Breaking News

ေမာင္ေတာအၾကမ္းဖက္တုိက္ခိုက္မႈမွာ ပါဝင္ခဲ့သူတစ္ဦးကို ေသဒဏ္ခ်မွတ္


Loading...

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ကိုးတန္ေကာက္နယ္ျခားေစာင့္ရဲစခန္းကို အၾကမ္းဖက္စီးနင္း တိုက္ခိုက္မႈမွာပါဝင္ခဲ့တဲ့ အသက္ ၂၃ ႏွစ္အရြယ္ မာမတ္ႏူရ္(ေခၚ)အူလာ ကို စစ္ေတြခ႐ိုင္တရား႐ံုးက ျပစ္မႈဆိုင္ရာဥပေဒ ပုဒ္မ-၃၀၂(၁)(ဂ)နဲ႔ ေသဒဏ္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။ေသဒဏ္ခ်မွတ္ခံရတဲ့ မာမတ္ႏူရ္ (ေခၚ) အူလာဟာ ေမာင္ေတာၿမိဳ႕နယ္ ေက်ာက္ျပင္ဆိပ္ရြာကျဖစ္ၿပီးၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ တရားရံုးက ေသဒဏ္ခ်မွတ္ခဲ့တာလို႔ ရဲအရာရွိေတြက ေတြကေျပာပါတယ္။ “သူတုိ႔ကို တရားလိုလုပ္ၿပီးစြဲတာက နယ္ျခားေစာင့္ရဲကေန တရားစြဲတာပါ။ မာမက္ႏူ(ခ)အူလာကုိ ပုဒ္ ၃၀၂ (၁) (ဂ) ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။ ေနာက္ထပ္စြဲဆိုထားတဲ့ အမႈေတြလည္းရွိပါတယ္။ ပုဒ္မ ၃၃၃/၃၄၊ လက္နက္ဥပေဒပုဒ္မ၂ (၁) (က)၊ ျပည္သူပိုင္ဥပေဒပုဒ္မ ၆ (၁)၊ မတရားအသင္းဆက္သြယ္မႈဥပေဒ ပုဒ္မ၁၇ (၁) တို႔ျဖင့္လည္း စြဲဆိုထားပါတယ္ ’’လုိ႔ စစ္ေတြတရား႐ံုး၊ မႈခင္းဌာနတာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၉ ရက္ေန႔က ေမာင္ေတာေဒသ နယ္ျခားေစာင့္ရဲကင္းေတြ တိုက္ခိုက္ခံရတဲ့ ျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႔က စစ္ေတြခ႐ိုင္တရား႐ံုးမွာ တရားစြဲဆိုထားသူ ၁၄ ဦးရွိၿပီး အဲဒီအထဲကတစ္ဦးကို ေသဒဏ္ခ်မွတ္လိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။Source : RFA,Mizzima
Unicode
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်ရဲစခန်းကို အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မာမတ်နူရ်(ခေါ်)အူလာ ကို စစ်တွေခရိုင်တရားရုံးက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၃၀၂(၁)(ဂ)နဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။သေဒဏ်ချမှတ်ခံရတဲ့ မာမတ်နူရ် (ခေါ်) အူလာဟာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ရွာကဖြစ်ပြီးပြီးခဲ့တဲ့ သောကြာနေ့မှာ တရားရုံးက သေဒဏ်ချမှတ်ခဲ့တာလို့ ရဲအရာရှိတွေက တွေကပြောပါတယ်။ “သူတို့ကို တရားလိုလုပ်ပြီးစွဲတာက နယ်ခြားစောင့်ရဲကနေ တရားစွဲတာပါ။ မာမက်နူ(ခ)အူလာကို ပုဒ် ၃၀၂ (၁) (ဂ) ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ထပ်စွဲဆိုထားတဲ့ အမှုတွေလည်းရှိပါတယ်။ ပုဒ်မ ၃၃၃/၃၄၊ လက်နက်ဥပဒေပုဒ်မ၂ (၁) (က)၊ ပြည်သူပိုင်ဥပဒေပုဒ်မ ၆ (၁)၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ၁၇ (၁) တို့ဖြင့်လည်း စွဲဆိုထားပါတယ် ’’လို့ စစ်တွေတရားရုံး၊ မှုခင်းဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က မောင်တောဒေသ နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်တွေခရိုင်တရားရုံးမှာ တရားစွဲဆိုထားသူ ၁၄ ဦးရှိပြီး အဲဒီအထဲကတစ်ဦးကို သေဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။Source : RFA,Mizzima


Loading...