Breaking News


အသက္ ၁၈ ႏွစ္ျပည့္မွ ဖတ္ပါ (အမ်ိဳးသမီး ျပီးျခင္း Female orgasm


Loading...





“Orgasm ဆိုတာ လိင္စိတ္ႏိုးဆြရာက ျဖစ္လာတဲ့ အက်ိဳးရလဒ္ ဇီ၀ကမၼျဖစ္စဥ္တရပ္” လို႔ အဓိပၸါယ္ ဖြင့္ပါတယ္။ “လိင္ဆက္ဆံမႈ ျဖစ္စဥ္ရဲ႕ အဆံုးပိုင္း” လို႔ ေယဘူယ်ေျပာၾကေပမဲ့ အတိအက်ဆိုရင္ မဟုတ္ေသးပါ။ (မာစတာေဘးရွင္း) ကို ဆက္ဆံမႈတခုရဲ႕ အစိတ္အပိုင္းတခုျဖစ္ျဖစ္၊ အျပီးေရာက္သြားေအာင္ျဖစ္ျဖစ္ လုပ္လို႔ရတယ္။ တေယာက္တည္းက ျဖစ္ျဖစ္ တေယာက္မကျဖစ္ျဖစ္၊ အဂၤါတမ်ိဳးထဲသံုးျပီး ရရွိႏိုင္လို႔ ျဖစ္ပါတယ္။ Orgasm က်ား-မ ႏွစ္မ်ိဳး ရွိတာထဲက “မ” နဲ႔ ပတ္သက္တာကိုသာ ေရြးေရးပါမယ္။

အျပီးေရာက္ဘို႔ ေယာက္်ား ၂-၅ မိနစ္၊ မိန္းမ ၂၀ မိနစ္ၾကာတယ္လို႔ ဆိုတယ္။ သုေတသန အမ်ိဳးမ်ိဳးက ကိန္းဂဏန္း အမ်ိဳးမ်ိဳး ထုတ္တယ္။ မတူၾကဘူး။ မတူတဲ့ အထဲမွာ တူတာက “အမ်ိဳးသမီးမ်ားဟာ ေယာက္်ား တခါျပီးတိုင္း၊ သူတို႔ တခါမျပီးပါ။” ထပ္တူေသးျပန္တာက “မိန္းမေတြ ရာႏံႈးတခ်ိဳ႕ (၇-၁၀%) က တခါမွ မတခါဘူး။” တခ်ိဳ႕ဆိုရင္ Orgasm ျဖစ္ရမွန္းကိုေတာင္မွ မသိရွာၾကပါ။

စိတ္ပ်က္စရာ မေကာင္းတာကေတာ့ အမ်ိဳးသမီးမ်ားဟာ ျပီးမသြားေပမဲ့ အမ်ားအားျဖင့္ ေက်နပ္မႈရၾကတယ္။ ပူးကပ္-ပြတ္သပ္မႈ၊ ယုယ-အႏွစ္သက္ခံရမႈ၊ စတာေတြအေပၚမွာ တန္ဘိုးၾကီးၾကီးထားတယ္။ နဲနဲလြဲေနတာတခုက “မိန္းမ ျပီးတာကို မိန္းမထက္ ေယာက္်ားက ပိုျဖစ္ေစခ်င္ေနတတ္တယ္။” အမ်ိဳးသမီး မျပီးတာက ငါ့ေၾကာင့္လား။ သူ႔ေၾကာင့္လား ေတြးလာလို႔ပါ။

၁၉၆၀ ခုႏွစ္မွာ က်ား ၃၁၂ နဲ႔ မ ၃၈၂ ကို Orgasm ျဖစ္ရင္ ဘာေတြ ျဖစ္လာသလဲဆိုတာ စမ္းသပ္ျပီး၊ ထုတ္ျပန္တာက “စိတ္လႈတ္ရွားမႈ အရွိန္တက္လာ၊ ေသြးစီးဆင္းမႈ မ်ားလာ၊ ဒီအဆင့္မွာ တန္းေနရာကေန (ေအာ္ဂဇင္) ျဖစ္လာျပီး၊ ေနာက္ဆံုး အားလံုး ျပန္ေလွ်ာ့က်သြားတယ္။” လို႔ ဆိုပါတယ္။ ၁၀ ႏွစ္ၾကာေတာ့ အမ်ိဳးသမီး သုေတသီတေယာက္ကေန ထပ္ျဖည့္တာက “စိတ္လႈတ္ရွားမႈထဲမွာ စိုးရိမ္မႈ၊ ခုခံႏိုင္စြမ္းမဲ့မႈနဲ႔ အျပန္အလွန္ ေျပာဆိုႏိုင္စြမ္းမရွိမႈ ေတြေၾကာင့္ လိင္စိတ္ကို နည္းေစႏိုင္သလို၊ (ေအာ္ဂဇင္) ရမွာကိုပါ တားဆီးေစႏိုင္တယ္။” တဲ့။

ေနာက္ ၁၀ ႏွစ္ၾကာျပန္ေတာ့ အမ်ိဳးသမီးပညာရွင္ တေယာက္က “Desire ဆႏၵက Arousal စိတ္ျဖစ္ေပၚမႈ နဲ႔ Orgasm ျပီးဆံုးျခင္းကို သက္ေရာက္ေစတာ မွန္ေပမဲ့၊ Orgasm ဟာ အထြတ္အထိပ္ မဟုတ္ဘူး။ ဆက္ဆံမႈ အဆင့္တဆင့္မွာလည္း ေက်နပ္မႈ ရေစႏိုင္တယ္” လို႔ ယူဆပါသတဲ့။ (ေအာ္ဂဇင္) ဟာ သာယာမႈအထြတ္အထိပ္လို႔ အလြယ္ေျပာတာ သိပ္မမွန္ပါ။ အဓမၼျပဳက်င့္တာ ခံရတဲ့အခါ ရွက္စိတ္နဲ႔ေရာျပီး၊ “အနည္းအပါး” ျဖစ္သြားတတ္ေသးတယ္။

