတြင္ မိုးညႇင္းၿမိဳ႕ သာစည္ရပ္ကြက္ေန ေမာင္ခိုင္ကို (၁၉ႏွစ္)ႏွင့္မႏၲေလးၿမိဳ႕ ၂၂လမ္း အေနာက္ထိပ္ ေအာင္ေျမသာစံၿမိဳ႕ နယ္ေန မ---(၂၄ႏွစ္) တို႔သည္ တစ္ဦးႏွင့္တစ္ဦး ခ်စ္ခင္စုံမက္ခဲ့ သည့္အေလ်ာက္ မိုးညႇင္းၿမိဳ႕ အေရွ႕ ဘက္ေတာစပ္တြင္ ခ်ိန္းေတြ႕ခဲ့ၾက သည္။

ထိုသို႔ ခ်ိန္းေတြ႕စဥ္ မ---က ယခင္က ၄င္းတို႔အခ်စ္နယ္ကြၽံခဲ့ ရာမွ ယခုအခါ ကိုယ္ဝန္ငါးလရွိ ေနသျဖင့္ တာဝန္ယူရန္ႏွင့္ တာဝန္ မယူလိုပါက ကိုယ္ဝန္ဖ်က္ခ်ရန္ ေငြက်ပ္ ၅ဝဝဝဝ ေပးရန္ ေျဟ ၾကားခဲ့သည္။

ထိုသို႔ မ---က ေျဟျပရာ ေမာင္ခိုင္ကိုက အသင့္ပါလာေသာ ေခါက္ဓားျဖင့္ ၁၁ ခ်က္ထိုးသြင္း လွီးျဖတ္ခဲ့သျဖင့္ မ----တြင္ လည္ပင္းႏွစ္လက္မခန္႔ျပတ္ရွဒဏ္ ရာသံုးခ်က္၊ရင္ၫြန္႕တြင္ႏွစ္လက္မ ခန္႔ ျပတ္ရွဒဏ္ရာေလးခ်က္၊ ဝမ္း ဗိုက္ဝဲ/ယာတြင္ ျပတ္ရွဒဏ္ရာ ႏွစ္ခ်က္၊ယာလက္ဖမိုးတစ္လက္မ ခန္႔ျပတ္ရွဒဏ္ရာ ႏွစ္ခ်က္(စိုးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ့သည္။

ဒဏ္ရာရရွိေသာ မ---သည္ အခင္းျဖစ္ေနရာတြင္ တစ္ညလုံး ရရွိေသာဒဏ္ရာႏွင့္ အေအးဒဏ္ ခံစားရၿပီးေနာက္တစ္ရက္ နံနက္ တြင္ ေတြ႕ရွိသူတစ္ဦးက သက္ ဆိုင္ရာသို႕အေၾကာင္းၾကားခဲ့သျဖင့္ တာဝန္ရွိသူမ်ားက သြားေရာက္ ၾကည့္႐ႈကာ မိုးညႇင္းခ႐ိုင္ေဆး႐ံု ႀကီးသို႔ တင္ပို႔ကုသေစခဲ့သည္။

ထို႔ေၾကာင့္မ---မွ တရား လိုျပဳလုပ္၍ မိမိအားကိုယ္ဝန္ပ်က္ က်ေစၿပီး အျပင္းအထန္ဒဏ္ရာ ရရွိေအာင္ ဓားျဖင့္ ထိုးလွီးခဲ့သူ ေမာင္ခိုင္ကို (၁၉ ႏွစ္) သာစည္ ရပ္ကြက္ မိုးညႇင္းၿမိဳ႕ေနထိုင္သူအား အေရးယူေပးပါရန္ အမႈဖြင့္တိုင္ ၾကားခဲ့သျဖင့္ မိုးညႇင္းၿမိဳ႕မရဲစခန္း မွ(ပ) ၁၂/၂ဝ၁၇ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၂၆/၃၁၆ျဖင့္ အမႈဖြင့္ အေရးယူထားခဲ့သည္။

မိုးညႇင္းခ႐ိုင္ ေဆး႐ံုႀကီးတြင္ ေဆးကုသမႈခံယူေနေသာ မ---သည္ ယခုလ ၆ ရက္ နံနက္ ၈ နာရီခြဲတြင္ ေသဆုံးသြားခဲ့သျဖင့္ ေမာင္ခိုင္ကိုအေပၚ ဖြင့္လွစ္ထား ေသာ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/ ၃၁၆ မွ ပုဒ္မ ၃ဝ၂/၃၁၆သို႕ ေျဟင္းလဲဖြင့္လွစ္ခဲ့ေၾကာင္း သိရ သည္။

