Breaking News

အသက္ ၂ နွစ္အရြယ္ ကေလးငယ္တစ္ဦး သားမယားအျဖစ္ ျပဳက်င့္ခံရၿပီး ေသဆံုး


Loading...

အိမ္မဲၿမိဳ႕နယ္ ေျခာက္အိမ္တန္းေက်းရြာအုပ္စု ကုလားကုန္းေက်းရြာတြင္ ေဖေဖၚဝါရီလ ၅ ရက္ေန႔က အသက္ ၂ နွစ္အရြယ္ ကေလးငယ္တစ္ဦး သားမယားအျဖစ္ ျပဳက်င့္ခံရၿပီး ေသဆံုးမႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ အဆိုပါေန႔တြင္ ေျခာက္အိမ္တန္းေက်းရြာအုပ္စု — ေက်းရြာေန ဦးဆူဘမ္းမွ အနီးရွိ ေက်းရြာတစ္ခုမွ ေဘာလံုးပြဲ၌ ေစ်းသြားေရာက္ ေရာင္းခ်ၿပီးေနာက္ ည ၁၀ နာရီခန္႔တြင္ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး ေနအိမ္တြင္ သမီးျဖစ္သူ ေဒၚခင္ခ်ိဳသက္နွင့္ ေျမးေတာ္စပ္သူ မ— အသက္(၂) (မိဘမ်ားမွာ ထိုင္းနိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကၿပီး အဘိုးေတာ္စပ္သူနွင့္ အေဒၚေတာ္စပ္သူတို႔နွင့္ အတူေနထိုင္) တို႔မွ ျခင္ေထာင္တစ္လံုး၊ ဦးဆူဘမ္းမွ ျခင္ေထာင္တစ္လံုးျဖင့္ အိပ္စက္အနားယူခဲ့ေၾကာင္း၊ ေဖေဖၚဝါရီလ ၆ ရက္ေန႔ နံနက္ ၄ နာရီခန္႔တြင္ ေျမးေတာ္စပ္သူ မ—အသက္ (၂)နွစ္နွင့္ အတူအိပ္စက္ေနသည့္ သမီးျဖစ္သူ ေဒၚခင္ခ်ိဳသက္မွာ မ— မွာ ခႏၶာကိုယ္တစ္ခုလံုး ေအးစက္ေတာင့္တင္းေနသည္ဟု ငိုယိုလ်က္ လာေရာက္ေခၚႏႈိးေသာေၾကာင့္ ေျမးေတာ္စပ္သူ မ—အား စစ္ေဆးၾကည့္ရႈ႕ရာတြင္ ဝဲဘက္နဖူးအစပ္တြင္ ပြန္းပဲ့ဒဏ္ရာတစ္ခ်က္၊ ဝဲဘက္ပါးတြင္ ပြန္းပဲ့ဒဏ္ရာတစ္ခ်က္နွင့္ မိန္းမအဂၤါစပ္မွ ေသြးမ်ားယိုစီးၿပီး ေသဆံုးေနသည္ကို ေတြ႕ရသျဖင့္ ေဒၚခင္ခ်ိဳသက္အား ေမးျမန္းရာတြင္ တစ္အိမ္တည္း သားမက္ေတာ္စပ္သူ ေဒၚခင္ခ်ိဳသက္၏ ခင္ပြန္း ဦးမိုးေက်ာ္မွ ေဖေဖၚဝါရီလ ၅ ရက္ေန႔ နံနက္ ၉ နာရီခန္႔တြင္ မ—အား ဦးဆူဘမ္းေစ်းေရာင္းသည့္ ေနရာသို႔ ေခၚေဆာင္သြားေပးမည္ဟုဆိုကာ ေနအိမ္မွေခၚေဆာင္သြားေၾကာင္း၊ ဦးမိုးေက်ာ္မွ ည ၁၀ နာရီအခ်ိန္ခန္႔တြင္ မ— အား ျပန္လည္ေပြ႕ခ်ီကာ ေနအိမ္သို႔ ျပန္လည္ေခၚေဆာင္လာၿပီး ေဒၚခင္ခ်ိဳသက္အား ကေလးျဖစ္သူ အိပ္ေနတယ္ဟု ေျပာဆိုကာ ျခင္ေထာင္အတြင္းသို႔ ထည့္သြင္းေပးခဲ့ေၾကာင္း၊ ယင္းေနာက္ ေဒၚခင္ခ်ိဳသက္ အိပ္ယာဝင္သည့္အခ်ိန္ထိ ဦးမိုးေက်ာ္မွာ ေနအိမ္အျပင္သို႔ ထြက္ထိုင္ေနခဲ့ၿပီး မ– ေသဆံုးေနေၾကာင္း သိရွိရခ်ိန္တြင္ ဦးမိုးေက်ာ္မွာ ေနအိမ္တြင္ မရွိေတာ့ဘဲ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ေၾကာင္း၊ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ဦးမိုးေက်ာ္မွာ မ— အားေနအိမ္မွ ေခၚေဆာင္သြားကာ ေသဆံုးသည္အထိ သားမယားအျဖစ္ ျပဳက်င့္ခဲ့သည္ကို သိရွိရေသာေၾကာင့္ ဦးမိုးေက်ာ္အား အေရးယူေဆာင္ရြက္ေပးပါရန္ ေဒၚခင္ခ်ိဳသက္မွ လူေကာင္းကၽြန္းနယ္ေျမရဲစခန္းသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“တရားခံက ထြက္ေျပးေနပါတယ္၊ သူသြားတတ္တဲ့ ေနရာေတြကို အခု လိုက္ၿပီး အဖြဲ႕လိုက္ စံုစမ္းေနပါတယ္၊ မိသားစုဝင္ အခ်င္းခ်င္းမို႔ စိတ္ခ်ၿပီးေတာ့ ထားရွိတာကေန အခုလို ျဖစ္စဥ္မ်ိဳး ျဖစ္ပြားလာတာလို႔ ကနဦး စစ္ေဆးခ်က္မ်ားအရ သိရပါတယ္၊ တရားခံ ဖမ္းဆီးရမိဖို႔ ကၽြန္ေတာ္တို႔ အျခားေသာ နယ္ေျမရဲစခန္းမ်ား ၿမိဳ႕နယ္ ခရိုင္မ်ားကိုပါ တင္ျပ အကူညီေတာင္းခံၿပီး လမ္းညႊန္ခ်က္မ်ားအတုိင္း လုပ္ေဆာင္ေနပါတယ္” ဟု လူေကာင္းကၽြန္း နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ကံမင္းက ေျပာသည္။
အဆိုပါ ျဖစ္စဥ္နွင့္ ပတ္သက္၍ လူေကာင္းကၽြန္းနယ္ေျမ ရဲစခန္းမွ ေဖေဖၚဝါရီလ ၆ ရက္ေန႔ ညေန ၃ နာရီခန္႔တြင္ ေဒၚခင္ခ်ိဳသက္၏ သတင္းေပးတိုင္ၾကားခ်က္အရ က်ဴးလြန္သူဟု စြပ္စြဲခံရသူ ဦးမိုးေက်ာ္အား (ပ) ၄/၂၀၁၇ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၀၂၊ ၃၇၆ မ်ားျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားၿပီး ဦးမိုးေက်ာ္အား ဖမ္းဆီးရမိနိုင္ေရးအတြက္ လိုက္လံရွာေဖြေနလ်က္ရွိေၾကာင္း သိရသည္။
Credit: Eleven