Orgasm ဟာ က်န္းမာေရးအတြက္ အမ်ားၾကီး အေထာက္အကူျပဳပါတယ္။ ၁၉၉၇ တံုးက British Medical Journal မွာ အသက္ ၄၅-၅၉ ရွိသူ ေယာက္်ား ၉၁၈ ဦးကို ၁၀ ႏွစ္တာ စမ္းသပ္တဲ့အခါ၊ Orgasms နည္းနည္းသာ ျဖစ္ခဲ့သူေတြက ပိုျပီး အသက္တိုတယ္။ လိင္ဆက္ဆံမႈ ရွိခဲ့သူေတြမွာ ႏွလံုးေရာဂါျဖစ္တာလည္း ထက္၀က္ နည္းတယ္လို႔ ေရးခဲ့တယ္။ (ကလိုရီ) အမ်ားၾကီး သံုးျပစ္လို႔ အေလးခ်ိန္ က်ေစႏိုင္တယ္။

အမ်ိဳးသမီးမွာ Orgasm ရရင္ ကေလးရႏိုင္လမ္း ပိုမ်ားေစတယ္လို႔ ဆိုတယ္။ အဲဒီခ်ိန္မွာ သူ႔ေမြးလမ္းက ပိုတိုသြားတဲ့ျပင္ စုပ္အား ျဖစ္လာလို႔တဲ့။ ဒါကို မွန္းေျပာၾကတာေတာ့ မဟုတ္ဘူး။ ၁၉၉၄ တံုးက (ေဗာ္လန္တီယာ) အမ်ိဳးသမီးေတြကို လိင္ဆက္ဆံေနတံုး (ဗဂ်ိဳင္းနား) ထဲမွာ Fiber optic cameras ထည့္ထားျပီး ေလ့လာတာပါ။

ဒီအဆင့္ ေရာက္ေတာ့မယ္ ဆိုတာကို သူမကိုယ္တိုင္ သိတယ္။ Sex flush မ်က္ႏွာနီျမန္းလာမယ္။ Clitoris သန္မာလာျပီး၊ အတြင္းကို ငံု႔လာတယ္။ Vagina ပိုစိုစြပ္လာျပီး၊ ႏုတ္ခမ္းၾကြက္သားငယ္က အေရာင္ရင့္ လာမယ္။ အ၀ပိုင္းက ၾကံဳ႔-ၾကပ္လာျပီး၊ က်န္အပိုင္းက ပိုရွည္၊ ပိုက်ယ္၊ ပိုေဖါင္းၾကြလာတယ္။ ရင္သားထိပ္ တင္းေတာင့္လာတယ္။ သားအိမ္၊ ေမြးလမ္း၊ စအို၊ တင္ပါးဆံုထဲက ၾကြက္သားေတြ “အလိုအေလ်ာက္” စည္းခ်က္က်က် ၾကံဳ႕လာတယ္။ ႏွလံုးခုန္ႏံႈး ျမန္လာတယ္။ အသက္ရွဴတာ ျမန္လာ-ျပင္းလာတယ္။ ဒါ့ျပင္ သားအိမ္ကပါ ၃-၁၅ ခါေလာက္ ၾကံဳ႕လာတယ္။ ကေလးဖြါးခ်ိန္ ထြက္တဲ့ Oxytocin ေဟာ္မုန္း ထြက္လာတယ္။ သာယာမႈ အထြတ္အထိပ္ကို ခံစားရတယ္။ Euphoric sensation “ပီတိလႊမ္းျဖာ ခံစားမႈပါ” လို႔ ေျပာႏိုင္တယ္။

ေယာက္်ားေတြလို ပန္းထြက္တာမ်ိဳး အမ်ိဳးသမီးကလည္း အဆံုးသတ္မွာ Ejaculation ျဖစ္ႏိုင္တယ္လို႔ ဆိုၾကတယ္။ ဆီးသြားျပြန္ေဘးက Ducts ငယ္ေလးေတြကေန ဆီးသြားသလို အရည္ထြက္လာတဲ့။ ျငင္းေနၾကဆဲပါ။

Orgasm ကိုေတာ့ လူတိုင္းလိုလိုက သိၾကတယ္။ Anorgasmia, Ejaculatory Anhedonia, Inorgasmia ဆိုတဲ့ ေဆးေ၀ါဟာရေတြကိုေတာ့ ဆရာ၀န္တခ်ိဳ႕ေတာင္မွ သိပ္ သတိမထားမိတတ္ၾကပါ။ Orgasm မျဖစ္တာကို ေခၚတာပါ။

