Breaking News


ေမာင္ေတာၿမိဳ႕နယ္ ၊ ေလယာဥ္ကြင္းေက်းရြာအနီး၌ အမ်ိဳးသမီးအေလာင္းတစ္ေလာင္းေတြ႕ရိွ


Loading...

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ အလယ္သံေက်ာ္ေက်းရြာ အုပ္စု ေလယာဥ္ကြင္း ေက်းရြာအနီးရိွ ပင္လယ္ကမ္းစပ္၌ ေဖေဖာ္ဝါရီ ၁ရက္ မြန္းလြဲပုိင္းက အမည္မသိ အမ်ိဳးသမီး အေလာင္းတစ္ေလာင္း ေတြ႕ရိွခဲ့ေၾကာင္း သိရသည္။
အဆိုပါအေလာင္းကို ဗ်ဴဟာကုန္းေက်းရြာေန အတာ႐ူေဆာင္းမွ ေဖေဖာ္ဝါရီ ၁ ရက္မြန္းလြဲ ၁၂ နာရီခြဲခန္႔တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး အေလာင္းအား အလယ္သံေက်ာ္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕စခန္း စခန္းမွဴး မွ ေမာင္ေတာ ေဆးရံုသို႔ ပို႔ေဆာင္စစ္ေဆးခဲ့သည္။
ေမာင္ေတာၿမိဳ႕နယ္ေဆး႐ုံမွ စစ္ေဆးခ်က္အရ အေလာင္းမွာ ျပင္ပဒဏ္ရာမရွိ၊ နား၊ ႏွာေခါင္း၊ ပါးစပ္တုိ႔မွ ေသြးယုိစီးလ်က္ ေသဆုံးေနသည္ကို ေတြ႔ရွိရၿပီး အေလာင္းတြင္ ေရႊဟုယူဆရသည့္ နားကြင္း (၁)ရံႏွင့္ လက္ေကာက္ (၈) ကြင္းတုိ႔အား သက္ေသမ်ားေရွ႕တြင္ ရွာေဖြပုံစံျပဳလုပ္၍ သိမ္းဆည္းခဲ႔သည္။
အမည္မသိအမ်ိဳးသမီးအေလာင္းအား ရဲေဆးစာႏွင့္အတူ ေမာင္ေတာျပည္သူ ႔ေဆးရုံသုိ႔ ပုိ႔ေဆာင္ ခဲ့ၿပီး တာဝန္က်ဆရာဝန္မွ လက္ခံစမ္းသပ္ စစ္ေဆးခဲ႔ရာ ေရနစ္ေသဆုံးခဲ႔သည္မွာ မွန္ကန္ေၾကာင္း သိရွိ ရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အလယ္သံေက်ာ္ ရဲစခန္းမွဴးက ေသမႈေသခင္း အမႈ ဖြင့္လွစ္ထားေၾကာင္း သိရသည္။
(ႏုိင္ငံေတာ္အတိုင္ပင္ခံရုံး သတင္းထုတ္ျပန္ေရးေကာ္မတီ)
Image may contain: one or more people

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာ အုပ်စု လေယာဉ်ကွင်း ကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်၌ ဖေဖော်ဝါရီ ၁ရက် မွန်းလွဲပိုင်းက အမည်မသိ အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ဗျူဟာကုန်းကျေးရွာနေ အတာရူဆောင်းမှ ဖေဖော်ဝါရီ ၁ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းအား အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း စခန်းမှူး မှ မောင်တော ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။
မောင်တောမြို့နယ်ဆေးရုံမှ စစ်ဆေးချက်အရ အလောင်းမှာ ပြင်ပဒဏ်ရာမရှိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးယိုစီးလျက် သေဆုံးနေသည်ကို တွေ့ရှိရပြီး အလောင်းတွင် ရွှေဟုယူဆရသည့် နားကွင်း (၁)ရံနှင့် လက်ကောက် (၈) ကွင်းတို့အား သက်သေများရှေ့တွင် ရှာဖွေပုံစံပြုလုပ်၍ သိမ်းဆည်းခဲ့သည်။
အမည်မသိအမျိုးသမီးအလောင်းအား ရဲဆေးစာနှင့်အတူ မောင်တောပြည်သူ ့ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး တာဝန်ကျဆရာဝန်မှ လက်ခံစမ်းသပ် စစ်ဆေးခဲ့ရာ ရေနစ်သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း သိရှိ ရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အလယ်သံကျော် ရဲစခန်းမှူးက သေမှုသေခင်း အမှု ဖွင့်လှစ်ထားကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာ အုပ်စု လေယာဉ်ကွင်း ကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်၌ ဖေဖော်ဝါရီ ၁ရက် မွန်းလွဲပိုင်းက အမည်မသိ အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ဗျူဟာကုန်းကျေးရွာနေ အတာရူဆောင်းမှ ဖေဖော်ဝါရီ ၁ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းအား အလယ်သံကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း စခန်းမှူး မှ မောင်တော ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။
မောင်တောမြို့နယ်ဆေးရုံမှ စစ်ဆေးချက်အရ အလောင်းမှာ ပြင်ပဒဏ်ရာမရှိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးယိုစီးလျက် သေဆုံးနေသည်ကို တွေ့ရှိရပြီး အလောင်းတွင် ရွှေဟုယူဆရသည့် နားကွင်း (၁)ရံနှင့် လက်ကောက် (၈) ကွင်းတို့အား သက်သေများရှေ့တွင် ရှာဖွေပုံစံပြုလုပ်၍ သိမ်းဆည်းခဲ့သည်။
အမည်မသိအမျိုးသမီးအလောင်းအား ရဲဆေးစာနှင့်အတူ မောင်တောပြည်သူ ့ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး တာဝန်ကျဆရာဝန်မှ လက်ခံစမ်းသပ် စစ်ဆေးခဲ့ရာ ရေနစ်သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း သိရှိ ရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အလယ်သံကျော် ရဲစခန်းမှူးက သေမှုသေခင်း အမှု ဖွင့်လှစ်ထားကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

Loading...