ကခ်င္ေျမနဂါး
The Union Daily
https://www.facebook.com/uniondaily.net/

Unicode
ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် သမီးရည်းစားချစ်သူစုံတွဲတို့ ချိန်းတွေ့ပြီး ယခင်က အချစ်နယ် ကျွံရာမှရရှိခဲ့သောကိုယ်ဝန်အား တာဝန်ယူခိုင်းရာ အဆင်မပြေဖြစ် ကာ ယောကျာ်းလေးဖြစ်သူကမိန်း ကလေးအား ဓားဖြင့်ထိုးလှီးခဲ့သ ဖြင့် ဥပဒေအရအရေးယူထားခဲ့ရ ပြီး ဓားထိုးခံရသူမိန်းကလေးမှာ ၁၅ရက်ခန့်အကြာတွင်မိုးညှင်းခရိုင် ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ ကြောင်း သိရသည်။

အမှုဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီတွင် မိုးညှင်းမြို့ သာစည်ရပ်ကွက်နေ မောင်ခိုင်ကို (၁၉နှစ်)နှင့်မန္တလေးမြို့ ၂၂လမ်း အနောက်ထိပ် အောင်မြေသာစံမြို့ နယ်နေ မ---(၂၄နှစ်) တို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်ခဲ့ သည့်အလျောက် မိုးညှင်းမြို့ အရှေ့ ဘက်တောစပ်တွင် ချိန်းတွေ့ခဲ့ကြ သည်။

ထိုသို့ ချိန်းတွေ့စဉ် မ---က ယခင်က ၄င်းတို့အချစ်နယ်ကျွံခဲ့ ရာမှ ယခုအခါ ကိုယ်ဝန်ငါးလရှိ နေသဖြင့် တာဝန်ယူရန်နှင့် တာဝန် မယူလိုပါက ကိုယ်ဝန်ဖျက်ချရန် ငွေကျပ် ၅ဝဝဝဝ ပေးရန် ဟြေ ကြားခဲ့သည်။

ထိုသို့ မ---က ဟြေပြရာ မောင်ခိုင်ကိုက အသင့်ပါလာသော ခေါက်ဓားဖြင့် ၁၁ ချက်ထိုးသွင်း လှီးဖြတ်ခဲ့သဖြင့် မ----တွင် လည်ပင်းနှစ်လက်မခန့်ပြတ်ရှဒဏ် ရာသုံးချက်၊ရင်ညွန့်တွင်နှစ်လက်မ ခန့် ပြတ်ရှဒဏ်ရာလေးချက်၊ ဝမ်း ဗိုက်ဝဲ/ယာတွင် ပြတ်ရှဒဏ်ရာ နှစ်ချက်၊ယာလက်ဖမိုးတစ်လက်မ ခန့်ပြတ်ရှဒဏ်ရာ နှစ်ချက်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။

ဒဏ်ရာရရှိသော မ---သည် အခင်းဖြစ်နေရာတွင် တစ်ညလုံး ရရှိသောဒဏ်ရာနှင့် အအေးဒဏ် ခံစားရပြီးနောက်တစ်ရက် နံနက် တွင် တွေ့ရှိသူတစ်ဦးက သက် ဆိုင်ရာသို့အကြောင်းကြားခဲ့သဖြင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုကာ မိုးညှင်းခရိုင်ဆေးရုံ ကြီးသို့ တင်ပို့ကုသစေခဲ့သည်။

ထို့ကြောင့်မ---မှ တရား လိုပြုလုပ်၍ မိမိအားကိုယ်ဝန်ပျက် ကျစေပြီး အပြင်းအထန်ဒဏ်ရာ ရရှိအောင် ဓားဖြင့် ထိုးလှီးခဲ့သူ မောင်ခိုင်ကို (၁၉ နှစ်) သာစည် ရပ်ကွက် မိုးညှင်းမြို့နေထိုင်သူအား အရေးယူပေးပါရန် အမှုဖွင့်တိုင် ကြားခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်း မှ(ပ) ၁၂/၂ဝ၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၃၁၆ဖြင့် အမှုဖွင့် အရေးယူထားခဲ့သည်။

မိုးညှင်းခရိုင် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော မ---သည် ယခုလ ၆ ရက် နံနက် ၈ နာရီခွဲတွင် သေဆုံးသွားခဲ့သဖြင့် မောင်ခိုင်ကိုအပေါ် ဖွင့်လှစ်ထား သော ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၁၆ မှ ပုဒ်မ ၃ဝ၂/၃၁၆သို့ ဟြေင်းလဲဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net/
Loading...