အမ်ိဳးသမီး ျပီးစီးေအာင္ ဘယ္လို ၾကံေဆာင္မလဲ။ Clitoris က အေရးပါလာတယ္။ (ကလိုက္ေတာရစ္) ဟာ အမ်ိဳးသား လိင္အဂၤါနဲ႔ ခႏၶာေဗဒအရ တသေဘာတည္း ျဖစ္တယ္။ သူ႔အေရးပါမႈကို အမ်ားက လက္ခံၾကတယ္။ Freud's theory အရ Clitoral orgasm (ကလိုက္ေတာရစ္) ေက်နပ္မႈ နဲ႔ Vaginal orgasm (ဗဂ်ိဳင္းနား) ေက်နပ္မႈ ဆိုျပီး၊ ႏွစ္မ်ိဳး ခြဲထားတယ္။ ပဌမ အမ်ိဳးအစားဟာ အပ်ိဳျဖစ္ခ်ိန္မွာ ျဖစ္တာနဲ႔ ေနာက္တမ်ိဳးက အရြယ္ေရာက္ျပီးသူေတြနဲ႔ ဆိုင္တယ္။ အပ်ိဳစစ္စစ္ ျဖစ္အံုးေတာ့ Clitoris ကို ႏိုးဆြရင္ (ေအာ္ဂဇင္) ရေစႏိုင္တာျဖစ္ျပီး၊ ေနာက္ တမ်ိဳးမွာေတာ့ (ဗဂ်ိဳင္းနား) ကို အသံုးခ်မွ ရတာျဖစ္တယ္။

ဒီ (သီအိုရီ) အရဆိုရင္ အရြယ္ရွိသူေတြမွာ Clitoris ရဲ႕ အေရးပါမႈကို ေဘးခ်ိတ္ထားသလို ေျပာရာ က်ေနတယ္။ Clitoris မွာ ခံစားႏိုင္တဲ့ အာရံုေၾကာေတြ အမ်ားၾကီးရွိတာမို႔ ကလိရင္-ထိရင္ လိင္စိတ္ ၾကြေစတယ္။ ဆက္ဆံေနခ်ိန္မွာ ေနရာကို က်ားအဂၤါနဲ႔ ထိေစရင္ အဲဒီအက်ိဳးကို ရေစတယ္။ က်ားအဂၤါနဲ႔သာ မဟုတ္ပါ။ ကိုယ္တိုင္ျဖစ္ျဖစ္ ကရိယာနဲ႔ ျဖစ္ျဖစ္ ထိေစရင္လည္း ျဖစ္ပါတယ္။ ခံစားၾကပံုခ်င္း တဦးနဲ႔တဦး မတူဘူး။ တခ်ိဳ႕က ထိပ္ေနရာကို ဘယ္ေလာက္ ထိ-ကိုင္-ပြတ္သပ္ပါေစ ခံႏိုင္ေပမဲ့၊ တခ်ိဳ႕ၾက သိပ္ Sensative ျဖစ္တာမို႔ အသာအယာ မဟုတ္ရင္ နာတာျဖစ္ေစတယ္။ ျမင္ႏိုင္တဲ့ေနရာ သာမကပါ၊ အထဲမွာ အဂၤါအ၀ ေဘးတဖက္ဆီ ဆက္ဆင္းသြားတဲ့ ျမင္းခြါပံုလို (တစ္ရွဴး) ရွိေသးတယ္။ ဒီအစိတ္အပိုင္းကိုပါ ထိမိရင္ ခံစားမႈပိုေစတယ္။ နာတာလည္း မရွိဘူး။

ေနာက္ထပ္ အေရးပါတာ လာျပန္ပါေသးတယ္။ G-spot ဆိုတဲ့ေနရာကို Dr. Ernst Grafenberg ကေန စေျပာခဲ့တာမို႔ သူ႔နာမည္ကို ဂုဏ္ျပဳထားတာပါ။ လူေျပာမ်ားတယ္။ တကယ္ ရွိတယ္-မရွိဘူး၊ ရွိရင္လည္း ဘယ္မွာရွိလဲ၊ ျငင္းေနၾကတံုးဘဲ။ (ဗဂ်ိဳင္းနား) နံရံရဲ႕ ေရွ႕-အေပၚပိုင္း၊ ဆီးစပ္ရိုး ေအာက္-ေနာက္နားမွာလို႔ ေျပာတယ္။ ေနရာကို ႏွစ္ခြ ေရးရတာကေတာ့ ခႏၶာေဗဒကို စာသင္သလို ေျပာရရင္ လူတေယာက္ကို “မတ္တပ္ရပ္၊ ေရွ႕တည့္တည့္ၾကည့္၊ လက္ကို ဆန္႔တန္း၊ လက္၀ါးကို ျဖန္႔ျပီး ေရွ႕ကို မ်က္ႏွာမူတဲ့ အေနအထား” ေပၚ မူတည္ျပီး၊ တခုနဲ႔တခုကို ႏိႈင္းေျပာရတယ္။ ဆိုလိုတာက လက္ေျမွာက္ထားေပမဲ့ တံေတာင္ဆစ္ဟာ လက္ေကာက္၀တ္ရဲ႕ အထက္မွာ။ အိပ္ေနေန၊ မေနေန အမ်ိဳးသမီး ဆီးသြားလမ္းဟာ (ဗဂ်ိဳင္းနား)ရဲ႕ ေရွ႕မွာ ရွိတယ္လို႔ ေျပာရတယ္။

ရင္သား၊ တင္ပါး နဲ႔ စအိုတို႔ကလည္း လိင္စိတ္ၾကြေစတဲ့အျပင္ (ေအာ္ဂဇင္) အထိ အေထာက္အကူျပဳတယ္။ တခ်ိဳ႕မွာ Sexual dreams အိပ္မက္ေၾကာင့္လည္း ရေစႏိုင္တယ္။

