Breaking News


အသက္ ၉ႏွစ္အရြယ္ (၃)တန္းေက်ာင္းသူေလးအား လည္ပင္းညႇစ္၍ အဓမၼျပဳက်င့္ရန္ ၾကံစည္မႈ ျဖစ္ပြား

Loading...

ေက်ာင္းလႊတ္ခ်ိန္ သူငယ္ခ်င္းမ်ားအား ေနအိမ္သို႔ လိုက္ပို႔သည့္ အသက္ ၉ႏွစ္အရြယ္ (၃)တန္းေက်ာင္းသူေလးအား အသက္(၁၇)ႏွစ္အရြယ္ လူငယ္တစ္ဦးမွ ပါးစပ္ပိတ္၊ လက္ဆြဲေခၚၿပီး ခ်ံဳပုတ္အတြင္း လည္ပင္းညႇစ္၍ အဓမၼျပဳက်င့္ရန္ ၾကံစည္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၇ရက္ေန႔၊ ညေန ၃နာရီ ၃၀မိနစ္ခန္႔အခ်ိန္က ပဲခူးၿမိဳ  ့၊ ကလ်ာဏီရပ္ကြက္၊ နန္း ဦး(၇)လမ္းေန ေဒၚေအးေငြသည္ ေနအိမ္၌ ရွိေနစဥ္ ရပ္ကြက္ႀကီး(၁)၊ ေျမတိုင္း (၂)ေန ဦးသန္းထြန္းေရာက္ရွိလာၿပီး ခင္ဗ်ားတူမေလး အိမ္ေရာက္ေနတယ္ လိုက္ၾကည့္ဦးဟုဆိုသျဖင့္ ဦးသန္းထြန္းေနအိမ္သို႔ သြားေရာက္ၾကည့္ရႈရာ ပဲခူးၿမိဳ႕၊မဇင္း(က)၊ အလက(ခြဲ)ေက်ာင္းတြင္ ပညာသင္ၾကားလၽွက္ရွိသည့္ (၃)တန္းေက်ာင္းသူ (အတူေန) တူျဖစ္သူမ..........၉ႏွစ္၊(ဘ)ဦးမင္းသိန္းအားေတြ႕ရွိ၍ ေမးျမန္းရာ ၄င္း၏ေက်ာင္းမွ သူငယ္ခ်င္းမ်ားျဖစ္ၾကၾကသည့္ မအိလင္းမြန္(၉)ႏွစ္၊ ေမာင္ၾကယ္စင္ဟိန္း(၉)ႏွစ္၊ ေမာင္ၾကယ္စင္လင္း(၅)ႏွစ္တို႔အားေနအိမ္မ်ားသို႔
လိုက္ပို႔ရန္ ထြက္လာစဥ္ ရပ္ကြက္ႀကီး(၁)၊ ေျမတိုင္း(၂)၊ ၾကာကန္လမ္းအနီး အေရာက္တြင္(လူျမင္လၽွင္မွတ္မိသူ) အမ်ိဳးသားလူငယ္တစ္ဦးမွ ေနအိမ္တစ္အိမ္အတြင္းမွ ထြက္လာၿပီး မ...... အား လက္ဆြဲ၍ ဟိုဘက္ကို ခဏလိုက္ခဲ့ဟုေခၚေၾကာင္း၊ မ......မွ မလိုက္ႏိုင္ဘူး အိမ္ျပန္မယ္ဟုေျပာေသာ္လည္း ၄င္းလူငယ္မွ မ......၏ ပါးစပ္အား လက္ျဖင့္ပိတ္၍ ဆြဲေခၚသြားၿပီး ခ်ဳံပုတ္တစ္ခုအတြင္း အေရာက္တြင္ မ....အား ေငြတစ္ေထာင္က်ပ္ေပးခဲ့ေၾကာင္း၊ ၄င္းေနာက္ မ.....ဝတ္ဆင္ထားေသာ ေက်ာင္းစိမ္းေဘာင္းဘီရွည္အား ဆြဲခၽြတ္ကာ မ......၏ လည္ပင္းအားညႇစ္၍ သားမယားအျဖစ္ ျပဳက်င့္ရန္ ၾကံစည္စဥ္ မ.......မွာ ရုန္းကန္၍ေဘာင္းဘီအား အျမန္ဝတ္ၿပီး ထြက္ေျပးခဲ့ရာ ဦးသန္းထြန္း၏ေနအိမ္သို႔ ေရာက္ရွိခဲ့ေၾကာင္း တူမျဖစ္သူမ......မွ ေျပာျပ၍သိရွိခဲ့ရေၾကာင္း သိရသည္။

အမႈျဖစ္ပြားၿပီးေနာက္ မ.....ႏွင့္ အေဒၚျဖစ္သူေဒၚေအးေငြ၊ ရပ္ကြက္အတြင္းရွိ လူမ်ားလိုက္လံစုံစမ္းရာ မ.......အားေခၚေဆာင္သြားသူမွာ ပဲခူးၿမိဳ႕၊ရပ္ကြက္ႀကီး(၁)၊ ဘုရင့္ေနာင္လမ္းေန ေက်ာ္ေဝဇင္ ၁၇ႏွစ္၊(ဘ)ဦးေသာင္းေငြ(က်ဘမ္းလုပ္၊ဗမာ/ဗုဒၶ)ျဖစ္ေၾကာင္း စုံစမ္းသိရွိခဲ့သည္ဟု သိရသည္။

