မခ်စ္မႏွစ္သက္တဲ့ ဆန႔္က်င့္ဘက္လိင္ ေယာက္်ားေပါင္းေျမာက္ျမားစြာရဲ႕ ကာမဆႏၵကုိ ျဖည္႔ဆည္းေပးရတဲ႔ အသက္၁၉ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္ရဲ႕ ျဖစ္ရပ္မွန္



_________________________________________________________
မခ်စ္မႏွစ္သက္တဲ့ ဆန႔္က်င့္ဘက္လိင္ ေယာက္်ားေပါင္းေျမာက္ျမားစြာရဲ႕ ကာမဆႏၵကုိ ျဖည္႔ဆည္းေပးရတဲ႔ အသက္၁၉ႏွစ္အရြယ္ မိန္းကေလးတစ္ေယာက္ရဲ႕ ျဖစ္ရပ္မွန္

ခႏၶာကိုယ္ေပၚမွာ ထင္ေနတဲ့ အမာ႐ြတ္ေတြကို ျပဖို႔ႀကိဳးစားရင္း၊ နာက်င္ခံစားခဲ့ရတာေတြကို ေျပာျပေနတဲ့ အခ်ိန္မွာ ေအးမြန္ဟာ လုံၿခဳံတဲ့ ေနရာတစ္ခုကို ေရာက္ရွိလို႔ေနပါၿပီ။ အသက္ ၁၉ ႏွစ္အ႐ြယ္ရွိတဲ့ ေအးမြန္ဟာ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ စားေသာက္ဆိုင္အမည္ခံ လိင္လုပ္ငန္းတစ္ခုမွာ ၃ လတာ ေနခဲ့ရသူ တစ္ဦးျဖစ္ပါတယ္။
စားေသာက္ဆိုင္မွာ ေနထိုင္ခဲ့ရတဲ့ ကာလေတြဟာ သူမအတြက္ေတာ့ ငရဲခန္းက်ေနခဲ့ရသလို မခ်စ္မႏွစ္သက္တဲ့ ဆန႔္က်င့္ဘက္လိင္ ေယာက္်ားေပါင္းေျမာက္ျမားစြာကို ဝန္ေဆာင္မႈေပးရင္း သူမရဲ႕ႏုပ်ိဳးျခင္းေတြ ကုန္ဆုံးခဲ့ရပါတယ္။
ေအးမြန္ရဲ႕ ငရဲခန္းဟာ ဆိုင္ေရွ႕မွာ ကာရံထားတဲ့ သံဆူးႀကိဳးေတြနဲ႕ ညနက္သန္းေခါင္ဆိုရင္ သံဆူးႀကိဳးေတြမွာ လွ်ပ္စစ္ဓါတ္ေတြ လႊတ္ထားပါတယ္။ ထြက္ေျပးလြတ္ေျမာက္ျခင္းေတြ မရွိေစဖို႔ ၿခံတြင္းနဲ႕ ဆိုင္းခန္းထဲမွာပါ ေစာင့္ၾကည့္ ကင္မရာေတြ တပ္ဆင္ထားသလို လုံၿခဳံေရး ေလးငါးဦးခန႔္လည္း ထားရွိထားတယ္လို႔လည္း လုံၿခဳံေရး တင္းၾကပ္စြာ ေနခဲ့ရတယ္လို႔ သိရပါတယ္။

The Root နဲ႕ ေတြ႕ဆုံေမးျမန္းေနတဲ့ အခ်ိန္မွာ ေအးမြန္ဟာ စစ္ေတြၿမိဳ႕နယ္ လူကုန္ကူးမႈဌာန တားဆီးကာကြယ္ေရး႐ုံးမွာ သူတို႔ ရင္ဆိုင္ခဲ့ရဲတဲ့ အျဖစ္အပ်က္ေတြကို ထြက္ဆိုေနတဲ့ အခ်ိန္ပဲျဖစ္ပါတယ္။ ေအးမြန္လို႔ အမည္ဝွက္ထားတဲ့ သူမဟာ ရခိုင္ျပည္နယ္ အတြင္းမွာ လူကုန္ကူးျခင္းကို ခံခဲ့ရေပမယ့္ သူရဲ႕ဇာတိဟာ ရန္ကုန္တိုင္း လွိုင္သာယာၿမိဳ႕က ျဖစ္ပါတယ္။
အသက္ ၁၆ ႏွစ္အ႐ြယ္မွာ အိမ္ေထာင္က်ခဲ့ၿပီး တစ္ႏွစ္အတြင္းမွာ ခင္ပြန္းျဖစ္သူနဲ႕ ကြဲကြာခဲ့တယ္။ အိမ္ေထာင္သက္တမ္း အတြင္းမွာ မိန္းခေလးတစ္ဦး ေမြးဖြားခဲ့ၿပီး အလုပ္လက္မဲ့ျဖစ္ေနခဲ့တယ္။
 ပညာအရည္ခ်င္း ေလးတန္းေလာက္နဲ႕ က်မကို ရန္ကုန္လို႔ၿမိဳ႕ႀကီးမွာ ဘယ္က အလုပ္ခန႔္မွာလဲ။
အတန္းပညာ မတတ္ရွိတဲ့ သူေတြအေနနဲ႕ ရန္ကုန္ၿမိဳ႕ႀကီးမွာ အလုပ္အကိုင္အခြင့္အလမ္းနည္းပါးမႈက စိန္ေခၚမႈတစ္ရပ္ ဆိုတာကို သူ နားလည္ပါတယ္။
ရပ္ကြက္ထဲမွာ က်ပန္းလုပ္ကိုင္ရင္း တစ္ေန႕ရပ္ကြက္ထဲမွာ လူတစ္ဦးက မိတ္ဆက္ေပးတာေၾကာင့္ ရခိုင္ျပည္နယ္က စားေသာက္ဆိုင္ ပိုင္ရွင္ျဖစ္သူ တစ္ဦးနဲ႕ေတြ႕ဆုံခဲ့တယ္လို႔ သူရဲ႕ ဇာတ္လမ္းအစကို ဆိုတယ္။ ေန႕စဥ္ပုံမွန္ဝင္ေငြမရွိတဲ့ ေအးမြန္ဟာ စားေသာက္ဆိုင္ ပိုင္ရွင္ဆီက ရရွိမယ့္ လစာေငြေၾကာင့္ သူ တစ္ခါမွ မေရာက္ဘူးတဲ့ အရပ္ေဒသျဖစ္တဲ့ ရခိုင္ျပည္နယ္ကို လိုက္လုပ္မယ္လို႔ ဆုံးျဖတ္ခ်က္ ခ်လိဳက္ပါတယ္။
တစ္လကို သုံးသိန္းေပးမယ္ေျပာတယ္၊ စားၿပီးေသာက္ၿပီး၊ အေမလည္း ေနမေကာင္းျဖစ္ေနေတာ့ အေမကိုပါ ေထာက္ပံ့နိုင္ေအာင္ လုပ္မယ္လို႔ က်မဆုံးျဖတ္ခ်က္ခ်ခဲ့တယ္၊ သူေျပာေတာ့ KTV မွာ အလုပ္ေပးမယ္လို႔ ေျပာတယ္။
စားေသာက္ဆိုင္ပိုင္ရွင္နဲ႕သူ ေတြ႕ဆုံေဆြးေႏြးမႈေတြအၿပီး ၂၀၁၆ ခု ၉ လပိုင္း ၄ ရက္ေန႕မွာ သူခ်စ္ရတဲ့ အေမနဲ႕သမီးငယ္ကိုထားၿပီးမိုင္ေပါင္း ၆၀၀ ေက်ာ္ေဝးတဲ့ ရခိုင္ေဒသကို ရန္ကုန္ကေန စားေသာက္ဆိုင္ပိုင္ရွင္ကားနဲ႕ လိုက္လာခဲ့ပါတယ္။
ကားေပၚမွာ လိုက္ပါလာရင္း သူရရွိတဲ့ လစာနဲ႕ အေမနဲ႕သမီးကို ေထာက္ပံ့နိုင္ေတာ့မယ္ ဆိုတာကို ေတြးရင္းၾကည္ႏူးလို႔ လိုက္ပါလာခဲ့ပါတယ္။ အလုပ္လည္း ပင္ပန္းမႈမရွိဘဲ သီခ်င္းေ႐ြးေပး႐ုံေလာက္နဲ႕ အဆင္ေျပတဲ့အျပင္ ေနထိုင္စရိတ္ၿငိမ္းဆိုေတာ့ သူစုေဆာင္းလို႔ ရမယ့္ ပိုက္ဆံကို ေတြးၿပိးေပ်ာ္ရင္း လိုက္ပါလာခဲ့ပါတယ္။
