Breaking News


လင္မယားႏွစ္ဦး လိင္ဆက္ဆံ ေနပံုကို ဗီဒီယို ခိုး႐ိုက္ခဲ့လုိ႔ ဓားထိုးခံရ


Loading...

သူတစ္ပါးလိင္ကိစၥအား ေခ်ာင္းေျမာင္း ၾကည့္႐ွဳ တတ္သူတစ္ဦးသည္ ၎၏ အိမ္နီးခ်င္း လင္မယား လိင္ဆက္ဆံေနၾကပံုကို ေခ်ာင္း ေျမာင္းကာ ဗီဒီယို ႐ိုက္ကူးခဲ့ရာ အဆိုပါ အိမ္နီး ခ်င္းမွ ေဒါသထြက္ကာ ဓားျဖင့္ ထိုးသတ္ခဲ့ျခင္းကို ခံခဲ့ရသည္။

အိမ္နီးခ်င္းလင္မယား လိင္ဆက္ဆံေန သည့္ ဗီဒီယိုအား ထိုအိမ္နီးခ်င္း၏ သားကိုပင္ ျပသခဲ့သည့္ အဆိုပါ လိင္ကိစၥ ေခ်ာင္းေျမာင္း ၾကည့္႐ွဳသူမွာ La Kampo ဆိုသူ ျဖစ္သည္။ ရဲမွ အသက္ ၄၄ ႏွစ္ရွိၿပီျဖစ္ေသာ အဆိုပါ အိမ္နီးခ်င္းအား ဓားထိုးမႈျဖင့္ ဖမ္းဆီးခဲ့ၿပီး La Kampo ၏ အေလာင္းကိုမူ ေဆး႐ံုသို႔ ပို႔ေဆာင္ခဲ့သည္။

ဧၿပီလ ၁၉ ရက္ေန႔ ည ၇း၃၀ ခန္႔တြင္ La Kampo သည္ ဂ်လန္း အူတာရာရွိ ၎တို႔ရြာရွိ အိမ္နီးခ်င္း၏အိမ္သို႔ သြားေရာက္ခဲ့ၿပီး စကား စျမည္ ေျပာဆိုၿပီးေနာက္ အိမ္နီးခ်င္းတို႔၏ အ၀တ္ အစားမပါေသာ ဗီဒီယိုမ်ား ႐ိုက္ကူးထားမႈ အေၾကာင္းကို ၁၇ ႏွစ္ အရြယ္ရွိ အိမ္နီးခ်င္း၏ သားျဖစ္သူအား ေျပာျပခဲ့သည္။

သားျဖစ္သူ ၎အား မသိက်ဳိးကၽြန္ျပဳ ေသာအခါ La Kampo သည္ မီတာ ၂၀ ေ၀းေသာ ၎၏အိမ္သုိ႔ ျပန္လာခဲ့သည္။ အိမ္နီးခ်င္းသည္ La Kampo ၏ အိမ္ သုိ႔ သြားခဲ့ၿပီး ေဒါသအလြန္ထြက္ကာ ဓားျဖင့္ ထပ္တလဲလဲ ထိုးခဲ့ဟန္တူသည္။

La Kampo သည္ အဆင့္ဆင့္ ထိုး သြင္းထားေသာ ဓားဒဏ္ရာမ်ားႏွင့္ ေသြးအိုင္ထဲ တြင္ ေသဆံုးသြားခဲ့သည္။ အဆိုပါ အိမ္နီးခ်င္းသည္ လူသတ္မႈ က်ဴးလြန္ခဲ့ေသာ ဓားကိုယူကာ အခင္းျဖစ္ၿပီး နာရီပိုင္းအတြင္း ရဲစခန္းသုိ႔ ထြက္လာခဲ့သည္။

ဆန္ဒါကန္းရဲအရာရွိ Rowell Marong မွ ေျပာၾကားရာတြင္ ႏွစ္ဦးစလံုးမွာ အင္ဒိုနီးရွား လူမ်ဳိးမ်ားျဖစ္ၿပီး အလုပ္ၾကမ္းသမား မ်ားျဖစ္ သည္ဟု ဆိုသည္။
NZL
http://www.thadinatin.com/

သူတစ်ပါးလိင်ကိစ္စအား ချောင်းမြောင်း ကြည့်ရှု တတ်သူတစ်ဦးသည် ၎င်း၏ အိမ်နီးချင်း လင်မယား လိင်ဆက်ဆံနေကြပုံကို ချောင်း မြောင်းကာ ဗီဒီယို ရိုက်ကူးခဲ့ရာ အဆိုပါ အိမ်နီး ချင်းမှ ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကို ခံခဲ့ရသည်။

အိမ်နီးချင်းလင်မယား လိင်ဆက်ဆံနေ သည့် ဗီဒီယိုအား ထိုအိမ်နီးချင်း၏ သားကိုပင် ပြသခဲ့သည့် အဆိုပါ လိင်ကိစ္စ ချောင်းမြောင်း ကြည့်ရှုသူမှာ La Kampo ဆိုသူ ဖြစ်သည်။ ရဲမှ အသက် ၄၄ နှစ်ရှိပြီဖြစ်သော အဆိုပါ အိမ်နီးချင်းအား ဓားထိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး La Kampo ၏ အလောင်းကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့ ည ၇း၃၀ ခန့်တွင် La Kampo သည် ဂျလန်း အူတာရာရှိ ၎င်းတို့ရွာရှိ အိမ်နီးချင်း၏အိမ်သို့ သွားရောက်ခဲ့ပြီး စကား စမြည် ပြောဆိုပြီးနောက် အိမ်နီးချင်းတို့၏ အဝတ် အစားမပါသော ဗီဒီယိုများ ရိုက်ကူးထားမှု အကြောင်းကို ၁၇ နှစ် အရွယ်ရှိ အိမ်နီးချင်း၏ သားဖြစ်သူအား ပြောပြခဲ့သည်။

သားဖြစ်သူ ၎င်းအား မသိကျိုးကျွန်ပြု သောအခါ La Kampo သည် မီတာ ၂၀ ဝေးသော ၎င်း၏အိမ်သို့ ပြန်လာခဲ့သည်။ အိမ်နီးချင်းသည် La Kampo ၏ အိမ် သို့ သွားခဲ့ပြီး ဒေါသအလွန်ထွက်ကာ ဓားဖြင့် ထပ်တလဲလဲ ထိုးခဲ့ဟန်တူသည်။

La Kampo သည် အဆင့်ဆင့် ထိုး သွင်းထားသော ဓားဒဏ်ရာများနှင့် သွေးအိုင်ထဲ တွင် သေဆုံးသွားခဲ့သည်။ အဆိုပါ အိမ်နီးချင်းသည် လူသတ်မှု ကျူးလွန်ခဲ့သော ဓားကိုယူကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ရဲစခန်းသို့ ထွက်လာခဲ့သည်။

ဆန်ဒါကန်းရဲအရာရှိ Rowell Marong မှ ပြောကြားရာတွင် နှစ်ဦးစလုံးမှာ အင်ဒိုနီးရှား လူမျိုးများဖြစ်ပြီး အလုပ်ကြမ်းသမား များဖြစ် သည်ဟု ဆိုသည်။
NZL
http://www.thadinatin.com/

Loading...