စကားပံုတခုရွိတယ္။ “ေယာက္်ားသည္ မီး၊ မိန္းမသည္ ေရ” တဲ့။ မီးကေန ေရကို ပြက္ဆူေစရပါသတဲ့။ ဒီသေဘာအတိုင္း Orgasm ရေအာင္ ေယာက္်ားကေန စြမ္းေဆာင္ေပးဘို႔ လိုတယ္။ အမ်ိဳးသမီးေတြက စိတ္ျဖစ္ေပၚလာဘို႔ အခ်ိန္ ပိုယူတယ္။ သူတို႔အမ်ားစုက Foreplay ၾကိဳတင္ႏိုးဆြမႈ လုပ္တာကို အမ်ိဳးသားေတြထက္ ပိုသေဘာက်တယ္။ ဘယ္လို လုပ္သင့္တယ္ ဆိုတာ ေဆးပညာ မတတ္လည္း နားလည္ၾကတာမို႔ မေရးေတာ့ပါ။ ေရးခ်င္တာက “မေလာပါနဲ႔။ အတင္း မျဖစ္မေန Orgasm ရေအာင္ အလုပ္မခိုင္းပါနဲ႔။ OG သြားျပခိုင္းတာကို ေနာက္ဆံုးၾကမွ စဥ္းစားပါ။”

စိတ္တူသေဘာတူ ေယာက္်ား Orgasm ရတာကို အမ်ိဳးသမီးက သိပ္တန္ဘိုးထားတယ္။ သူ႔မအတြက္ပါ ေက်နပ္မႈ ျဖစ္ေစတယ္။ အမ်ိဳးသမီးေတြက တခါ Orgasm ရျပီး၊ ဆက္တိုက္ဆိုသလို စိတ္ျဖစ္ေပၚမႈ ျပန္ရလာတယ္။ ေယာက္်ားမ်ား ကေတာ့ တခါျပီးတဲ့ေနာက္ အခ်ိန္ ကန္႔လန္႔ကာ ခ်လိုက္ရေသးတယ္။ အမ်ိဳးသမီးေတြက “တဆက္တည္း” တခါမက ရႏိုင္တယ္။ Multiple orgasms ရွိတာ ေသျခာတယ္။ ေနာက္တခါ ထပ္ရတာက ပိုေတာင္ ျပင္းထံေသးတယ္။ ေနာက္ျပန္ရဘို႔က အရင္တခါေလာက္ အခ်ိန္မယူဘူး။ ဆိုင္ရာေနရာ-အဂၤါေတြက ပိုျပီး Sensitive ျဖစ္လာလို႔ပါ။ သူတို႔မွာ (ေအာ္ဂဇင္) ကို ခံစားရခ်ိန္ကလည္း အမ်ိဳးသားထက္ အခ်ိန္ပိုၾကာတယ္။ “ေယာက္်ားထက္အရင္ မိန္းမက Orgasm ရတာမ်ိဳးက (ပါဖက္) ျဖစ္တယ္လို႔ ဆိုႏိုင္တယ္။”

Orgasm ရေစခ်င္ရင္ အမ်ိဳးသမီးအေနနဲ႔ စိတ္ပိုင္းအေျခအေန လံုျခံဳမႈရွိေနေစသင့္တယ္။ အေဖၚမွာ STD ရွိသလား။ သူမ်ားေတြ ျမင္မွာေလလား။ Orgasm ဆိုတာက ဘယ္လိုက ဘယ္လို ဆိုတာကိုပါ သိသင့္တယ္။ အမ်ိဳးသမီးကို သူ႔ဖါသူ (မာစတာေဘးရွင္း) အလုပ္ခိုင္းဘို႔လည္း အၾကံေပးၾကတယ္။ Fantasies အဆန္းေတြလည္း တခ်ိဳ႕က သေဘာက်တယ္။ သူမ်ားၾကိဳက္တာက ကိုယ့္အတြက္ ေကာင္းခ်င္မွ ေကာင္းတာကို သတိျပဳပါ။ အေနအထား ေရြးတတ္ပါ။ “သူမကို ဦးေဆာင္ေစတာဟာ အေကာင္းဆံုး နည္းလမ္းျဖစ္တယ္။”

ေယာက္်ားေတြက Orgasm control လုပ္ႏိုင္တာ၊ အမ်ိဳးသမီးေတြက Orgasm မ်ားမ်ားရတာမ်ိဳးက အေတြ႔အၾကံဳနဲ႔ အသိတရားေပၚမွာ မူတည္တယ္။ အိမ္ေထာင္က်ခါစ မျဖစ္ေသးတာ လူလိုကိုယ္လိုပါ။ မိန္းကေလးေတြဟာ ငယ္ရင္ ျဖစ္သြားခဲ့တာကို သိခ်င္မွ သိအံုးမယ္။ သူ႔အဆင့္နဲ႔သူ တိုးတက္လာမွာပါ။ ျဖစ္ေစ-ေကာင္းေစ လုပ္ႏိုင္တဲ့ ေဆး၀ါးေတြလည္း ရွိေတာ့ရွိတယ္။ အမ်ားအားျဖင့္ တရားမ၀င္ေဆးေတြမို႔ မေရးေတာ့ပါ။ နာမည္ၾကီး Viagra နဲ႔ အလားတူ Vigora ေဆးေတြဟာ ပန္းညွိဳးေရာဂါအတြက္ ျဖစ္ပါတယ္။ ဒီေဆးက က်ားအဂၤါမွာ ေသြးပိုစီးေလွ်ာက္ေစတယ္။ စိတ္ျဖစ္ေပၚမႈကို အားေပးတာ မဟုတ္ဘူး။ ပန္းညွိဳးတာ မဟုတ္လည္း သံုးရင္ အခ်ိန္ၾကာၾကာ ေတာင့္တင္းေနေစတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးကို Orgasm ရေအာင္ ကူညီဘို႔ အခ်ိန္ပိုရေစႏိုင္တယ္။ တၾကိမ္မွာ ၅၀ မီလီဂရမ္ဆို လံုေလာက္တယ္။