အဆိုပါအမႈႏွင့္ပတ္သက္၍ တူမျဖစ္သူမ........အား သားမယားအျဖစ္ ျပဳက်င့္ရန္ၾကံစည္အားထုတ္သူ ေက်ာ္ေဝဇင္အေပၚ အေရးယူေပးပါရန္ ေဒၚေအးေငြမွ တိုင္တန္းသျဖင့္ ပဲခူးၿမိဳ႕၊အမွတ္(၂)နယ္ေျမရဲစခန္းမွ ေက်ာ္ေဝဇင္အား(ပ)၁၀၄/၂၀၁၇ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/၅၁၀ အရအမႈဖြင့္လွစ္ၿပီး အမႈအား ဒုရဲအုပ္ေက်ာ္သီဟမွ အမႈျဖင့္ ဖမ္းဆီးၿပီး စစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္းသိရသည္။

ဧရာ(ပဲခူး)
Ayya Bago Ayyabago
https://www.facebook.com/ayya.bago.77

Unicode

ကျောင်းလွှတ်ချိန် သူငယ်ချင်းများအား နေအိမ်သို့ လိုက်ပို့သည့် အသက် ၉နှစ်အရွယ် (၃)တန်းကျောင်းသူလေးအား အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးမှ ပါးစပ်ပိတ်၊ လက်ဆွဲခေါ်ပြီး ချုံပုတ်အတွင်း လည်ပင်းညှစ်၍ အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ရက်နေ့၊ ညနေ ၃နာရီ ၃၀မိနစ်ခန့်အချိန်က ပဲခူးမြို  ့၊ ကလျာဏီရပ်ကွက်၊ နန်း ဦး(၇)လမ်းနေ ဒေါ်အေးငွေသည် နေအိမ်၌ ရှိနေစဉ် ရပ်ကွက်ကြီး(၁)၊ မြေတိုင်း (၂)နေ ဦးသန်းထွန်းရောက်ရှိလာပြီး ခင်ဗျားတူမလေး အိမ်ရောက်နေတယ် လိုက်ကြည့်ဦးဟုဆိုသဖြင့် ဦးသန်းထွန်းနေအိမ်သို့ သွားရောက်ကြည့်ရှုရာ ပဲခူးမြို့၊မဇင်း(က)၊ အလက(ခွဲ)ကျောင်းတွင် ပညာသင်ကြားလျှက်ရှိသည့် (၃)တန်းကျောင်းသူ (အတူနေ) တူဖြစ်သူမ..........၉နှစ်၊(ဘ)ဦးမင်းသိန်းအားတွေ့ရှိ၍ မေးမြန်းရာ ၄င်း၏ကျောင်းမှ သူငယ်ချင်းများဖြစ်ကြကြသည့် မအိလင်းမွန်(၉)နှစ်၊ မောင်ကြယ်စင်ဟိန်း(၉)နှစ်၊ မောင်ကြယ်စင်လင်း(၅)နှစ်တို့အားနေအိမ်များသို့
လိုက်ပို့ရန် ထွက်လာစဉ် ရပ်ကွက်ကြီး(၁)၊ မြေတိုင်း(၂)၊ ကြာကန်လမ်းအနီး အရောက်တွင်(လူမြင်လျှင်မှတ်မိသူ) အမျိုးသားလူငယ်တစ်ဦးမှ နေအိမ်တစ်အိမ်အတွင်းမှ ထွက်လာပြီး မ...... အား လက်ဆွဲ၍ ဟိုဘက်ကို ခဏလိုက်ခဲ့ဟုခေါ်ကြောင်း၊ မ......မှ မလိုက်နိုင်ဘူး အိမ်ပြန်မယ်ဟုပြောသော်လည်း ၄င်းလူငယ်မှ မ......၏ ပါးစပ်အား လက်ဖြင့်ပိတ်၍ ဆွဲခေါ်သွားပြီး ချုံပုတ်တစ်ခုအတွင်း အရောက်တွင် မ....အား ငွေတစ်ထောင်ကျပ်ပေးခဲ့ကြောင်း၊ ၄င်းနောက် မ.....ဝတ်ဆင်ထားသော ကျောင်းစိမ်းဘောင်းဘီရှည်အား ဆွဲချွတ်ကာ မ......၏ လည်ပင်းအားညှစ်၍ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်စဉ် မ.......မှာ ရုန်းကန်၍ဘောင်းဘီအား အမြန်ဝတ်ပြီး ထွက်ပြေးခဲ့ရာ ဦးသန်းထွန်း၏နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း တူမဖြစ်သူမ......မှ ပြောပြ၍သိရှိခဲ့ရကြောင်း သိရသည်။

အမှုဖြစ်ပွားပြီးနောက် မ.....နှင့် အဒေါ်ဖြစ်သူဒေါ်အေးငွေ၊ ရပ်ကွက်အတွင်းရှိ လူများလိုက်လံစုံစမ်းရာ မ.......အားခေါ်ဆောင်သွားသူမှာ ပဲခူးမြို့၊ရပ်ကွက်ကြီး(၁)၊ ဘုရင့်နောင်လမ်းနေ ကျော်ဝေဇင် ၁၇နှစ်၊(ဘ)ဦးသောင်းငွေ(ကျဘမ်းလုပ်၊ဗမာ/ဗုဒ္ဓ)ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့သည်ဟု သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တူမဖြစ်သူမ........အား သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်အားထုတ်သူ ကျော်ဝေဇင်အပေါ် အရေးယူပေးပါရန် ဒေါ်အေးငွေမှ တိုင်တန်းသဖြင့် ပဲခူးမြို့၊အမှတ်(၂)နယ်မြေရဲစခန်းမှ ကျော်ဝေဇင်အား(ပ)၁၀၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၀ အရအမှုဖွင့်လှစ်ပြီး အမှုအား ဒုရဲအုပ်ကျော်သီဟမှ အမှုဖြင့် ဖမ်းဆီးပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဧရာ(ပဲခူး)
Ayya Bago Ayyabago
https://www.facebook.com/ayya.bago.77
Loading...