စစ္ေတြၿမိဳ႕ကို စေရာက္တဲ့ အခ်ိန္မွာ ဆိုင္ပိုင္ရွင္ဟာ သူ႕အလိုလိုက္ၿပီး ဆက္ဆံပါတယ္။ သူစၿပီး အလုပ္ဝင္ေတာ့လည္း အလုပ္မွာ ၁၀ ရက္ေလာက္ လုပ္ခဲ့ရေသးတယ္။ KTV မွာ သီခ်င္းမယ္အျဖစ္ လုပ္ကိုင္ရင္း မေမွ်ာ္လင့္တဲ့ အေျခေနဟာ သူ႕ဘဝထဲကို ေရာက္ရွိလို႔ လာခဲ့ပါတယ္။
“ ရက္ေပါင္း ၁၀ အေက်ာ္မွာ က်မကို ျပည္တန္ဆာအျဖစ္ လိင္လုပ္ငန္းေတြကို ေစခိုင္းေတာ့တာပါပဲ၊ ကြၽန္မ က်န္းမာေရး မေကာင္းဘူးဆိုလို႔ မရဘူး။
ႏုပ်ိဳမႈေတြကိုစားတဲ့ စားေသာက္ဆိုင္
လိင္လုပ္သားအျဖစ္ လုပ္ကိုင္တဲ့ေန႕ကေနစၿပီး လူကုန္ကူးမႈ သားေကာင္အျဖစ္ ေအးမြန္ဟာ က်ဆဳံးခဲ့တယ္။ တစ္ေန႕ကို မိန္းခေလး တစ္ဦးကို ေယာက္်ားဦးေရ ၂၆ ဦးနဲ႕ ပုံမွန္ဆက္ဆံခိုင္းၿပီး တစ္ဦးလ်င္ ဆက္ဆံေၾကး ၇၀၀၀ ကို ဆိုင္ပိုင္ရွင္က ရရွိတယ္လို႔ ေအးမြန္က ဆိုတယ္။ သူတို႔ကို ၂၀၀၀ က်စီ သတ္မွတ္ထားေပမယ့္ လကုန္မွာသာ ရွင္းေပးမယ္လို႔ ေျပာၿပီး မရွင္းေပးဘူးလို႔ ေအးမြန္က သူရဲ႕ စိုးရိမ္စိတ္ကို ေျပာျပပါတယ္။
 ေငြကိုလည္း မေတာင္းရဲဘူး ရိုက္ႏွက္ခံရမွာကို ေၾကာက္တယ္။” စားေသာက္ဆိုင္မွာ ေနထိုင္ရတဲ့ ကာလေတြဟာ အိမ္ကိုလည္း မျပန္ခဲ့ရသလို အျပင္ကိုလည္းမထြက္ရဲဘဲ၊ ထမင္းအာဟာရကိုပါ မဝေရစာ စားေသာက္ခဲ့ရတယ္။
သူ စားေသာက္ဆိုင္ေရာက္ၿပီး ၃ လအၾကာ နိုဝင္ဘာ ၂ ရက္ေန႕မွာေတာ့ သူႏွင့္အတူ မိန္းကေလး ၁၄ ဦးဟာ စားေသာက္ဆိုင္ ငရဲခန္းက လြတ္ေျမာက္ခဲ့ပါတယ္။ ေအးမြန္တို႔ ခံခဲ့ရတဲ့ အျဖစ္အပ်က္ေတြဟာ လူကုန္ကူးမႈနဲ႕ ေျမာက္ၿပီး ရခိုင္ေဒသရဲ႕ ပထမဦးဆုံး ျပည္တြင္း လူကုန္ကူးမႈလို႔ စစ္ေတြလူကုန္ကူးမႈဌာန အရာရွိျဖစ္သူ ဦးေက်ာ္ၫြန႔္ကဆိုပါတယ္။
မေအးမြန္အပါအဝင္ က်န္တဲ့ မိန္းခေလး ၁၄ ဦးကို အခ်ိန္တိုအတြင္း လႈပ္ရွားမႈ ပုံသ႑န္ ကယ္တင္ခဲ့တာျဖစ္တယ္လို႔ ဦးေက်ာ္ၫြန႔္က စားေသာက္ဆိုင္အမည္ခံ လိင္လုပ္ငန္းကို ဝင္ေရာက္ဖမ္းဆီးစဥ္က ျဖစ္စဥ္ကို သုံးသပ္ပါတယ္။
“ ဆိုင္ထဲကို ဝင္လိုက္ရင္ စားေသာက္ဆိုင္ပုံစံအတိုင္းပဲ၊ လိုင္စင္ေတြက အစရွိတယ္၊ ဖမ္းမယ္လို႔ဆိုရင္ မိန္းခေလးေတြက မရွိေတာ့ဘူး၊ တစ္ေနရာမွာ ပုန္းဝွက္ထားၾကတယ္၊ ကြၽန္ေတာ္တို႔ လူကုန္ကူးမႈဌာနအေနနဲ႕ သတင္းအရေစာင့္ၾကည့္ခဲ့တာ ၾကာခဲ့ပါၿပီ၊ ဝင္ေရာက္ ရွာေဖြလိုက္ေတာ့ အဲဒီမွာ လုပ္အားေခါင္းပုံျဖတ္ခံရၿပီး ပိတ္ေလွာင္ထားတဲ့ မိန္းေလးေတြကို သြားေတြ႕တာ။

စားေသာက္ဆိုင္အတြင္းမွာ ေတြ႕ရွိခဲ့တဲ့ မိန္းခေလး ၁၄ ဦးထဲက ၇ ဦးကို လုပ္အားခလစာ မရရွိတာရယ္၊ ပိတ္ေလွာင္ ညဥ္းပမ္း ႏွိပ္စက္မႈေတြေၾကာင့္ လူကုန္ကူးမႈေျမာက္တဲ့အတြက္ စားေသာက္ဆိုင္ပိုင္ရွင္နဲ႕ ဆိုင္မန္ေနဂ်ာကိုပါ လူကုန္ကူးမႈ ဥပေဒအရ တရား စြဲဆိုထားပါတယ္။
ကယ္တင္ရန္ခက္ခဲေနတဲ့ ညဥ္းပန္းႏွိပ္စက္ခံရမႈေတြ စားေသာက္ဆိုင္မွာ ရွိေနတဲ့ မိန္းကေလးေတြဟာ စစ္ေတြလူကုန္ကူးမႈဌာနက ဝင္ေရာက္မရွာေဖြမီ ေနျပည္ေတာ္ေဟာ့လိုင္း လူကုန္ကူးမႈဌာနဖုန္းကို ဆက္သြယ္ခဲ့တယ္လို႔ လူကုန္ကူးမႈ ခံရသူေတြထဲမွာပါ ဝင္သူတစ္ဦးျဖစ္တဲ့ မဝင္းတင္က ေျပာပါတယ္။
သူလည္းပဲ ေအးမြန္လို႔ အမည္ကို မေဖာ္ျပေပးဖို႔ ေတာင္းဆိုပါတယ္။ လူကုန္ကူးမႈခံရသူ မိန္းခေလး အမ်ားစုရဲ႕ ထြက္ဆိုခ်က္ေတြဟာ အလုပ္လိုခ်င္စိတ္နဲ႕ ေရာက္ရွိလာၾကတာပဲ ျဖစ္ပါတယ္။ လိင္လုပ္သားအျဖစ္ လုပ္ကိုင္ရင္း ပိုင္ရွင္ျဖစ္သူရဲ႕ အလိုမက်မႈေတြေအာက္မွာ ဆိုင္တြင္းဝန္ထမ္းတခ်ိဳ႕ဟာ အလိုမတူဘဲ ညဥ္းပမ္း ႏွိပ္စက္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒီလိုအေျခေနကို သက္ဆိုင္ရာကို တိုင္တန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ သူတို႔အေနနဲ႕ အခြင့္မသာခဲ့ဘူးလို႔ ဆိုပါတယ္။ ေနျပည္ေတာ္လူကုန္ကူးမႈဌာနကို ဖုန္းဆက္ျဖစ္တာဟာလည္း ဆိုင္ပိုင္ရွင္မသိေအာင္ သူတို႔ ႀကိဳးစားဆက္သြယ္ခဲ့တာလို႔ ေျပာပါတယ္။