ဒီအခ်ိန္မ်ိဳးေတြမွာ အမ်ိဳးသမီးကေန Cry and Moan အသံထြက္တာ၊ ေအာ္တာ၊ ငိုမလိုျဖစ္တာမ်ိဳးက တေယာက္နဲ႔ တေယာက္ မတူဘူး။ အသံလံုး၀ မထြက္သေလာက္နဲ႔ က်ယ္ေလာင္တာအထိ ကြာျခားတယ္။ တေယာက္တည္း ေတာင္မွ တခ်ိန္နဲ႔ တခ်ိန္၊ တရြယ္နဲ႔ တရြယ္ မတူဘူး။ ဒါရိုက္တာကေန မင္းသားကို ေျပာခ်င္တယ္ “သူမ်ားလို မဟုတ္လို႔ ကိုယ့္မင္းသမီးကို အထင္မေသးသင့္ဘူး။”

(ရွိတ္စပီးယား) ရဲ႕ (လိုင္း) ေတြရွိတယ္။ "I will live in thy heart, die in thy lap, and be buried in thy eyes" "I will die bravely, like a smug bridegroom" “သူမရဲ႕ ေပါင္ၾကားမွာဘဲ ေသသြားပါေစ။” “ငါဟာ ေသြးနားထင္ေရာက္ေနတဲ့ သတို႔သားလို သတၲိရွိရွိ ေသသြားမယ္။” တဲ့။

Dr. တင့္ေဆြ
၂-၆-၂၀၁၀

Unicode

“Orgasm ဆိုတာ လိင်စိတ်နိုးဆွရာက ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝကမ္မဖြစ်စဉ်တရပ်” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ “လိင်ဆက်ဆံမှု ဖြစ်စဉ်ရဲ့ အဆုံးပိုင်း” လို့ ယေဘူယျပြောကြပေမဲ့ အတိအကျဆိုရင် မဟုတ်သေးပါ။ (မာစတာဘေးရှင်း) ကို ဆက်ဆံမှုတခုရဲ့ အစိတ်အပိုင်းတခုဖြစ်ဖြစ်၊ အပြီးရောက်သွားအောင်ဖြစ်ဖြစ် လုပ်လို့ရတယ်။ တယောက်တည်းက ဖြစ်ဖြစ် တယောက်မကဖြစ်ဖြစ်၊ အင်္ဂါတမျိုးထဲသုံးပြီး ရရှိနိုင်လို့ ဖြစ်ပါတယ်။ Orgasm ကျား-မ နှစ်မျိုး ရှိတာထဲက “မ” နဲ့ ပတ်သက်တာကိုသာ ရွေးရေးပါမယ်။

အပြီးရောက်ဘို့ ယောကျာ်း ၂-၅ မိနစ်၊ မိန်းမ ၂၀ မိနစ်ကြာတယ်လို့ ဆိုတယ်။ သုတေသန အမျိုးမျိုးက ကိန်းဂဏန်း အမျိုးမျိုး ထုတ်တယ်။ မတူကြဘူး။ မတူတဲ့ အထဲမှာ တူတာက “အမျိုးသမီးများဟာ ယောကျာ်း တခါပြီးတိုင်း၊ သူတို့ တခါမပြီးပါ။” ထပ်တူသေးပြန်တာက “မိန်းမတွေ ရာနှုံးတချို့ (၇-၁၀%) က တခါမှ မတခါဘူး။” တချို့ဆိုရင် Orgasm ဖြစ်ရမှန်းကိုတောင်မှ မသိရှာကြပါ။

စိတ်ပျက်စရာ မကောင်းတာကတော့ အမျိုးသမီးများဟာ ပြီးမသွားပေမဲ့ အများအားဖြင့် ကျေနပ်မှုရကြတယ်။ ပူးကပ်-ပွတ်သပ်မှု၊ ယုယ-အနှစ်သက်ခံရမှု၊ စတာတွေအပေါ်မှာ တန်ဘိုးကြီးကြီးထားတယ်။ နဲနဲလွဲနေတာတခုက “မိန်းမ ပြီးတာကို မိန်းမထက် ယောကျာ်းက ပိုဖြစ်စေချင်နေတတ်တယ်။” အမျိုးသမီး မပြီးတာက ငါ့ကြောင့်လား။ သူ့ကြောင့်လား တွေးလာလို့ပါ။

၁၉၆၀ ခုနှစ်မှာ ကျား ၃၁၂ နဲ့ မ ၃၈၂ ကို Orgasm ဖြစ်ရင် ဘာတွေ ဖြစ်လာသလဲဆိုတာ စမ်းသပ်ပြီး၊ ထုတ်ပြန်တာက “စိတ်လှုတ်ရှားမှု အရှိန်တက်လာ၊ သွေးစီးဆင်းမှု များလာ၊ ဒီအဆင့်မှာ တန်းနေရာကနေ (အော်ဂဇင်) ဖြစ်လာပြီး၊ နောက်ဆုံး အားလုံး ပြန်လျှော့ကျသွားတယ်။” လို့ ဆိုပါတယ်။ ၁၀ နှစ်ကြာတော့ အမျိုးသမီး သုတေသီတယောက်ကနေ ထပ်ဖြည့်တာက “စိတ်လှုတ်ရှားမှုထဲမှာ စိုးရိမ်မှု၊ ခုခံနိုင်စွမ်းမဲ့မှုနဲ့ အပြန်အလှန် ပြောဆိုနိုင်စွမ်းမရှိမှု တွေကြောင့် လိင်စိတ်ကို နည်းစေနိုင်သလို၊ (အော်ဂဇင်) ရမှာကိုပါ တားဆီးစေနိုင်တယ်။” တဲ့။