Unocode
အိမ်မဲမြို့နယ် ခြောက်အိမ်တန်းကျေးရွာအုပ်စု ကုလားကုန်းကျေးရွာတွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သားမယားအဖြစ် ပြုကျင့်ခံရပြီး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ခြောက်အိမ်တန်းကျေးရွာအုပ်စု — ကျေးရွာနေ ဦးဆူဘမ်းမှ အနီးရှိ ကျေးရွာတစ်ခုမှ ဘောလုံးပွဲ၌ ဈေးသွားရောက် ရောင်းချပြီးနောက် ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နေအိမ်တွင် သမီးဖြစ်သူ ဒေါ်ခင်ချိုသက်နှင့် မြေးတော်စပ်သူ မ— အသက်(၂) (မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး အဘိုးတော်စပ်သူနှင့် အဒေါ်တော်စပ်သူတို့နှင့် အတူနေထိုင်) တို့မှ ခြင်ထောင်တစ်လုံး၊ ဦးဆူဘမ်းမှ ခြင်ထောင်တစ်လုံးဖြင့် အိပ်စက်အနားယူခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြေးတော်စပ်သူ မ—အသက် (၂)နှစ်နှင့် အတူအိပ်စက်နေသည့် သမီးဖြစ်သူ ဒေါ်ခင်ချိုသက်မှာ မ— မှာ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းနေသည်ဟု ငိုယိုလျက် လာရောက်ခေါ်နှိုးသောကြောင့် မြေးတော်စပ်သူ မ—အား စစ်ဆေးကြည့်ရှု့ရာတွင် ဝဲဘက်နဖူးအစပ်တွင် ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ ဝဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာတစ်ချက်နှင့် မိန်းမအင်္ဂါစပ်မှ သွေးများယိုစီးပြီး သေဆုံးနေသည်ကို တွေ့ရသဖြင့် ဒေါ်ခင်ချိုသက်အား မေးမြန်းရာတွင် တစ်အိမ်တည်း သားမက်တော်စပ်သူ ဒေါ်ခင်ချိုသက်၏ ခင်ပွန်း ဦးမိုးကျော်မှ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မ—အား ဦးဆူဘမ်းဈေးရောင်းသည့် နေရာသို့ ခေါ်ဆောင်သွားပေးမည်ဟုဆိုကာ နေအိမ်မှခေါ်ဆောင်သွားကြောင်း၊ ဦးမိုးကျော်မှ ည ၁၀ နာရီအချိန်ခန့်တွင် မ— အား ပြန်လည်ပွေ့ချီကာ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး ဒေါ်ခင်ချိုသက်အား ကလေးဖြစ်သူ အိပ်နေတယ်ဟု ပြောဆိုကာ ခြင်ထောင်အတွင်းသို့ ထည့်သွင်းပေးခဲ့ကြောင်း၊ ယင်းနောက် ဒေါ်ခင်ချိုသက် အိပ်ယာဝင်သည့်အချိန်ထိ ဦးမိုးကျော်မှာ နေအိမ်အပြင်သို့ ထွက်ထိုင်နေခဲ့ပြီး မ– သေဆုံးနေကြောင်း သိရှိရချိန်တွင် ဦးမိုးကျော်မှာ နေအိမ်တွင် မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ဦးမိုးကျော်မှာ မ— အားနေအိမ်မှ ခေါ်ဆောင်သွားကာ သေဆုံးသည်အထိ သားမယားအဖြစ် ပြုကျင့်ခဲ့သည်ကို သိရှိရသောကြောင့် ဦးမိုးကျော်အား အရေးယူဆောင်ရွက်ပေးပါရန် ဒေါ်ခင်ချိုသက်မှ လူကောင်းကျွန်းနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရားခံက ထွက်ပြေးနေပါတယ်၊ သူသွားတတ်တဲ့ နေရာတွေကို အခု လိုက်ပြီး အဖွဲ့လိုက် စုံစမ်းနေပါတယ်၊ မိသားစုဝင် အချင်းချင်းမို့ စိတ်ချပြီးတော့ ထားရှိတာကနေ အခုလို ဖြစ်စဉ်မျိုး ဖြစ်ပွားလာတာလို့ ကနဦး စစ်ဆေးချက်များအရ သိရပါတယ်၊ တရားခံ ဖမ်းဆီးရမိဖို့ ကျွန်တော်တို့ အခြားသော နယ်မြေရဲစခန်းများ မြို့နယ် ခရိုင်များကိုပါ တင်ပြ အကူညီတောင်းခံပြီး လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်နေပါတယ်” ဟု လူကောင်းကျွန်း နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကံမင်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူကောင်းကျွန်းနယ်မြေ ရဲစခန်းမှ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဒေါ်ခင်ချိုသက်၏ သတင်းပေးတိုင်ကြားချက်အရ ကျူးလွန်သူဟု စွပ်စွဲခံရသူ ဦးမိုးကျော်အား (ပ) ၄/၂၀၁၇ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၃၇၆ များဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး ဦးမိုးကျော်အား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံရှာဖွေနေလျက်ရှိကြောင်း သိရသည်။


Credit: Eleven
Loading...