Breaking News

ကသာၿမိဳ႕ရွိ ေနအိမ္တစ္အိမ္တြင္ လွ်ပ္စစ္မီးဘုတ္ခုံမွ ဝါယာေရွာ့ခ္ျဖစ္ကာ မီးေလာင္ကြ်မ္းမႈ ျဖစ္ပြား


Loading...

ကသာ၊ ေဖေဖာ္ဝါရီ(၆)ရက္။
စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕တြင္ ေဖေဖာ္ဝါရီ(၆)ရက္ နံနက္(၆း၃၀)နာရီအခ်ိန္ခန္႔က ေနအိမ္တစ္အိမ္တြင္ လွ်ပ္စစ္မီးဘုတ္ခုံမွ ဝါယာေရွာ့ခ္ျဖစ္ကာ မီးေလာင္မႈတစ္ခုျဖစ္ပြားခ့ဲေၾကာင္း ကသာၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ သိရွိရသည္။
ျဖစ္စဥ္မွာ ကသာၿမိဳ႕နယ္မီးသတ္စခန္းမွ (၂)ဖာလုံအကြာရွိ ရပ္ကြက္(၃) ေရႊေမတၲာလမ္း၊ အိမ္အမွတ္ (၁/၈၂) ေနအိမ္တြင္ မီးေလာင္မႈျဖစ္ပြားေနေၾကာင္း သတင္းရရွိသျဖင့္ မီးၿငိမ္းသတ္ယာဥ္ (၃)စီး၊ ေရသယ္ယာဥ္ (၂)စီး၊ သေႏၶတပ္ဖြဲ႔ဝင္ (၂၈)ဦး ေရဂါလံစုစုေပါင္း(၁၆၀၀)ဂါလံ၊ ျပည္သူလူထု(၃၀)ဦး ခန္႔ျဖင့္ မီးၿငိမ္းသတ္ခ႔ဲရေၾကာင္း သိရသည္။
“နံနက္(၆)နာရီခြဲမွာ ဖုန္းသတင္းရ ရျခင္း ခရိုင္ၿမိဳ႕နယ္အပါအဝင္ အရာရွိ(၄)ဦးနဲ႔ တပ္သား(၂၄)ဦးက မီးစစြဲအခ်ိန္မွာ ေရာက္သြားတယ္။ (၂)မိနစ္ေလာက္ၿငိမ္းလိုက္ရတယ္။ Leval အဆင့္(၁) မရွိပါဘူး။ အခ်ိန္မွီ ေရာက္သြားတာနဲ႔ ျပည္သူေတြလည္း ပါဝင္တာေၾကာင့္ပါ။”ဟု ကသာၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။
အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ စုစုေပါင္းဆုံးရႈံးမႈတန္ဖိုး(၆၀၀၀)က်ပ္ခန္႔ရွိၿပီး မီးေပါ့ဆစြာ သံုးစြဲသူ အိမ္ရွင္အား ကသာၿမိဳ႕မရဲစခန္းမွ (ပ) ၄၈/၂၀၁၇ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ -၂၈၅ ျဖင့္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

 ေနမ်ိဳးလွေရႊ (ျမစ္မခ)

thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။  
Unicode 

ကသာ၊ ဖေဖော်ဝါရီ(၆)ရက်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဖေဖော်ဝါရီ(၆)ရက် နံနက်(၆း၃၀)နာရီအချိန်ခန့်က နေအိမ်တစ်အိမ်တွင် လျှပ်စစ်မီးဘုတ်ခုံမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကသာမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
ဖြစ်စဉ်မှာ ကသာမြို့နယ်မီးသတ်စခန်းမှ (၂)ဖာလုံအကွာရှိ ရပ်ကွက်(၃) ရွှေမေတ္တာလမ်း၊ အိမ်အမှတ် (၁/၈၂) နေအိမ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မီးငြိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၂၈)ဦး ရေဂါလံစုစုပေါင်း(၁၆၀ဝ)ဂါလံ၊ ပြည်သူလူထု(၃၀)ဦး ခန့်ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“နံနက်(၆)နာရီခွဲမှာ ဖုန်းသတင်းရ ရခြင်း ခရိုင်မြို့နယ်အပါအဝင် အရာရှိ(၄)ဦးနဲ့ တပ်သား(၂၄)ဦးက မီးစစွဲအချိန်မှာ ရောက်သွားတယ်။ (၂)မိနစ်လောက်ငြိမ်းလိုက်ရတယ်။ Leval အဆင့်(၁) မရှိပါဘူး။ အချိန်မှီ ရောက်သွားတာနဲ့ ပြည်သူတွေလည်း ပါဝင်တာကြောင့်ပါ။”ဟု ကသာမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး(၆၀ဝ၀)ကျပ်ခန့်ရှိပြီး မီးပေါ့ဆစွာ သုံးစွဲသူ အိမ်ရှင်အား ကသာမြို့မရဲစခန်းမှ (ပ) ၄၈/၂၀၁၇ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
Loading...