Breaking News
အဝတ်အစားအားလုံးချွတ်ပြီး အမြွှာလွယ်ထားတဲ့ဗိုက်ကို ပြသလိုက်တဲ့ ဘီယွန်းဆေး
Loading...
ဘီယွန်းဆေးဟာ အမြွှာကိုယ်ဝန်လွယ်ထားရကြောင်းပြီး ကိုယ်ဝန်ဆောင်ဗိုက်ကို ဖော်ပြလိုက်တဲ့ဓာတ်ပုံနဲ့တင် အင်စတာဂရမ်မှာ စံချိန်တင် Like ရရှိခဲ့ပေမဲ့ မကျေနပ်နိုင်သေးဘူးလားမသိပါဘူး။ အဲဒီပုံတင်ပြီး သိပ်မကြာခင်မှာပဲ သူမရဲ့ တစ်ကိုယ်လုံးကို ဖော်ပြထားတဲ့ ပုံတွေ ထွက်ပေါ်လို့ လာပါတယ်။
"ကျွန်မတို့ရဲ့အချစ်နဲ့ ပျော်ရွှင်မှုကို မျှဝေပေးချင်ပါတယ်။ ကျွန်မတို့တွေ နှစ်ကြိမ်တောင် ကောင်းချီးပေးခံလိုက်ရပါတယ်။ ကျွန်မတိုိ့မိသားစုမှာ နောက်ထပ် လူ ၂ ဦး တိုးလာတော့မှာဖြစ်တဲ့အတွက် အရမ်းကျေးဇူးတင်မိတယ်။ ဆုမွန်ကောင်းတွေ တောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ ဓာတ်ပုံအောက်မှာ ဘီယွန်းဆေးက စာရေးထားပါတယ်။
အဲဒီကြေညာချက်နဲ့အတူ ဘရာလေးနဲ့ အတွင်းခံလေးသာ ဝတ်ထားတဲ့ သူမရဲ့ဓာတ်ပုံကို တင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အဲဒီဓာတ်ပုံကို Like လုပ်သူ ၈.၂ သန်း ရှိနေပြီဖြစ်တဲ့အတွက် Like ၆.၃ သန်းနဲ့ အင်စတာဂရမ်မှာ Like အများဆုံးစံချိန်တင်ခဲ့တဲ့ ဆယ်လီနာဂိုးမက်စ်ရဲ့နာမည်ကျော် ကိုကာကိုလာ သောက်နေတဲ့ဓာတ်ပုံရဲ့စံချိန်ကို ချိုးလိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘီယွန်းဆေးဟာ မိသားစုနဲ့အတူ ဓာတ်ပုံတွေ အများကြီး ရိုက်ကူးခဲ့ပြီး တချို့ပုံတွေမှာဆိုရင် အဝတ်အစားတောင် လုံးလုံး ဝတ်မထားပါဘူး။ တစ်ပုံကဆိုရင် ၁၄၉၀ ခုနှစ်များအတွင်းက ရေးဆွဲခဲ့တယ်လို့ ယူဆရတဲ့ Sandro Botticelli ရဲ့ပန်းချီ The Birth of Venus လိုမျိုး ရိုက်ကူးထားတာကို တွေ့ရပါတယ်။
ဘီယွန်းဆေးဟာ အသက် ၄၇ နှစ်အရွယ် ရက်ပါ ဂျေဇီးနဲ့ ၂၀ဝ၈ ခုနှစ်က လက်ထပ်ခဲ့တာ ဖြစ်ပြီး အသက် ၅ နှစ်အရွယ် ဘလူးအိုင်ဗီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။
Loading...