ဒီလို ညဥ္းပမ္း ႏွိပ္စက္ခံရမႈေတြ အေပၚ အမ်ိဳးသမီး လိင္လုပ္သမားမ်ားအေရးကို ကူညီေပးေနတဲ့ ေဒၚႏွင္းႏွင္းယုက ၿမိဳ႕ႀကီးေတြထက္ နယ္ပိုင္းေတြမွာ သိရွိဖို႔ ပိုမိုခက္ခဲ့တယ္လို႔ သူရဲ႕အေတြ႕အႀကဳံကို ဆိုပါတယ္။
တစ္ခါတစ္ေလ ဥပေဒအရ ကာယကံရွင္ကိုယ္တိုင္က သိဖို႔လိုအပ္တယ္၊ ဘယ္ေနရာေတြမွာ တိုင္တန္းလို႔ရတယ္ေပါ့ ကြၽန္မတို႔ဆီကလည္း ကြန္ရက္ပိုင္းေတြ ခ်ိတ္ဆက္မႈ အားနည္းေနေသးတယ္။
ေအးမြန္တို႔လို လိင္လုပ္သားအျဖစ္ကေန ကယ္တင္ရတဲ့ လူကုန္ကူးမႈေတြဆိုရင္ တခ်ိဳ႕ေနရာေတြမွာ လူကုန္ကူးျခင္းခံရသူ အခ်င္းအခ်င္း ခြဲျခားဆက္ဆံမႈေတြရွိေနတယ္လို႔လည္း ေဒၚႏွင္းႏွင္းယုက သုံးသပ္ျပပါတယ္။
“ အဓိကေတာ့ နယ္ေတြမွာဆိုရင္ လိင္လုပ္သားေတြဆိုၿပိး ပိုၿပီးခြဲျခားတတ္ၿပီး သူတို႔ရဲ႕ ရပိုင္ခြင့္ေတြကို လုပ္ေပးမယ့္ အဖြဲ႕အစည္းေတြလည္း မရွိၾကဘူး၊ အကူညီေပးမယ့္ သူေတြကလည္းရွားတယ္။
လူကုန္ကူးမႈကေန လြတ္ေျမာက္လာတဲ့ သူေတြကို လူမႈဖူလုံေရးနဲ႕ လူကုန္ကူးမႈဌာနက သူတို႔ဘဝေတြ ျပန္ၿပီး တည္ၿငိမ္ဖို႔ ေငြေၾကးဆိုင္ရာ အေထာက္အပံ့အကူညီေတြ ရရွိဖို႔ ေတာင္းခံထားတယ္လို႔ ရဲမႉးဦးေက်ာ္ၫြန႔္က ဌာနရဲ႕လုပ္ေဆာင္ခ်က္ ကို ဆိုပါတယ္။ တစ္ဦးစီကို ေထာက္ပံ့ေၾကးေငြ ၃ သိန္းကေန ၁၀ သိန္းအထိ ေတာင္းခံဖို႔ စီစဥ္ထားတာကို သိရပါတယ္။
ခက္ခဲေနတဲ့ သတင္းအခ်က္အလက္ရရွိမႈ
ေဒသတြင္းမွာ ျဖစ္ေပၚေနတဲ့ လူကုန္ကူးမႈေတြကို ေဖာ္ထုတ္ဖို႔ သတင္းအခ်က္အလက္ရရွိမႈဟာ အဓိက အခ်က္အလက္အျဖစ္ၿပီး၊ သတင္း အခ်က္အလက္ မရရွိဘူးဆိုရင္ လူကုန္ကူးမႈဌာနအေနနဲ႕ ခက္ခဲမႈေတြ ရွိတယ္လို႔ ေျပာျပပါတယ္။ ဒီလို သတင္းအခ်က္အလက္၊ သတင္းေပးမႈေတြကို သိရွိရေအာင္ လူကုန္ကူးမႈဌာနရဲ႕ ေဟာ့လိုင္းဖုန္းေတြကို အၿမဲဖြင့္ထားတယ္လို႔ ဆိုပါတယ္။
လူကုန္ကူးမႈနဲ႕ ပါတ္သက္ၿပိး အသိပညာေပးလႈပ္ရွားမႈေတြ ျမင့္တင္ၿပီးတဲ့ ေနာက္ပိုင္းမွာ ေမလကုန္ ဇြန္လဆန္းမွစၿပီး ေဟာ့လိုင္း ဖုန္းမ်ားသို႔ ဖုန္းေခၚဆို မႈေပါင္း (၆၉၇) ႀကိမ္ရွိခဲ့တယ္လို႔ ေနျပည္ေတာ္ လူကုန္ကူးမႈဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဲဒီအထဲမွာ လူကုန္ ကူးသတင္းေပးတိုင္ၾကားမႈ (၂) ႀကိမ္၊ လူေပ်ာက္ သတင္းေပးတိုင္ၾကားမႈ (၄၇) ႀကိမ္၊ ျပည့္တန္ဆာ၊ ေလာင္းကစားစသည့္ အမႈအခင္းမ်ားႏွင့္ ပတ္သက္၍ သတင္းေပးတိုင္ၾကားမႈ (၅၃) ႀကိမ္၊ ဖုန္းမွားဆက္ျခင္း (၂၀၆) ႀကိမ္ႏွင့္ မွား၍ ဖုန္းေခၚဆိုမႈ (၅၃) ႀကိမ္၊ ဖုန္းေခၚၿပီး ျပန္မေျပာသည့္ ဖုန္းေခၚဆိုမႈ (၂၈၂) ႀကိမ္ႏွင့္ ဆဲဆိုျခင္း၊ စေနာက္ျခင္းႏွင့္ ေႏွာင့္ယွက္ေသာ ဖုန္းေခၚဆိုမႈ (၅၄) ႀကိမ္ဆိုၿပီး ရွိခဲ့တယ္လို႔ သိရပါတယ္။
ျမန္မာနိုင္ငံမွာ လူကုန္ကူးမႈ ဥေပဒကို စစ္အစိုးရလက္ထက္ ၂၀၀၅ ခုနစ္က ျပဌာန္းခဲ့ၿပီး ယေန႕အခ်ိန္မွာေတာ့ ျပန္ၿပီး ေရးဆြဲဖို႔ႀကိဳးစား ျပင္ဆင္ေနၾကပါတယ္။ လူကုန္ကူးမႈ ဥပေဒမွာ ေတြ႕ရွိရတာက လူကုန္ကူးရန္ ႀကိဳတင္ျပင္ဆင္ျခင္း၊ အားထုတ္ျခင္း၊ ပူးေပါင္းႀကံစည္ျခင္း၊ စည္း႐ုံးျခင္း၊ စီမံခန႔္ခြဲျခင္း၊ အားေပးကူညီျခင္း၊ ေငြေၾကးေထာက္ပံ့ျခင္း စတဲ့ အေျခေနေတြနဲ႕ လူကုန္ကူးမႈ က်ဴးလြန္ပါက ေထာင္ဒဏ္ ၁၀ ႏွစ္မွ တစ္သက္တစ္ကြၽန္းအထိ က်ခံရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္တယ္လို႔ သိရပါတယ္။
ထို႔ျပင္ လူကုန္ကူးမႈမွ ရရွိသည့္ ေငြေၾကး၊ ပစၥည္း၊ အေဆာက္အအုံ အားလုံးကိုလည္း ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းခံရမည္ဟု ဥပေဒတြင္ ျပ႒ာန္းထားတယ္လို႔ ဆိုပါတယ္။
