Breaking News

ညစ်ညမ်းရုပ်ရှင်တွေထဲမှာပါဝင်ဖို့ ငယ်ငယ်တည်းကမိသားစုရဲ့ တွန်းအားပေးခံခဲ့ရသူ


Loading...

လိင်ကျွန်အဖြစ် ရောင်းချခံခဲ့ရပြီး၊ နှစ်ပေါင်းများစွာ အမျိုးသားတွေရဲ့ ပျော်တော်ဆက်အဖြစ် ဖြတ်သန်းခဲ့ရတဲ့ Jessa Dillow Crisp လို့ အမည်ရတဲ့ အသက် 29 နှစ်အရွယ် အမျိုးသမီးဟာ အသက် ဆယ်နှစ်ဝန်းကျင်လောက်ကတည်းက သူမရဲ့ မိသားစုဝင်တွေရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရတယ်လို့ ထပ်မံဖွင့်ဟခဲ့ပါတယ်။
သူမဟာ လိင်ကျွန်ဘ၀နဲ့ နိုင်ငံတော်တော်များများဆီကို ရောင်းစားခံခဲ့ရပြီး 2010 ခုနှစ်မှာ လိင်ကျွန်ဘ၀က လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ အသက် 10 နှစ်ဝန်းကျင်မှာ မိသားစုဝင်တစ်ယောက်ရဲ့ အဓမ္မကျင့်ခြင်းကို ပထမဆုံး ခံခဲ့ရပြီး၊ အဲဒီနောက်မှာတော့ မိသားစုဝင်တွေက သူမကို ကလေးအပြာရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။
သူမဟာ ကနေဒါနိုင်ငံက မြို့တော်တော်များများမှာ ကျင်လည်ခဲ့ရပြီး အသက်ကြီးကြီးအဖိုးတွေသာ မက ရဲသားတွေကပါ သူမနဲ့ ဆက်ဆံခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေကိုပါ ပြုစုခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။ Crisp က ” ရက်စက်မှုတွေကတော့ စကားလုံးနဲ့ ဖော်ပြဖို့ မလုံလောက်ပါဘူး .. ယောက်ျားတွေသာမက မိန်းမတွေကိုပါ အသုံးတော်ခံခဲ့ရတာပါ “လို့ သူမက Global Citizen တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
Crisp က ဆက်လက်ပြီး ” ရဲတွေကလည်း ကျွန်မရဲ့ ဖောက်သည်တွေပါဘဲ … လက်ထိပ်ခတ်တယ် .. လေးငါးယောက် အဓမ္မ၀ိုင်းကျင့်တယ် … တစ်ခြားသူကို ပြောရဲပြောကြည့် ထောင်ချပစ်မယ်လို့လည်း ကြိမ်းဝါးခံရတယ် “လို့ ပြောကြားခဲ့ပါတယ်။ အခုအခါမှာ Crisp ဟာ Clinical Counseling ဘာသာရပ်နဲ့ မဟာတန်းကို တက်ရောက်နေပြီး၊ PhD ဘွဲ့ကိုပါ ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Crisp ဟာ လိင်ကျွန်အဖြစ်မှာ 2010 ခုနှစ်မှာ လွတ်ကင်းခဲ့ပြီး၊ ထိုစဉ်က လူကုန်ကူးမှုတိုက်ဖြတ်ရေး လုပ်ဆောင်နေတဲ့ ပရဟိတအမျိုးသမီးတစ်ယောက်နဲ့ ဆက်သွယ်နိုင်ခဲ့ရာကနေ ကယ်တင်ခံခဲ့ရပါတယ်။ သူမဟာ ယခင်ကလည်း ဒီအကြောင်းတွေကို ထုတ်ဖော်ခဲ့ဖူးပြီး၊ လိင်ကျွန်အဖြစ် ရောင်းချခံရတဲ့ အမျိုးသမီးတွေကို စာနာနိုင်ဖို့ ထုတ်ဖော်ခြင်းသာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။
မဒီလေး (Shwemom)
Loading...