နောက် ၁၀ နှစ်ကြာပြန်တော့ အမျိုးသမီးပညာရှင် တယောက်က “Desire ဆန္ဒက Arousal စိတ်ဖြစ်ပေါ်မှု နဲ့ Orgasm ပြီးဆုံးခြင်းကို သက်ရောက်စေတာ မှန်ပေမဲ့၊ Orgasm ဟာ အထွတ်အထိပ် မဟုတ်ဘူး။ ဆက်ဆံမှု အဆင့်တဆင့်မှာလည်း ကျေနပ်မှု ရစေနိုင်တယ်” လို့ ယူဆပါသတဲ့။ (အော်ဂဇင်) ဟာ သာယာမှုအထွတ်အထိပ်လို့ အလွယ်ပြောတာ သိပ်မမှန်ပါ။ အဓမ္မပြုကျင့်တာ ခံရတဲ့အခါ ရှက်စိတ်နဲ့ရောပြီး၊ “အနည်းအပါး” ဖြစ်သွားတတ်သေးတယ်။

Orgasm ဟာ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ၁၉၉၇ တုံးက British Medical Journal မှာ အသက် ၄၅-၅၉ ရှိသူ ယောကျာ်း ၉၁၈ ဦးကို ၁၀ နှစ်တာ စမ်းသပ်တဲ့အခါ၊ Orgasms နည်းနည်းသာ ဖြစ်ခဲ့သူတွေက ပိုပြီး အသက်တိုတယ်။ လိင်ဆက်ဆံမှု ရှိခဲ့သူတွေမှာ နှလုံးရောဂါဖြစ်တာလည်း ထက်ဝက် နည်းတယ်လို့ ရေးခဲ့တယ်။ (ကလိုရီ) အများကြီး သုံးပြစ်လို့ အလေးချိန် ကျစေနိုင်တယ်။

အမျိုးသမီးမှာ Orgasm ရရင် ကလေးရနိုင်လမ်း ပိုများစေတယ်လို့ ဆိုတယ်။ အဲဒီချိန်မှာ သူ့မွေးလမ်းက ပိုတိုသွားတဲ့ပြင် စုပ်အား ဖြစ်လာလို့တဲ့။ ဒါကို မှန်းပြောကြတာတော့ မဟုတ်ဘူး။ ၁၉၉၄ တုံးက (ဗော်လန်တီယာ) အမျိုးသမီးတွေကို လိင်ဆက်ဆံနေတုံး (ဗဂျိုင်းနား) ထဲမှာ Fiber optic cameras ထည့်ထားပြီး လေ့လာတာပါ။

ဒီအဆင့် ရောက်တော့မယ် ဆိုတာကို သူမကိုယ်တိုင် သိတယ်။ Sex flush မျက်နှာနီမြန်းလာမယ်။ Clitoris သန်မာလာပြီး၊ အတွင်းကို ငုံ့လာတယ်။ Vagina ပိုစိုစွပ်လာပြီး၊ နုတ်ခမ်းကြွက်သားငယ်က အရောင်ရင့် လာမယ်။ အဝပိုင်းက ကြုံ့-ကြပ်လာပြီး၊ ကျန်အပိုင်းက ပိုရှည်၊ ပိုကျယ်၊ ပိုဖေါင်းကြွလာတယ်။ ရင်သားထိပ် တင်းတောင့်လာတယ်။ သားအိမ်၊ မွေးလမ်း၊ စအို၊ တင်ပါးဆုံထဲက ကြွက်သားတွေ “အလိုအလျောက်” စည်းချက်ကျကျ ကြုံ့လာတယ်။ နှလုံးခုန်နှုံး မြန်လာတယ်။ အသက်ရှူတာ မြန်လာ-ပြင်းလာတယ်။ ဒါ့ပြင် သားအိမ်ကပါ ၃-၁၅ ခါလောက် ကြုံ့လာတယ်။ ကလေးဖွါးချိန် ထွက်တဲ့ Oxytocin ဟော်မုန်း ထွက်လာတယ်။ သာယာမှု အထွတ်အထိပ်ကို ခံစားရတယ်။ Euphoric sensation “ပီတိလွှမ်းဖြာ ခံစားမှုပါ” လို့ ပြောနိုင်တယ်။

ယောကျာ်းတွေလို ပန်းထွက်တာမျိုး အမျိုးသမီးကလည်း အဆုံးသတ်မှာ Ejaculation ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ ဆီးသွားပြွန်ဘေးက Ducts ငယ်လေးတွေကနေ ဆီးသွားသလို အရည်ထွက်လာတဲ့။ ငြင်းနေကြဆဲပါ။

Orgasm ကိုတော့ လူတိုင်းလိုလိုက သိကြတယ်။ Anorgasmia, Ejaculatory Anhedonia, Inorgasmia ဆိုတဲ့ ဆေးဝေါဟာရတွေကိုတော့ ဆရာဝန်တချို့တောင်မှ သိပ် သတိမထားမိတတ်ကြပါ။ Orgasm မဖြစ်တာကို ခေါ်တာပါ။

အမျိုးသမီး ပြီးစီးအောင် ဘယ်လို ကြံဆောင်မလဲ။ Clitoris က အရေးပါလာတယ်။ (ကလိုက်တောရစ်) ဟာ အမျိုးသား လိင်အင်္ဂါနဲ့ ခန္ဓာဗေဒအရ တသဘောတည်း ဖြစ်တယ်။ သူ့အရေးပါမှုကို အများက လက်ခံကြတယ်။ Freud's theory အရ Clitoral orgasm (ကလိုက်တောရစ်) ကျေနပ်မှု နဲ့ Vaginal orgasm (ဗဂျိုင်းနား) ကျေနပ်မှု ဆိုပြီး၊ နှစ်မျိုး ခွဲထားတယ်။ ပဌမ အမျိုးအစားဟာ အပျိုဖြစ်ချိန်မှာ ဖြစ်တာနဲ့ နောက်တမျိုးက အရွယ်ရောက်ပြီးသူတွေနဲ့ ဆိုင်တယ်။ အပျိုစစ်စစ် ဖြစ်အုံးတော့ Clitoris ကို နိုးဆွရင် (အော်ဂဇင်) ရစေနိုင်တာဖြစ်ပြီး၊ နောက် တမျိုးမှာတော့ (ဗဂျိုင်းနား) ကို အသုံးချမှ ရတာဖြစ်တယ်။