ျမန္မာနိုင္ငံမွာ ျဖစ္ေပၚေနတဲ့ အမ်ားဆုံးျဖစ္ပြားေနတဲ့ ျပည္တြင္း လူကုန္ကူးမႈ အမ်ိဳးအစားေတြကို ၾကည့္ရင္ တ႐ုတ္အမ်ိဳးသားမ်ားႏွင့္ အဓမၼ လက္ထပ္ရန္ ျမန္မာအမ်ိဳးသမီးမ်ားကို ေရာင္းစားျခင္း၊ တ႐ုတ္နိုင္ငံသို႔ ကေလးငယ္မ်ားကို ေမြးစားရန္ ေရာင္းစားျခင္း၊ ထိုင္းငါးဖမ္းစက္ေလွ၊ ေရလုပ္ငန္းစက္႐ုံမ်ားတြင္ အဓမၼေစခိုင္းရန္ ေရာင္းစားျခင္း၊ အင္ဒိုနီးရွား ငါးဖမ္းစက္ေလွမ်ားတြင္ အဓမၼေစခိုင္းရန္ ေရာင္းစားျခင္း၊ ေခါင္းပုံျဖတ္ျခင္း၊ အတင္း အဓမၼျပည့္တန္ဆာျပဳျခင္း၊ အိမ္ေဖာ္အျဖစ္ အဓမၼ ေစခိုင္းျခင္း၊ ကေလးသူငယ္မ်ားကို လိင္ပိုင္းဆိုင္ရာ အလြဲသုံးစားျပဳျခင္း၊ သူေတာင္းစားအျဖစ္ အဓမၼေစခိုင္းျခင္း၊ ကေလး သူငယ္မ်ားကို လမ္းေဘးေဈးေရာင္း၍ ဝင္ေငြရွာခိုင္းျခင္းမ်ားကို စစ္ေဆးေဖာ္ထုတ္ ေတြ႕ရွိရတယ္လို႔ လူကုန္ကူးမႈ ျဖစ္စဥ္ မႈခင္းသတင္းေတြက ေဖာ္ျပေနပါတယ္။
ရခိုင္ျပည္နယ္မွာ ရွိတဲ့ လူကုန္ကူးမႈဌာန အေနနဲ႕ ျပည္သူေတြ လူကုန္ကူးမႈ မျဖစ္ေပၚရေအာင္ တားဆီးကာကြယ္နိုင္တဲ့ ပညာေပး လႈပ္ရွားမႈေတြကိုသာ ျပဳလုပ္နိုင္ၿပီး လူကုန္ကူးမႈက ကယ္တင္နိုင္ခဲ့တဲ့ သူေတြကို စစ္ေဆးေနတဲ့ ကာလမွာ ေကြၽးေမြးျပဳစုစားရိတ္က အခက္ခဲရွိတယ္လို႔ လည္းသိရွိရပါတယ္။
တစ္ဦးတစ္ေယာက္ဆိုရင္ ျပႆနာမရွိဘူး၊ ဒီလို အုပ္စုလိုက္ဆိုရင္ ရွိတဲ့လစာကပါ ကုန္တယ္၊ ထမင္းဖိုး၊ လက္ဖက္ရည္ဖိုး၊ ခရီးစရိတ္ေတြကအစ လုပ္ေပးထားရတာ။
ေကြၽးေမြးေစာင့္ေရွာက္ထားတဲ့ ကုန္က်စားရိတ္ေတြကို ေနာက္ဆုံးအေျခေနမွာ ဌာနသို႔ တင္ျပရတယ္လို႔ သူကဆိုပါတယ္။ ရခိုင္ျပည္နယ္မွာ လူကုန္ကူးမႈဌာနကို စစ္ေတြနဲ႕ ေမာင္ေတာမွာ ႐ုံးဖြင့္လွစ္ထားပါတယ္။ လူကုန္ကူးမႈျဖစ္ၿပီဆိုရင္ လူကုန္ကူး ခံရတဲ့သူေတြကို လူမႈဖူလုံေရး႐ုံးမွာ ထားရွိၿပီး ေစာင့္ေရွာက္ထားတယ္။
လူမႈအဖြဲ႕အစည္းေတြ အကူညီလိုအပ္
စစ္ေတြၿမိဳ႕ေပၚမွာ ဆိုရင္ လူကုန္ကူးမႈဌာနဲ႕ အဓိက အမ်ိဳးသမီးအေရးေတြကို ကူညီေဆာင္႐ြက္ေပးေနတဲ့ အဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသမီး အစည္း႐ုံး အတြင္းေရးမႉး ေဒၚေစာစံၿငိမ္းသူက အမ်ိဴးသမီးေတြ ပါလာၿပီဆိုရင္ သူတို႔ကိုလည္း ကူညီေစာင့္ေရွာက္ေပးဖို႔ အကူညီေတာင္းခံတယ္လို႔ ဆိုပါတယ္။
ရခိုင္ေဒသမွာ လူကုန္ကူးမႈဟာ ၂၀၁၀ ကေန၂၀၁၂ ႏွစ္ႏွစ္တာကာလအတြင္းထိ ၁ မႈစီရွိၿပိး တရားခံေပါင္း ၁၉ ဦး၊ ၂၀၁၃ ခုနစ္မွာ တရားခံမရရွိတဲ့ အမႈ ၂ မႈ၊ ၂၀၁၄ မွာ ၁ မႈ ရွိေနရာကေန ၂၀၁၅ မွာ မရွိဘဲ ၂၀၁၆ မွာ ၈ မႈအထိ ျမင့္တက္ လာေၾကာင္း စစ္ေတြၿမိဳ႕နယ္ လူကုန္ကူးမႈဌာန တပ္ဖြဲ႕ ၅ ရဲ႕စာရင္းက ေဖာ္ျပထားတာကို သိရွိရပါတယ္။
လူကုန္ကူးမႈဖမ္းဆီးေဖာ္ထုတ္မႈ အေရအတြက္ဟာ နည္းပါးေနေပမယ့္ လူကုန္ကူးမႈေတြျဖစ္ေပၚေနနိုင္တယ္လို႔ ရခိုင္အမ်ိဳးသမီး အစည္း႐ုံးက ေဒၚေစာစံၿငိမ္းသူက သုံးသပ္ပါတယ္။ ေဒသတြင္း သြားလာလႈပ္ရွားမႈေတြအျပင္ ျပည္ပကို ထြက္ခြာမႈေတြပါ ရွိေနၾကၿပီး လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဌာနေတြ အေနနဲ႕လည္း ထိထိေရာက္ေရာက္လုပ္နိုင္ဖို႔ အကူညီေတြ လိုအပ္ေနေသးတယ္လို႔ သူက ေထာက္ျပပါတယ္။
“ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ ကြၽန္မတို႔ အားမရတာေတြ အမ်ားႀကီး ရွိပါေသးတယ္၊ နိုင္ငံေတာ္က လူကုန္ကူးမႈဌာနကေန ဒီကိစၥရပ္ေတြ အေပၚ တားဆီးကာကြယ္ဖို႔ မူဝါဒေတြကို ခ်မွတ္ထားရင္လည္း ထိထိေရာက္ေရာက္လုပ္နိုင္တဲ့ အေနထားကို မေတြ႕ရွိရပါဘူး၊ က်မတို႔ ၂၀၁၂ ခုနစ္ကဆိုရင္ လူကုန္ကူးမႈအဖြဲ႕က ကိုယ္တိုင္ က်မတို႔ကို လာေရာက္ၿပိး အပ္ႏွံတာေတြ ရွိပါတယ္၊ အဲဒီလို ျဖစ္စဥ္မ်ိဳး က်မတို႔ ၁ မႈ ၂ မႈ ႀကဳံဖူးပါတယ္။
