အဆိပ္ျပင္း ခေလာက္ေႁမြ ၂၄ ေကာင္ အိမ္ထဲေရာက္လုိ႔ အိမ္သားမ်ား ထိတ္လန္႔

_________________________________________________________
အေမရိကန္ႏုိင္ငံ တကၠဆက္ျပည္နယ္ ဘက္ဖဲလုိးဂက္ပ္ၿမိဳ႕အနီး ဂ်ဳံးေဒသက အိမ္တအိမ္ထဲ အဆိပ္ျပင္းတဲ့ ခေလာက္ေႁမြ ၂၄ ေကာင္ ဝင္ေရာက္ခဲ့ၿပီး အဲဒီအထဲက တေကာင္ဟာ သူတို႔ရဲ႕ ေရအိမ္ထဲကို ေရာက္လာလုိ႔ အိမ္သားေတြ အႀကီးအက်ယ္ထိတ္လန္႔ခဲ့ၾကပါတယ္။
ခေလာက္ေႁမြတေကာင္ကို ေရအိမ္ေႂကြခြက္ထဲမွာ ေတြ႔သလို ေနာက္ထပ္ ခေလာက္ေႁမြ ၁၃ ေကာင္ကိုလည္း ေျမေအာက္ခန္းထဲက ရွာေတြ႔တာပါ။ အဲဒီေနာက္ ေႁမြအေကာင္ေပါက္ေလး ၅ ေကာင္အပါအဝင္ ေနာက္ထပ္ ခေလာက္ေႁမြ ၁၀ ေကာင္ကို အိမ္ရဲ႕အုတ္ျမစ္ခ်ထားတဲ့ ေနရာမွာ ထပ္မံေတြ႔ခဲ့တာျဖစ္ေၾကာင္း ေမရာရဲ႕ ေဖေဖာ္ဝါရီ ၃ ရက္ေန႔သတင္းမွာ ေဖာ္ျပထားပါတယ္။
အဲဒီေဒသက ကူးစက္ျပန္႔ပြားတတ္တဲ့ ေရာဂါေတြကို ထိန္းခ်ဳပ္တဲ့ Big Country Snake Removal ကုမၸဏီကို ေႁမြေတြဖယ္ရွားဖုိ႔ ေႁမြဝင္တဲ့ မိသားစုေတြက ဖုန္းေခၚခဲ့တာလုိ႔ သိရပါတယ္။
ေရအိမ္ေႂကြခြက္ထဲကုိ ဝင္လာတဲ့ ခေလာက္ေႁမြကေတာ့ ကြဲေနတဲ့ ပုိက္လုိင္းထဲကေန ဝင္လာတာလုိ႔ ယူဆေနၾကပါတယ္။
ေႁမြေတြကို ဖယ္ရွားေပးတဲ့ ကုမၸဏီကလည္း သူတုိ႔ေႁမြဖမ္းတဲ့ ပံုေတြနဲ႔ “ၿပီးခဲ့တဲ့အပတ္က ဂ်ဳံးေဒသ အိမ္တစ္အိမ္ထဲက ေရအိမ္ေႂကြခြက္ထဲကို ေႁမြဝင္ေနလုိ႔ က်ေနာ္တုိ႔ကို မိသားစုဝင္ေတြက ဖုန္းေခၚခဲ့တယ္၊ ဟုတ္ပါတယ္၊ သူတို႔ရဲဲဲ႕ ေရအိမ္ ေႂကြခြက္ထဲမွာပါ” ဆုိတဲ့စာကို ေဖ့စ္ဘြတ္ခ္စာမ်က္ထက္မွာ တင္ထားလည္း ေတြ႔ရပါတယ္။
“ေႁမြက ေပါက္ေနတဲ့ ပိုက္ကေန ဝင္လာတာ၊ က်ေနာ္တုိ႔ အဲ့အေပါက္ကို ပိတ္လုိက္တယ္၊ မိသားစုေတြကလည္း ႏွစ္ေတြ အေတာ္ၾကာမွ ဒီေႁမြကို ပထမဦးဆံုးအေနနဲ႔ သူတုိ႔အိမ္ထဲမွာ ေတြ႔တာ။”
“က်ေနာ္ေရာက္သြားေတာ့ ျပႆနာတက္ေနတဲ့ေနရာကို ခ်က္ျခင္း သတိထားမိတယ္။ အလိုလုိသိစိတ္က က်ေနာ့္ကို ေျမေအာက္ခန္းကိုပဲ တုိက္ရုိက္ေရာက္သြားေစတယ္၊ အဲ့ေနရာမွာ ေနာက္ထပ္ အရြယ္ေရာက္ ခလာက္ေႁမြ ၁၃ ေကာင္ကုိ ေတြ႔တယ္။ လံုၿခံဳစိတ္ခ်စြာနဲ႔ပဲ ဖယ္ရွားလုိက္ႏုိင္ပါတယ္။ ေနာက္ထပ္ က်ေနာ္ အိမ္ရဲ႕ေအာက္ဘက္အုတ္ျမစ္ေနရာကို တြားသြားၿပီး ေႁမြေပါက္ေလး ၅ ေကာင္အပါအဝင္ ေနာက္ထပ္ ၁၀ ေကာင္၊ စုစုေပါင္း ၂၄ ေကာင္ ဖယ္ရွားေပးႏုိင္ခဲ့တယ္၊ မိသားစုဝင္ေတြကေတာ့ ဘယ္လုိမွ ေတြးမထားဘူး” လုိ႔ ကုမၸဏီရဲ႕ ေႁမြဖယ္ရွားသူက ရွင္းျပပါတယ္။
“ဒါဘယ္လုိျဖစ္ႏုိင္မလဲဗ်ာ၊ အမွန္က ရွင္းရွင္းေလးပါ၊ ခေလာက္ေႁမြေတြက လွ်ိဳ႕ဝွက္ဆန္းၾကယ္တယ္။ သူတုိ႔က မျမင္ေအာင္ ေနတတ္တယ္။ အဲဒါကပဲ သူတုိ႔အသက္ရွင္ေနထုိင္နည္းပဲ။ ခင္ဗ်ား သူတုိ႔ကို မျမင္တာနဲ႔ဘဲ  အဲဒီခေလာက္ေႁမြေတြ မရွိဘူးလုိ႔ေတာ့ မေျပာႏုိင္ဘူး” လုိ႔ ေႁမြဖယ္ရွားသူက ရွင္းျပခဲ့ပါတယ္။
http://burmese.dvb.no/archives/187510


