ေက်ာက္ေတာ္မဟာျမတ္မုနိဘုရားမွ စလြယ္ေတာ္၊ မကိုဠ္ေတာ္ႏွင့္ နားေဒါင္းေတာ္တို႔အား ဖယ္ရွား

_________________________________________________________

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိ မဟာျမတ္မုနိဘုရားအား မူလလက္ရာအတိုင္း အပူေဇာ္ခံႏိုင္ေရး အတြက္  တပ္မေတာ္အစိုးရလက္ထက္က လွဴဒါန္းထားခဲ့ေသာ မဟာမုနိစလြယ္ေတာ္၊ မကိုဠ္ေတာ္ႏွင့္ နားေဒါင္းေတာ္တို႔အား ျပည္သူမ်ား၏ ဆႏၵအတိုင္း ေဖေဖာ္၀ါရီ(၅)ရက္၊ညေန(၄း၃၀)နာရီအခ်ိန္က ဖယ္ ရွားေပးခဲ့ေၾကာင္း သိရွိရသည္။
မဟာျမတ္မုနိဘုရားတြင္ မူလကမပါရွိခဲ့ေသာ စလြယ္ေတာ္ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖယ္ရွားေပးေရး အတြက္  စစ္ေတြ၊ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပားၿမိဳ႕နယ္မ်ားမွ ေဒသခံေထာင္ခ်ီ၍ ေက်ာက္ေတာ္ၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီ(၅)ရက္ေန႔က ဆႏၵေဖာ္ထုတ္ခဲ့ရာ ဆရာေတာ္ႀကီးမ်ား၊ ေဒသ အာဏာပိုင္ႏွင့္ ျပည္သူမ်ား ေဆြးေႏြးညိွႏိႈင္းကာ တစ္ဆက္တည္း ဖယ္ရွားခဲ့ျခင္းျဖစ္သည္။
“ဆႏၵေဖာ္ထုတ္ၿပီး တဆက္တည္းပဲ မဟာမုနိရင္ျပင္မွာ ေဂါပကအဖဲြ႔အာဏာပိုင္ေတြနဲ႔ ဦးေဆာင္သူေတြ အားလံုး အျပင္းအထန္ ေဆြးေႏြးခဲ့ရတယ္။ ေနာက္ဆံုး လူတိုင္းေလးစားရတဲ့ ေရႊေက်ာင္း ဆရာေတာ္ႀကီး အဆံုးအျဖတ္ကို ခံယူဖို႔ သေဘာတူၾကတယ္။ ဆရာေတာ္ႀကီးက ျပည္သူေတြရဲ႕ ဆႏၵအတိုင္း လုပ္ေဆာင္ပါဆို ၿပီး မိန္႔ၾကားတဲ့အတြက္ ေအာင္ျမင္ခဲ့တယ္။”ဟု ေက်ာက္ေတာ္ၿမိဳ႕မွ ဆႏၵထုတ္ေဖာ္ရာတြင္ ဦးေဆာင္သူ တစ္ဦးျဖစ္သည့္ ဦးေအးေစာက ေျပာသည္။
ထုိ႔ျပင္ ဆႏၵျပေတာင္းဆုိရာတြင္ ပါဝင္သည့္ ေရႊသကၤန္းဆက္ကပ္မလွဴရန္ကိစၥ၊ ဘုရားေဂါပကအဖဲြ႔ ျပန္လည္ ဖြဲ႔စည္းျခင္းႏွင့္ ဘုရားဘ႑ာေတာ္ ေငြစာရင္းကိစၥမ်ားတြင္ ပြင့္လင္းျမင္သာစြာ ေဆာင္ရြက္ေရး ကိစၥမ်ား ဆက္လက္ လုပ္ေဆာင္ရန္ က်န္ရွိေနေသးေၾကာင္း ဆႏၵထုတ္ေဖာ္သူတို႔က ဆိုသည္။
“အခုေတာ့ ဘုရားကို ေရွးမူလက္ရာအတိုင္းျဖစ္ေအာင္ လူထုအားနဲ႔ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့ပါၿပီ။  ေက်ာက္ေတာ္ၿမိဳ႕မွ ဆႏၵထုတ္ေဖာ္ရာတြင္ ဦးေဆာင္သူ ဦးေအးေစာက ေျပာသည္။  
လက္ရွိ ဖယ္ရွားခဲ့သည့္ စလြယ္ေတာ္၊ မကိုဠ္ေတာ္ႏွင့္ နားေဒါင္းတို႔မွာ တပ္မေတာ္အစိုးရ လက္ထက္တြင္ ဆင္ယင္ခဲ့ျခင္းျဖစ္ၿပီး ရခိုင္လူထုက ယၾတာလုပ္သည္ဟု ထင္ျမင္၍ ဖယ္ရွားခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ေက်ာက္ေတာ္မဟာျမတ္မုနိဘုရားေဂါပကအဖဲြ႔အေနျဖင့္ ေရႊသကၤန္း ဆက္လက္ ကပ္လွဴခြင့္ျပဳထား ေၾကာင္း သိရၿပီး ေဝဖန္မႈမ်ားႏွင့္ ၾကံဳေတြ႔ေနရေၾကာင္း သိရသည္။  
မဟာျမတ္မုနိဘုရားမွာ ဓည၀တီေခတ္တြင္ ရခိုင္ဘုရင္ စႏၵသူရိယမင္းမွ ရတနာကိုးပါးျဖင့္ သြန္းလုပ္ပူေဇာ္ ခဲ့သည့္ ဘုရားတစ္ဆူျဖစ္ေၾကာင္း သိရသည္။

thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။ 
Unicode

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားအား မူလလက်ရာအတိုင်း အပူဇော်ခံနိုင်ရေး အတွက်  တပ်မတော်အစိုးရလက်ထက်က လှူဒါန်းထားခဲ့သော မဟာမုနိစလွယ်တော်၊ မကိုဠ်တော်နှင့် နားဒေါင်းတော်တို့အား ပြည်သူများ၏ ဆန္ဒအတိုင်း ဖေဖော်ဝါရီ(၅)ရက်၊ညနေ(၄း၃၀)နာရီအချိန်က ဖယ် ရှားပေးခဲ့ကြောင်း သိရှိရသည်။
မဟာမြတ်မုနိဘုရားတွင် မူလကမပါရှိခဲ့သော စလွယ်တော်နှင့် ဆက်စပ်ပစ္စည်းများ ဖယ်ရှားပေးရေး အတွက်  စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များမှ ဒေသခံထောင်ချီ၍ ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီ(၅)ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ရာ ဆရာတော်ကြီးများ၊ ဒေသ အာဏာပိုင်နှင့် ပြည်သူများ ဆွေးနွေးညှိနှိုင်းကာ တစ်ဆက်တည်း ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
“ဆန္ဒဖော်ထုတ်ပြီး တဆက်တည်းပဲ မဟာမုနိရင်ပြင်မှာ ဂေါပကအဖွဲ့အာဏာပိုင်တွေနဲ့ ဦးဆောင်သူတွေ အားလုံး အပြင်းအထန် ဆွေးနွေးခဲ့ရတယ်။ နောက်ဆုံး လူတိုင်းလေးစားရတဲ့ ရွှေကျောင်း ဆရာတော်ကြီး အဆုံးအဖြတ်ကို ခံယူဖို့ သဘောတူကြတယ်။ ဆရာတော်ကြီးက ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပါဆို ပြီး မိန့်ကြားတဲ့အတွက် အောင်မြင်ခဲ့တယ်။”ဟု ကျောက်တော်မြို့မှ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးအေးစောက ပြောသည်။
ထို့ပြင် ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်သည့် ရွှေသင်္ကန်းဆက်ကပ်မလှူရန်ကိစ္စ၊ ဘုရားဂေါပကအဖွဲ့ ပြန်လည် ဖွဲ့စည်းခြင်းနှင့် ဘုရားဘဏ္ဍာတော် ငွေစာရင်းကိစ္စများတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရေး ကိစ္စများ ဆက်လက် လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။
“အခုတော့ ဘုရားကို ရှေးမူလက်ရာအတိုင်းဖြစ်အောင် လူထုအားနဲ့အောင်မြင်အောင် လုပ်နိုင်ခဲ့ပါပြီ။  ကျောက်တော်မြို့မှ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးအေးစောက ပြောသည်။  
လက်ရှိ ဖယ်ရှားခဲ့သည့် စလွယ်တော်၊ မကိုဠ်တော်နှင့် နားဒေါင်းတို့မှာ တပ်မတော်အစိုးရ လက်ထက်တွင် ဆင်ယင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်လူထုက ယတြာလုပ်သည်ဟု ထင်မြင်၍ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျောက်တော်မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့အနေဖြင့် ရွှေသင်္ကန်း ဆက်လက် ကပ်လှူခွင့်ပြုထား ကြောင်း သိရပြီး ဝေဖန်မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။  
မဟာမြတ်မုနိဘုရားမှာ ဓညဝတီခေတ်တွင် ရခိုင်ဘုရင် စန္ဒသူရိယမင်းမှ ရတနာကိုးပါးဖြင့် သွန်းလုပ်ပူဇော် ခဲ့သည့် ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။
Loading...