အေပၚယံအဆင့္ လုပ္ေဆာင္နိုင္တဲ့ အျခေနသာ ရွိတယ္လို႔ သူက သုံးသပ္ပါတယ္။ ေဒၚေစာစံၿငိမ္းသူ ေျပာသလို အေမရိကန္ နိုင္ငံျခားဌာနရဲ႕ ၂၀၁၄ လူကုန္ကူးမႈ တိုက္ဖ်က္ေရး အစီရင္ခံစာထဲမွာလည္း ျမန္မာအစိုးရဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ နိုင္ငံတကာက လက္ခံတဲ့ စံႏႈန္းစံထားအတိုင္း ေဆာင္႐ြက္မႈကို မေရာက္ရွိေသးဘူးလို႔ ဆိုပါတယ္။
ဒီလိုအေျခေနေတြေၾကာင့္ ျမန္မာနိုင္ငံမွာ လူကုန္ကူးမႈနဲ႕ ထြက္ေျပးေနတဲ့ တရားခံေျပး ေပါင္း ၁၀၂၁ ဦးရွိၿပီး တရားခံေျပး အနက္ အမ်ိဳးသမီး ဦးေရမွာ ပိုမို မ်ားျပားေၾကာင္း လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ ၂၀၁၅ ခု ဧၿပီလ မွတ္တမ္းေတြအထိ သိရွိရပါတယ္။ အမ်ိဳးသမီးဦးေရ ၁၉၀ ေက်ာ္တယ္လို႔ သိရွိရတာပါ။
ရခိုင္ျပည္နယ္ရဲ႕ လူကုန္ကူးမႈအေနထားဟာ ၂၀၁၆ ခု ဇန္နဝါရီမွ ၾသဂုတ္ အထိ ရွစ္လတာအတြင္း ရရွိထားတဲ့ ကိန္းဂဏန္းေတြကို တြက္ရွိခ်က္ေတြအရ ျမန္မာနိုင္ငံမွာ တတိယအဆင့္အေနထားမွာ ရွိပါတယ္။
လူကုန္ကူးမႈ ၇၈ မႈျဖစ္ပြားခဲ့ရာ ရန္ကုန္ တိုင္းေဒသႀကီးတြင္ ၁၀ မႈ၊ မႏၲေလးတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေျခာက္မႈစီ၊ ပဲခူးတိုင္းႏွင့္ တနသၤာရီတိုင္းေဒသႀကီးတြင္ တစ္မႈစီ၊ စစ္ကိုင္းတိုင္း၊ ဧရာ၀တီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္တို႔တြင္ ႏွစ္မႈစီ၊ မေကြးတိုင္းေဒသႀကီးႏွင့္ ကရင္ျပည္နယ္တို႔တြင္ သုံးမႈစီ၊ ကခ်င္ျပည္နယ္တြင္ ရွစ္မႈႏွင့္ ရွမ္းျပည္နယ္တြင္ ၃၄ မႈျဖစ္ပြားခဲ့ေၾကာင္း လူကုန္ကူးမႈ တားဆီးကာကြယ္ေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။ ( ၂၀၁၆ ခုဧၿပီလအထိ ျမန္မာနိုင္ငံ လူကုန္ကူးမႈ တားဆီး ကာကြယ္ေရးဌာနမွ ထုတ္ျပန္သည့္ စာရင္းအမ်ားအရ သိရွိရသည္။)
လူကုန္ကူးမႈေတြ ျဖစ္ပြားမႈ အမ်ားဆုံးကို ေတြ႕ရွိထားတာဟာ အလုပ္အကိုင္အခြင့္အလမ္း ရွားပါးမႈေၾကာင့္ ဆိုတာကို The Root နဲ႕ ေတြ႕ရွိထားတဲ့ သတင္းရင္းျမစ္တိုင္းက အတည္ျပဳပါတယ္။
ျပန္လည္ရွင္သန္ျခင္း
ေအးမြန္တို႔ လြတ္ေျမာက္ဖို႔ အေၾကာင္းဖန္လာတဲ့ အထဲမွာ ဆိုရွယ္မီဒီယာ ကြန္ရက္ေၾကာင့္ဆိုရင္ မမွားပါဘူး။ ေအးမြန္နဲ႕ ဘဝတူ ျဖစ္တဲ့ မိန္းခေလးတစ္ဦးကို ေနျပည္ေတာ္ လူကုန္ကူးမႈဌာန ဖုန္းနံပါတ္ကို ဆိုရွယ္မီဒီယာ ကြန္ရက္ တစ္ခုျဖစ္တဲ့ Facebook, Viber အသုံးျပဳရင္းကေန ရရွိလာပါတယ္။ ေနျပည္ေတာ္ေဟာ့လိုင္း ဖုန္းနံပါတ္ကို သိတဲ့အေနထားမွ စၿပီး တိုင္တန္းဖို႔ ေၾကာက္႐ြံ႕ေနခဲ့ၾကပါေသးတယ္။ 
စားေသာက္ဆိုင္မွာ ဖုန္းကိုင္ရတဲ့ အခ်ိန္ဟာ အနည္းငယ္သာ ရရွိပါတယ္။ အျပင္ကို မထြက္ရတာေၾကာင့္ မိန္းမ အသုံးအေဆာင္ပစၥည္းေတြက အစ ဆိုင္တြင္းမွာပဲ အျပင္ေဈးထက္ ၂ ဆ ပိုမိုျမင့္မားစြာဝယ္ရတယ္လို႔ လည္းေျပာပါတယ္။
“ေသာက္ေရသန႔္ကအစ ဝယ္သုံးရတယ္၊ ေသာက္မယ့္ ေဆးဝါးေတြကအစေပါ့။”
စားေသာက္ဆိုင္ ငရဲခန္းက မလြတ္ေျမာက္ခင္ ၂ ရက္အလို ညနက္သန္းေခါင္မွာ စားေသာက္ဆိုင္ပိုင္ရွင္ျဖစ္သူက ဆိုင္မွာ လိင္လုပ္သမားအျဖစ္ လုပ္ကိုင္ေနတဲ့ ေကာင္မေလး ၂ ဦးကို ညနက္သန္းေခါင္ ဆိုင္ကေန ရိုက္ႏွက္ႀကိမ္းေမာင္းၿပီး ႏွင္ထုတ္လိုက္ပါတယ္။
ဒီအေျခေနေတြဟာ ငရဲခန္းမွာ က်န္ရစ္ခဲ့တဲ့ ေအးမြန္တို႔ကို ေနျပည္ေတာ္ ေဟာ့လိုင္းဖုန္းကို ဆက္သြယ္ဖို႔ ဆုံးျဖတ္ေစတဲ့ ခံစားခ်က္ေတြပဲျဖစ္ပါတယ္။ ဆိုင္ကေန ႏွင္ထုတ္လႊတ္လိုက္တဲ့ ေကာင္မေလးေတြလည္း ေအးမြန္နည္းတူ ခႏၶာကိုယ္မွာ ဒဏ္ရာဒဏ္ခ်က္ေတြ ပါရွိပါတယ္။ အဲဒီ ဒဏ္ရာဒဏ္ခ်က္ေတြနဲ႕ပဲ စစ္ေတြၿမိဳ႕ ျပည့္သူေဆး႐ုံႀကီးက ေဆးစာရယူၿပီး စားေသာက္ဆိုင္ပိုင္ရွင္ကို တရားစြဲတဲ့အထဲမွာ ထည့္သြင္း ထားတယ္။ ရရွိခဲ့တဲ့ ဒဏ္ရာေတြဟာ ဘယ္လက္ေမာင္းမွာ ညိုမဲဒဏ္ရာေတြနဲ႕ ဘယ္လက္ညိုး အဆစ္လြဲ ဖူးေရာင္ဒဏ္ရာေတြကို ရရွိခဲ့တယ္လို႔ ေအးမြန္က ဆိုတယ္။