Unicode
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဘက်ဖဲလိုးဂက်ပ်မြို့အနီး ဂျုံးဒေသက အိမ်တအိမ်ထဲ အဆိပ်ပြင်းတဲ့ ခလောက်မြွေ ၂၄ ကောင် ဝင်ရောက်ခဲ့ပြီး အဲဒီအထဲက တကောင်ဟာ သူတို့ရဲ့ ရေအိမ်ထဲကို ရောက်လာလို့ အိမ်သားတွေ အကြီးအကျယ်ထိတ်လန့်ခဲ့ကြပါတယ်။

ခလောက်မြွေတကောင်ကို ရေအိမ်ကြွေခွက်ထဲမှာ တွေ့သလို နောက်ထပ် ခလောက်မြွေ ၁၃ ကောင်ကိုလည်း မြေအောက်ခန်းထဲက ရှာတွေ့တာပါ။ အဲဒီနောက် မြွေအကောင်ပေါက်လေး ၅ ကောင်အပါအဝင် နောက်ထပ် ခလောက်မြွေ ၁၀ ကောင်ကို အိမ်ရဲ့အုတ်မြစ်ချထားတဲ့ နေရာမှာ ထပ်မံတွေ့ခဲ့တာဖြစ်ကြောင်း မေရာရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီဒေသက ကူးစက်ပြန့်ပွားတတ်တဲ့ ရောဂါတွေကို ထိန်းချုပ်တဲ့ Big Country Snake Removal ကုမ္ပဏီကို မြွေတွေဖယ်ရှားဖို့ မြွေဝင်တဲ့ မိသားစုတွေက ဖုန်းခေါ်ခဲ့တာလို့ သိရပါတယ်။

