Breaking News


ဖိုးကေကို အလဲထိုး အနိုင်ယူပြီး ဒေ့ဗ်လက်ဒက် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံသရဖူ ကာကွယ် (ရုပ်သံ)

Loading...

ဂျပန်နိုင်ငံမြို့တော် တိုကျိုမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပတဲ့ Lethwei Legacy-2 ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက်က ပထမဆုံး သရဖူကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ဘက် ဒဂုံရွှေအောင်လံဆုရှင်ဟောင်း ဝါးရင်းတုတ်ဖိုးကေကို ဒုတိယအချီအတွင်း အလဲထိုး အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အရင်က မွေ့ထိုင်းကစားခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဒေ့ဗ်လက်ဒက်ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူကာ ချန်ပီယံဆုကို ရယူခဲ့တာ ဖြစ်ပါတယ်။
Loading...