ပြည့်ပြည့်…က ကိုနေဝင်း ရဲ့ပထမ အိမ်ထောင်နဲ့ မွေးတဲ့သမီး

Loading...
_________________________________________________________


ပြည့်ပြည့်…က ကိုနေဝင်း ရဲ့ပထမ အိမ်ထောင်နဲ့ မွေးတဲ့သမီးပါ၊…သူ(၁)တန်းအရွယ်လောက်မှာ အိမ်ထောင်ကွဲသွားတာလို့သိရပါတယ်။

အခု၁၀တန်း၊ သူ့အမေ့နဲအတူနေပါတယ်။
အမေကလည်း ကျန်းမာရေးမကောင်း၊ ချို့တဲ့စွာ နေရတဲ့ ကလေးပါ၊သူ့အဖေအခုလိုဆုံးပါးသွားတဲ့ အချိန် သမီးမိန်းကလေး သိတတ်နားလည်တဲ့ အရွယ် သူလည်း ခံစားရမှာပါ။သူ့အဖေရဲ့… နောက်ဆုံးခရီးကို လာတာတောင်… မဝံမရဲ နဲ့ အားငယ်နေရှာတဲ့ကလေးပါ…

အဖေရဲ့ နောက်ဆုံးခရီးကို လာတဲ့ သူ့ရဲ့… ပုံလေးတွေကို… တွေ့ပြီး…ဦးကိုကိုကြီး(၈၈မျိုးဆက်) ကနေတဆင့်… စုံစမ်းပြီး…ရောက်အောင်သွားခဲ့တာပါ…

ကိုလူမင်းတို့ကို…တွေ့တော့.ပြည့်ပြည့်လေးက… ဝမ်းနည်းဝမ်းသာ…မျက်ရည်တွေကျပါတယ်…
စိတ်မကောင်းစွာနဲ့ ကျမ သူ့မျက်ရည်တွေကို… သုတ်ပေးရင်း…အားမငယ်ဖို့၊စာပိုကြိုးစားဖို့၊… စိတ်ဓာတ်မာဖို့၊…ဘယ်တော့မှမသိမ်ငယ်ဖို့ကို…
ကိုလူမင်း ကလည်း…တော်တော်လေး…
အားပေးတယ်…သူ့ပညာရေးအတွက်လည်း…
အတတ်နိုင်ဆုံး…ကူညီပေးမှာပါ…

သူတို့ကို…အားပေးတဲ့သူလည်း…အင်မတန်…
နည်းရှာပါတယ်…ပြန်ခါနီးနှုတ်ဆက်တော့ပြည့်ပြည့်ရဲ့ အမေ…မျက်ဝန်းမှာ…မျက်ရည်စတွေနဲ့ပါ…
တော်တော်လေး… စိတ်မကောင်း ဖြစ်ရပါတယ်…

အိမ်ထောင်ရေး…ဆိုတာလည်း…အကြောင်း
အမျိုးမျိုးကြောင့်ကွဲတတ်ပါတယ်…ကလေးတွေက… ကြားကဘာအပြစ်မှမရှိပါ…တချို့တချို့တွေက…မသိပဲ…အဖေက…သူရဲကောင်း…ဖြစ်မှ…ပေါ်လာတယ်…ဆိုပြီး…ပြောနေကြတာဟာ…ပြည့်ပြည့်…သိတတ်နားလည်နေတဲ့အရွယ်…ထိခိုက်ခံစားရမှာစိုးလို့…သိသလောက်လေး… မျှမျှတတလေး…ရှင်းပြပေးတာပါ…

ဘယ်သူ့…ဘယ်သူကိုမှ…မထိခိုက်…
မနစ်နာစေချင်ပါ…ပြည်ပြည့်…အကြောင်းလေး… သိစေချင်လို့…ဒီစာလေးကိုရေးရတာပါ…
ကိုယ်ချင်းစာပေးပါစေ…လဲနေသူ…ထူပေးပါ…
အားငယ်သူ…အားပေးပါ…
#Credit- Ayarwady Lu Min
#Photo_Credit_U_MyatKhine_n_KoKoGyi
#Edkza@Thaw Zin Aung
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