ရေအိမ်ကြွေခွက်ထဲကို ဝင်လာတဲ့ ခလောက်မြွေကတော့ ကွဲနေတဲ့ ပိုက်လိုင်းထဲကနေ ဝင်လာတာလို့ ယူဆနေကြပါတယ်။

မြွေတွေကို ဖယ်ရှားပေးတဲ့ ကုမ္ပဏီကလည်း သူတို့မြွေဖမ်းတဲ့ ပုံတွေနဲ့ “ပြီးခဲ့တဲ့အပတ်က ဂျုံးဒေသ အိမ်တစ်အိမ်ထဲက ရေအိမ်ကြွေခွက်ထဲကို မြွေဝင်နေလို့ ကျနော်တို့ကို မိသားစုဝင်တွေက ဖုန်းခေါ်ခဲ့တယ်၊ ဟုတ်ပါတယ်၊ သူတို့ရဲ့ ရေအိမ် ကြွေခွက်ထဲမှာပါ” ဆိုတဲ့စာကို ဖေ့စ်ဘွတ်ခ်စာမျက်ထက်မှာ တင်ထားလည်း တွေ့ရပါတယ်။

“မြွေက ပေါက်နေတဲ့ ပိုက်ကနေ ဝင်လာတာ၊ ကျနော်တို့ အဲ့အပေါက်ကို ပိတ်လိုက်တယ်၊ မိသားစုတွေကလည်း နှစ်တွေ အတော်ကြာမှ ဒီမြွေကို ပထမဦးဆုံးအနေနဲ့ သူတို့အိမ်ထဲမှာ တွေ့တာ။”

“ကျနော်ရောက်သွားတော့ ပြဿနာတက်နေတဲ့နေရာကို ချက်ခြင်း သတိထားမိတယ်။ အလိုလိုသိစိတ်က ကျနော့်ကို မြေအောက်ခန်းကိုပဲ တိုက်ရိုက်ရောက်သွားစေတယ်၊ အဲ့နေရာမှာ နောက်ထပ် အရွယ်ရောက် ခလာက်မြွေ ၁၃ ကောင်ကို တွေ့တယ်။ လုံခြုံစိတ်ချစွာနဲ့ပဲ ဖယ်ရှားလိုက်နိုင်ပါတယ်။ နောက်ထပ် ကျနော် အိမ်ရဲ့အောက်ဘက်အုတ်မြစ်နေရာကို တွားသွားပြီး မြွေပေါက်လေး ၅ ကောင်အပါအဝင် နောက်ထပ် ၁၀ ကောင်၊ စုစုပေါင်း ၂၄ ကောင် ဖယ်ရှားပေးနိုင်ခဲ့တယ်၊ မိသားစုဝင်တွေကတော့ ဘယ်လိုမှ တွေးမထားဘူး” လို့ ကုမ္ပဏီရဲ့ မြွေဖယ်ရှားသူက ရှင်းပြပါတယ်။

“ဒါဘယ်လိုဖြစ်နိုင်မလဲဗျာ၊ အမှန်က ရှင်းရှင်းလေးပါ၊ ခလောက်မြွေတွေက လျှို့ဝှက်ဆန်းကြယ်တယ်။ သူတို့က မမြင်အောင် နေတတ်တယ်။ အဲဒါကပဲ သူတို့အသက်ရှင်နေထိုင်နည်းပဲ။ ခင်ဗျား သူတို့ကို မမြင်တာနဲ့ဘဲ  အဲဒီခလောက်မြွေတွေ မရှိဘူးလို့တော့ မပြောနိုင်ဘူး” လို့ မြွေဖယ်ရှားသူက ရှင်းပြခဲ့ပါတယ်။