ဒီ (သီအိုရီ) အရဆိုရင် အရွယ်ရှိသူတွေမှာ Clitoris ရဲ့ အရေးပါမှုကို ဘေးချိတ်ထားသလို ပြောရာ ကျနေတယ်။ Clitoris မှာ ခံစားနိုင်တဲ့ အာရုံကြောတွေ အများကြီးရှိတာမို့ ကလိရင်-ထိရင် လိင်စိတ် ကြွစေတယ်။ ဆက်ဆံနေချိန်မှာ နေရာကို ကျားအင်္ဂါနဲ့ ထိစေရင် အဲဒီအကျိုးကို ရစေတယ်။ ကျားအင်္ဂါနဲ့သာ မဟုတ်ပါ။ ကိုယ်တိုင်ဖြစ်ဖြစ် ကရိယာနဲ့ ဖြစ်ဖြစ် ထိစေရင်လည်း ဖြစ်ပါတယ်။ ခံစားကြပုံချင်း တဦးနဲ့တဦး မတူဘူး။ တချို့က ထိပ်နေရာကို ဘယ်လောက် ထိ-ကိုင်-ပွတ်သပ်ပါစေ ခံနိုင်ပေမဲ့၊ တချို့ကြ သိပ် Sensative ဖြစ်တာမို့ အသာအယာ မဟုတ်ရင် နာတာဖြစ်စေတယ်။ မြင်နိုင်တဲ့နေရာ သာမကပါ၊ အထဲမှာ အင်္ဂါအဝ ဘေးတဖက်ဆီ ဆက်ဆင်းသွားတဲ့ မြင်းခွါပုံလို (တစ်ရှူး) ရှိသေးတယ်။ ဒီအစိတ်အပိုင်းကိုပါ ထိမိရင် ခံစားမှုပိုစေတယ်။ နာတာလည်း မရှိဘူး။

နောက်ထပ် အရေးပါတာ လာပြန်ပါသေးတယ်။ G-spot ဆိုတဲ့နေရာကို Dr. Ernst Grafenberg ကနေ စပြောခဲ့တာမို့ သူ့နာမည်ကို ဂုဏ်ပြုထားတာပါ။ လူပြောများတယ်။ တကယ် ရှိတယ်-မရှိဘူး၊ ရှိရင်လည်း ဘယ်မှာရှိလဲ၊ ငြင်းနေကြတုံးဘဲ။ (ဗဂျိုင်းနား) နံရံရဲ့ ရှေ့-အပေါ်ပိုင်း၊ ဆီးစပ်ရိုး အောက်-နောက်နားမှာလို့ ပြောတယ်။ နေရာကို နှစ်ခွ ရေးရတာကတော့ ခန္ဓာဗေဒကို စာသင်သလို ပြောရရင် လူတယောက်ကို “မတ်တပ်ရပ်၊ ရှေ့တည့်တည့်ကြည့်၊ လက်ကို ဆန့်တန်း၊ လက်ဝါးကို ဖြန့်ပြီး ရှေ့ကို မျက်နှာမူတဲ့ အနေအထား” ပေါ် မူတည်ပြီး၊ တခုနဲ့တခုကို နှိုင်းပြောရတယ်။ ဆိုလိုတာက လက်မြှောက်ထားပေမဲ့ တံတောင်ဆစ်ဟာ လက်ကောက်ဝတ်ရဲ့ အထက်မှာ။ အိပ်နေနေ၊ မနေနေ အမျိုးသမီး ဆီးသွားလမ်းဟာ (ဗဂျိုင်းနား)ရဲ့ ရှေ့မှာ ရှိတယ်လို့ ပြောရတယ်။

ရင်သား၊ တင်ပါး နဲ့ စအိုတို့ကလည်း လိင်စိတ်ကြွစေတဲ့အပြင် (အော်ဂဇင်) အထိ အထောက်အကူပြုတယ်။ တချို့မှာ Sexual dreams အိပ်မက်ကြောင့်လည်း ရစေနိုင်တယ်။

စကားပုံတခုရှိတယ်။ “ယောကျာ်းသည် မီး၊ မိန်းမသည် ရေ” တဲ့။ မီးကနေ ရေကို ပွက်ဆူစေရပါသတဲ့။ ဒီသဘောအတိုင်း Orgasm ရအောင် ယောကျာ်းကနေ စွမ်းဆောင်ပေးဘို့ လိုတယ်။ အမျိုးသမီးတွေက စိတ်ဖြစ်ပေါ်လာဘို့ အချိန် ပိုယူတယ်။ သူတို့အများစုက Foreplay ကြိုတင်နိုးဆွမှု လုပ်တာကို အမျိုးသားတွေထက် ပိုသဘောကျတယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာ ဆေးပညာ မတတ်လည်း နားလည်ကြတာမို့ မရေးတော့ပါ။ ရေးချင်တာက “မလောပါနဲ့။ အတင်း မဖြစ်မနေ Orgasm ရအောင် အလုပ်မခိုင်းပါနဲ့။ OG သွားပြခိုင်းတာကို နောက်ဆုံးကြမှ စဉ်းစားပါ။”