အလုပ္အကိုင္ရွားပါးတဲ့ အေျခေနေတြေၾကာင့္ လိင္လုပ္သားဘဝကို က်ေရာက္ခဲ့တဲ့ ေအးမြန္ဟာ သူ႕အေနနဲ႕ ဘဝကိုျပန္ၿပီး အသစ္ကေန စတင္လိုေနပါတယ္။ ငရဲခန္းအျဖစ္ ေနထိုင္ခဲ့တဲ့ စားေသာက္ဆိုင္တည္ရွိရာ စစ္ေတြၿမိဳ႕ေတာ္ကေန သူ ၆ ရက္ေန႕မွာ ရန္ကုန္ကို ျပန္လာခဲ့ပါတယ္။
ေအးမြန္တို႔ ျဖစ္ပ်က္ခဲ့တဲ့ အေျခေနဟာ တရားဥပေဒစိုးမိုးမႈ မရွိတဲ့ အေျခေနေၾကာင့္ပဲဆိုတာကို ရခိုင္အမ်ိဳးသမီးအစည္း႐ုံးက ေဒၚေစာစံၿငိမ္းသူက အားမလို အားမရဆိုပါတယ္။
“ သက္ဆိုင္ရာ အာဏာပိုင္ေတြက မသိရွိတာ အံၾသတယ္၊ စားေသာက္ဆိုင္ လိုင္စင္ေတြကအစ ကိုင္ၿပီး စနစ္တက်လဳပ္ေနတာ၊ ဒါေတြဟာ တရားဥပေဒစိုးမိုးမႈမရွိတာကို ေဖာ္ျပေနတာပဲ။”
Credit:မိုးေအာင္ (RiA)

Unicode

ခန္ဓာကိုယ်ပေါ်မှာ ထင်နေတဲ့ အမာရွတ်တွေကို ပြဖို့ကြိုးစားရင်း၊ နာကျင်ခံစားခဲ့ရတာတွေကို ပြောပြနေတဲ့ အချိန်မှာ အေးမွန်ဟာ လုံခြုံတဲ့ နေရာတစ်ခုကို ရောက်ရှိလို့နေပါပြီ။ အသက် ၁၉ နှစ်အရွယ်ရှိတဲ့ အေးမွန်ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စားသောက်ဆိုင်အမည်ခံ လိင်လုပ်ငန်းတစ်ခုမှာ ၃ လတာ နေခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။
စားသောက်ဆိုင်မှာ နေထိုင်ခဲ့ရတဲ့ ကာလတွေဟာ သူမအတွက်တော့ ငရဲခန်းကျနေခဲ့ရသလို မချစ်မနှစ်သက်တဲ့ ဆန့်ကျင့်ဘက်လိင် ယောကျာ်းပေါင်းမြောက်မြားစွာကို ဝန်ဆောင်မှုပေးရင်း သူမရဲ့နုပျိုးခြင်းတွေ ကုန်ဆုံးခဲ့ရပါတယ်။
အေးမွန်ရဲ့ ငရဲခန်းဟာ ဆိုင်ရှေ့မှာ ကာရံထားတဲ့ သံဆူးကြိုးတွေနဲ့ ညနက်သန်းခေါင်ဆိုရင် သံဆူးကြိုးတွေမှာ လျှပ်စစ်ဓါတ်တွေ လွှတ်ထားပါတယ်။ ထွက်ပြေးလွတ်မြောက်ခြင်းတွေ မရှိစေဖို့ ခြံတွင်းနဲ့ ဆိုင်းခန်းထဲမှာပါ စောင့်ကြည့် ကင်မရာတွေ တပ်ဆင်ထားသလို လုံခြုံရေး လေးငါးဦးခန့်လည်း ထားရှိထားတယ်လို့လည်း လုံခြုံရေး တင်းကြပ်စွာ နေခဲ့ရတယ်လို့ သိရပါတယ်။

The Root နဲ့ တွေ့ဆုံမေးမြန်းနေတဲ့ အချိန်မှာ အေးမွန်ဟာ စစ်တွေမြို့နယ် လူကုန်ကူးမှုဌာန တားဆီးကာကွယ်ရေးရုံးမှာ သူတို့ ရင်ဆိုင်ခဲ့ရဲတဲ့ အဖြစ်အပျက်တွေကို ထွက်ဆိုနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ အေးမွန်လို့ အမည်ဝှက်ထားတဲ့ သူမဟာ ရခိုင်ပြည်နယ် အတွင်းမှာ လူကုန်ကူးခြင်းကို ခံခဲ့ရပေမယ့် သူရဲ့ဇာတိဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့က ဖြစ်ပါတယ်။
အသက် ၁၆ နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး တစ်နှစ်အတွင်းမှာ ခင်ပွန်းဖြစ်သူနဲ့ ကွဲကွာခဲ့တယ်။ အိမ်ထောင်သက်တမ်း အတွင်းမှာ မိန်းခလေးတစ်ဦး မွေးဖွားခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေခဲ့တယ်။
“ ပညာအရည်ချင်း လေးတန်းလောက်နဲ့ ကျမကို ရန်ကုန်လို့မြို့ကြီးမှာ ဘယ်က အလုပ်ခန့်မှာလဲ။”
အတန်းပညာ မတတ်ရှိတဲ့ သူတွေအနေနဲ့ ရန်ကုန်မြို့ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုက စိန်ခေါ်မှုတစ်ရပ် ဆိုတာကို သူ နားလည်ပါတယ်။
ရပ်ကွက်ထဲမှာ ကျပန်းလုပ်ကိုင်ရင်း တစ်နေ့ရပ်ကွက်ထဲမှာ လူတစ်ဦးက မိတ်ဆက်ပေးတာကြောင့် ရခိုင်ပြည်နယ်က စားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူ တစ်ဦးနဲ့တွေ့ဆုံခဲ့တယ်လို့ သူရဲ့ ဇာတ်လမ်းအစကို ဆိုတယ်။ နေ့စဉ်ပုံမှန်ဝင်ငွေမရှိတဲ့ အေးမွန်ဟာ စားသောက်ဆိုင် ပိုင်ရှင်ဆီက ရရှိမယ့် လစာငွေကြောင့် သူ တစ်ခါမှ မရောက်ဘူးတဲ့ အရပ်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ကို လိုက်လုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
“တစ်လကို သုံးသိန်းပေးမယ်ပြောတယ်၊ စားပြီးသောက်ပြီး၊ အမေလည်း နေမကောင်းဖြစ်နေတော့ အမေကိုပါ ထောက်ပံ့နိုင်အောင် လုပ်မယ်လို့ ကျမဆုံးဖြတ်ချက်ချခဲ့တယ်၊ သူပြောတော့ KTV မှာ အလုပ်ပေးမယ်လို့ ပြောတယ်။”