စိတ်တူသဘောတူ ယောကျာ်း Orgasm ရတာကို အမျိုးသမီးက သိပ်တန်ဘိုးထားတယ်။ သူ့မအတွက်ပါ ကျေနပ်မှု ဖြစ်စေတယ်။ အမျိုးသမီးတွေက တခါ Orgasm ရပြီး၊ ဆက်တိုက်ဆိုသလို စိတ်ဖြစ်ပေါ်မှု ပြန်ရလာတယ်။ ယောကျာ်းများ ကတော့ တခါပြီးတဲ့နောက် အချိန် ကန့်လန့်ကာ ချလိုက်ရသေးတယ်။ အမျိုးသမီးတွေက “တဆက်တည်း” တခါမက ရနိုင်တယ်။ Multiple orgasms ရှိတာ သေခြာတယ်။ နောက်တခါ ထပ်ရတာက ပိုတောင် ပြင်းထံသေးတယ်။ နောက်ပြန်ရဘို့က အရင်တခါလောက် အချိန်မယူဘူး။ ဆိုင်ရာနေရာ-အင်္ဂါတွေက ပိုပြီး Sensitive ဖြစ်လာလို့ပါ။ သူတို့မှာ (အော်ဂဇင်) ကို ခံစားရချိန်ကလည်း အမျိုးသားထက် အချိန်ပိုကြာတယ်။ “ယောကျာ်းထက်အရင် မိန်းမက Orgasm ရတာမျိုးက (ပါဖက်) ဖြစ်တယ်လို့ ဆိုနိုင်တယ်။”

Orgasm ရစေချင်ရင် အမျိုးသမီးအနေနဲ့ စိတ်ပိုင်းအခြေအနေ လုံခြုံမှုရှိနေစေသင့်တယ်။ အဖေါ်မှာ STD ရှိသလား။ သူများတွေ မြင်မှာလေလား။ Orgasm ဆိုတာက ဘယ်လိုက ဘယ်လို ဆိုတာကိုပါ သိသင့်တယ်။ အမျိုးသမီးကို သူ့ဖါသူ (မာစတာဘေးရှင်း) အလုပ်ခိုင်းဘို့လည်း အကြံပေးကြတယ်။ Fantasies အဆန်းတွေလည်း တချို့က သဘောကျတယ်။ သူများကြိုက်တာက ကိုယ့်အတွက် ကောင်းချင်မှ ကောင်းတာကို သတိပြုပါ။ အနေအထား ရွေးတတ်ပါ။ “သူမကို ဦးဆောင်စေတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။”

ယောကျာ်းတွေက Orgasm control လုပ်နိုင်တာ၊ အမျိုးသမီးတွေက Orgasm များများရတာမျိုးက အတွေ့အကြုံနဲ့ အသိတရားပေါ်မှာ မူတည်တယ်။ အိမ်ထောင်ကျခါစ မဖြစ်သေးတာ လူလိုကိုယ်လိုပါ။ မိန်းကလေးတွေဟာ ငယ်ရင် ဖြစ်သွားခဲ့တာကို သိချင်မှ သိအုံးမယ်။ သူ့အဆင့်နဲ့သူ တိုးတက်လာမှာပါ။ ဖြစ်စေ-ကောင်းစေ လုပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရှိတော့ရှိတယ်။ အများအားဖြင့် တရားမဝင်ဆေးတွေမို့ မရေးတော့ပါ။ နာမည်ကြီး Viagra နဲ့ အလားတူ Vigora ဆေးတွေဟာ ပန်းညှိုးရောဂါအတွက် ဖြစ်ပါတယ်။ ဒီဆေးက ကျားအင်္ဂါမှာ သွေးပိုစီးလျှောက်စေတယ်။ စိတ်ဖြစ်ပေါ်မှုကို အားပေးတာ မဟုတ်ဘူး။ ပန်းညှိုးတာ မဟုတ်လည်း သုံးရင် အချိန်ကြာကြာ တောင့်တင်းနေစေတယ်။ ဒါ့ကြောင့် အမျိုးသမီးကို Orgasm ရအောင် ကူညီဘို့ အချိန်ပိုရစေနိုင်တယ်။ တကြိမ်မှာ ၅၀ မီလီဂရမ်ဆို လုံလောက်တယ်။

ဒီအချိန်မျိုးတွေမှာ အမျိုးသမီးကနေ Cry and Moan အသံထွက်တာ၊ အော်တာ၊ ငိုမလိုဖြစ်တာမျိုးက တယောက်နဲ့ တယောက် မတူဘူး။ အသံလုံးဝ မထွက်သလောက်နဲ့ ကျယ်လောင်တာအထိ ကွာခြားတယ်။ တယောက်တည်း တောင်မှ တချိန်နဲ့ တချိန်၊ တရွယ်နဲ့ တရွယ် မတူဘူး။ ဒါရိုက်တာကနေ မင်းသားကို ပြောချင်တယ် “သူများလို မဟုတ်လို့ ကိုယ့်မင်းသမီးကို အထင်မသေးသင့်ဘူး။”

(ရှိတ်စပီးယား) ရဲ့ (လိုင်း) တွေရှိတယ်။ "I will live in thy heart, die in thy lap, and be buried in thy eyes" "I will die bravely, like a smug bridegroom" “သူမရဲ့ ပေါင်ကြားမှာဘဲ သေသွားပါစေ။” “ငါဟာ သွေးနားထင်ရောက်နေတဲ့ သတို့သားလို သတ္တိရှိရှိ သေသွားမယ်။” တဲ့။

Dr. တင့်ဆွေ
၂-၆-၂၀၁၀

Loading...