စားသောက်ဆိုင်ပိုင်ရှင်နဲ့သူ တွေ့ဆုံဆွေးနွေးမှုတွေအပြီး ၂၀၁၆ ခု ၉ လပိုင်း ၄ ရက်နေ့မှာ သူချစ်ရတဲ့ အမေနဲ့သမီးငယ်ကိုထားပြီးမိုင်ပေါင်း ၆၀ဝ ကျော်ဝေးတဲ့ ရခိုင်ဒေသကို ရန်ကုန်ကနေ စားသောက်ဆိုင်ပိုင်ရှင်ကားနဲ့ လိုက်လာခဲ့ပါတယ်။
ကားပေါ်မှာ လိုက်ပါလာရင်း သူရရှိတဲ့ လစာနဲ့ အမေနဲ့သမီးကို ထောက်ပံ့နိုင်တော့မယ် ဆိုတာကို တွေးရင်းကြည်နူးလို့ လိုက်ပါလာခဲ့ပါတယ်။ အလုပ်လည်း ပင်ပန်းမှုမရှိဘဲ သီချင်းရွေးပေးရုံလောက်နဲ့ အဆင်ပြေတဲ့အပြင် နေထိုင်စရိတ်ငြိမ်းဆိုတော့ သူစုဆောင်းလို့ ရမယ့် ပိုက်ဆံကို တွေးပြိးပျော်ရင်း လိုက်ပါလာခဲ့ပါတယ်။
စစ်တွေမြို့ကို စရောက်တဲ့ အချိန်မှာ ဆိုင်ပိုင်ရှင်ဟာ သူ့အလိုလိုက်ပြီး ဆက်ဆံပါတယ်။ သူစပြီး အလုပ်ဝင်တော့လည်း အလုပ်မှာ ၁၀ ရက်လောက် လုပ်ခဲ့ရသေးတယ်။ KTV မှာ သီချင်းမယ်အဖြစ် လုပ်ကိုင်ရင်း မမျှော်လင့်တဲ့ အခြေနေဟာ သူ့ဘဝထဲကို ရောက်ရှိလို့ လာခဲ့ပါတယ်။
“ ရက်ပေါင်း ၁၀ အကျော်မှာ ကျမကို ပြည်တန်ဆာအဖြစ် လိင်လုပ်ငန်းတွေကို စေခိုင်းတော့တာပါပဲ၊ ကျွန်မ ကျန်းမာရေး မကောင်းဘူးဆိုလို့ မရဘူး။”
နုပျိုမှုတွေကိုစားတဲ့ စားသောက်ဆိုင်
လိင်လုပ်သားအဖြစ် လုပ်ကိုင်တဲ့နေ့ကနေစပြီး လူကုန်ကူးမှု သားကောင်အဖြစ် အေးမွန်ဟာ ကျဆုံးခဲ့တယ်။ တစ်နေ့ကို မိန်းခလေး တစ်ဦးကို ယောကျာ်းဦးရေ ၂၆ ဦးနဲ့ ပုံမှန်ဆက်ဆံခိုင်းပြီး တစ်ဦးလျင် ဆက်ဆံကြေး ၇၀ဝ၀ ကို ဆိုင်ပိုင်ရှင်က ရရှိတယ်လို့ အေးမွန်က ဆိုတယ်။ သူတို့ကို ၂၀ဝ၀ ကျစီ သတ်မှတ်ထားပေမယ့် လကုန်မှာသာ ရှင်းပေးမယ်လို့ ပြောပြီး မရှင်းပေးဘူးလို့ အေးမွန်က သူရဲ့ စိုးရိမ်စိတ်ကို ပြောပြပါတယ်။
“ ငွေကိုလည်း မတောင်းရဲဘူး ရိုက်နှက်ခံရမှာကို ကြောက်တယ်။” စားသောက်ဆိုင်မှာ နေထိုင်ရတဲ့ ကာလတွေဟာ အိမ်ကိုလည်း မပြန်ခဲ့ရသလို အပြင်ကိုလည်းမထွက်ရဲဘဲ၊ ထမင်းအာဟာရကိုပါ မဝရေစာ စားသောက်ခဲ့ရတယ်။
သူ စားသောက်ဆိုင်ရောက်ပြီး ၃ လအကြာ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ သူနှင့်အတူ မိန်းကလေး ၁၄ ဦးဟာ စားသောက်ဆိုင် ငရဲခန်းက လွတ်မြောက်ခဲ့ပါတယ်။ အေးမွန်တို့ ခံခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ လူကုန်ကူးမှုနဲ့ မြောက်ပြီး ရခိုင်ဒေသရဲ့ ပထမဦးဆုံး ပြည်တွင်း လူကုန်ကူးမှုလို့ စစ်တွေလူကုန်ကူးမှုဌာန အရာရှိဖြစ်သူ ဦးကျော်ညွန့်ကဆိုပါတယ်။
မအေးမွန်အပါအဝင် ကျန်တဲ့ မိန်းခလေး ၁၄ ဦးကို အချိန်တိုအတွင်း လှုပ်ရှားမှု ပုံသဏ္ဍန် ကယ်တင်ခဲ့တာဖြစ်တယ်လို့ ဦးကျော်ညွန့်က စားသောက်ဆိုင်အမည်ခံ လိင်လုပ်ငန်းကို ဝင်ရောက်ဖမ်းဆီးစဉ်က ဖြစ်စဉ်ကို သုံးသပ်ပါတယ်။
“ ဆိုင်ထဲကို ဝင်လိုက်ရင် စားသောက်ဆိုင်ပုံစံအတိုင်းပဲ၊ လိုင်စင်တွေက အစရှိတယ်၊ ဖမ်းမယ်လို့ဆိုရင် မိန်းခလေးတွေက မရှိတော့ဘူး၊ တစ်နေရာမှာ ပုန်းဝှက်ထားကြတယ်၊ ကျွန်တော်တို့ လူကုန်ကူးမှုဌာနအနေနဲ့ သတင်းအရစောင့်ကြည့်ခဲ့တာ ကြာခဲ့ပါပြီ၊ ဝင်ရောက် ရှာဖွေလိုက်တော့ အဲဒီမှာ လုပ်အားခေါင်းပုံဖြတ်ခံရပြီး ပိတ်လှောင်ထားတဲ့ မိန်းလေးတွေကို သွားတွေ့တာ။”

စားသောက်ဆိုင်အတွင်းမှာ တွေ့ရှိခဲ့တဲ့ မိန်းခလေး ၁၄ ဦးထဲက ၇ ဦးကို လုပ်အားခလစာ မရရှိတာရယ်၊ ပိတ်လှောင် ညဉ်းပမ်း နှိပ်စက်မှုတွေကြောင့် လူကုန်ကူးမှုမြောက်တဲ့အတွက် စားသောက်ဆိုင်ပိုင်ရှင်နဲ့ ဆိုင်မန်နေဂျာကိုပါ လူကုန်ကူးမှု ဥပဒေအရ တရား စွဲဆိုထားပါတယ်။
ကယ်တင်ရန်ခက်ခဲနေတဲ့ ညဉ်းပန်းနှိပ်စက်ခံရမှုတွေ စားသောက်ဆိုင်မှာ ရှိနေတဲ့ မိန်းကလေးတွေဟာ စစ်တွေလူကုန်ကူးမှုဌာနက ဝင်ရောက်မရှာဖွေမီ နေပြည်တော်ဟော့လိုင်း လူကုန်ကူးမှုဌာနဖုန်းကို ဆက်သွယ်ခဲ့တယ်လို့ လူကုန်ကူးမှု ခံရသူတွေထဲမှာပါ ဝင်သူတစ်ဦးဖြစ်တဲ့ မဝင်းတင်က ပြောပါတယ်။
သူလည်းပဲ အေးမွန်လို့ အမည်ကို မဖော်ပြပေးဖို့ တောင်းဆိုပါတယ်။ လူကုန်ကူးမှုခံရသူ မိန်းခလေး အများစုရဲ့ ထွက်ဆိုချက်တွေဟာ အလုပ်လိုချင်စိတ်နဲ့ ရောက်ရှိလာကြတာပဲ ဖြစ်ပါတယ်။ လိင်လုပ်သားအဖြစ် လုပ်ကိုင်ရင်း ပိုင်ရှင်ဖြစ်သူရဲ့ အလိုမကျမှုတွေအောက်မှာ ဆိုင်တွင်းဝန်ထမ်းတချို့ဟာ အလိုမတူဘဲ ညဉ်းပမ်း နှိပ်စက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေနေကို သက်ဆိုင်ရာကို တိုင်တန်းဖို့ကြိုးစားခဲ့ပေမယ့် သူတို့အနေနဲ့ အခွင့်မသာခဲ့ဘူးလို့ ဆိုပါတယ်။ နေပြည်တော်လူကုန်ကူးမှုဌာနကို ဖုန်းဆက်ဖြစ်တာဟာလည်း ဆိုင်ပိုင်ရှင်မသိအောင် သူတို့ ကြိုးစားဆက်သွယ်ခဲ့တာလို့ ပြောပါတယ်။
ဒီလို ညဉ်းပမ်း နှိပ်စက်ခံရမှုတွေ အပေါ် အမျိုးသမီး လိင်လုပ်သမားများအရေးကို ကူညီပေးနေတဲ့ ဒေါ်နှင်းနှင်းယုက မြို့ကြီးတွေထက် နယ်ပိုင်းတွေမှာ သိရှိဖို့ ပိုမိုခက်ခဲ့တယ်လို့ သူရဲ့အတွေ့အကြုံကို ဆိုပါတယ်။
“တစ်ခါတစ်လေ ဥပဒေအရ ကာယကံရှင်ကိုယ်တိုင်က သိဖို့လိုအပ်တယ်၊ ဘယ်နေရာတွေမှာ တိုင်တန်းလို့ရတယ်ပေါ့ ကျွန်မတို့ဆီကလည်း ကွန်ရက်ပိုင်းတွေ ချိတ်ဆက်မှု အားနည်းနေသေးတယ်။”
အေးမွန်တို့လို လိင်လုပ်သားအဖြစ်ကနေ ကယ်တင်ရတဲ့ လူကုန်ကူးမှုတွေဆိုရင် တချို့နေရာတွေမှာ လူကုန်ကူးခြင်းခံရသူ အချင်းအချင်း ခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့လည်း ဒေါ်နှင်းနှင်းယုက သုံးသပ်ပြပါတယ်။
“ အဓိကတော့ နယ်တွေမှာဆိုရင် လိင်လုပ်သားတွေဆိုပြိး ပိုပြီးခွဲခြားတတ်ပြီး သူတို့ရဲ့ ရပိုင်ခွင့်တွေကို လုပ်ပေးမယ့် အဖွဲ့အစည်းတွေလည်း မရှိကြဘူး၊ အကူညီပေးမယ့် သူတွေကလည်းရှားတယ်။”
လူကုန်ကူးမှုကနေ လွတ်မြောက်လာတဲ့ သူတွေကို လူမှုဖူလုံရေးနဲ့ လူကုန်ကူးမှုဌာနက သူတို့ဘဝတွေ ပြန်ပြီး တည်ငြိမ်ဖို့ ငွေကြေးဆိုင်ရာ အထောက်အပံ့အကူညီတွေ ရရှိဖို့ တောင်းခံထားတယ်လို့ ရဲမှူးဦးကျော်ညွန့်က ဌာနရဲ့လုပ်ဆောင်ချက် ကို ဆိုပါတယ်။ တစ်ဦးစီကို ထောက်ပံ့ကြေးငွေ ၃ သိန်းကနေ ၁၀ သိန်းအထိ တောင်းခံဖို့ စီစဉ်ထားတာကို သိရပါတယ်။
ခက်ခဲနေတဲ့ သတင်းအချက်အလက်ရရှိမှု
ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှုတွေကို ဖော်ထုတ်ဖို့ သတင်းအချက်အလက်ရရှိမှုဟာ အဓိက အချက်အလက်အဖြစ်ပြီး၊ သတင်း အချက်အလက် မရရှိဘူးဆိုရင် လူကုန်ကူးမှုဌာနအနေနဲ့ ခက်ခဲမှုတွေ ရှိတယ်လို့ ပြောပြပါတယ်။ ဒီလို သတင်းအချက်အလက်၊ သတင်းပေးမှုတွေကို သိရှိရအောင် လူကုန်ကူးမှုဌာနရဲ့ ဟော့လိုင်းဖုန်းတွေကို အမြဲဖွင့်ထားတယ်လို့ ဆိုပါတယ်။
လူကုန်ကူးမှုနဲ့ ပါတ်သက်ပြိး အသိပညာပေးလှုပ်ရှားမှုတွေ မြင့်တင်ပြီးတဲ့ နောက်ပိုင်းမှာ မေလကုန် ဇွန်လဆန်းမှစပြီး ဟော့လိုင်း ဖုန်းများသို့ ဖုန်းခေါ်ဆို မှုပေါင်း (၆၉၇) ကြိမ်ရှိခဲ့တယ်လို့ နေပြည်တော် လူကုန်ကူးမှုဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအထဲမှာ လူကုန် ကူးသတင်းပေးတိုင်ကြားမှု (၂) ကြိမ်၊ လူပျောက် သတင်းပေးတိုင်ကြားမှု (၄၇) ကြိမ်၊ ပြည့်တန်ဆာ၊ လောင်းကစားစသည့် အမှုအခင်းများနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားမှု (၅၃) ကြိမ်၊ ဖုန်းမှားဆက်ခြင်း (၂၀၆) ကြိမ်နှင့် မှား၍ ဖုန်းခေါ်ဆိုမှု (၅၃) ကြိမ်၊ ဖုန်းခေါ်ပြီး ပြန်မပြောသည့် ဖုန်းခေါ်ဆိုမှု (၂၈၂) ကြိမ်နှင့် ဆဲဆိုခြင်း၊ စနောက်ခြင်းနှင့် နှောင့်ယှက်သော ဖုန်းခေါ်ဆိုမှု (၅၄) ကြိမ်ဆိုပြီး ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ဥပေဒကို စစ်အစိုးရလက်ထက် ၂၀ဝ၅ ခုနစ်က ပြဌာန်းခဲ့ပြီး ယနေ့အချိန်မှာတော့ ပြန်ပြီး ရေးဆွဲဖို့ကြိုးစား ပြင်ဆင်နေကြပါတယ်။ လူကုန်ကူးမှု ဥပဒေမှာ တွေ့ရှိရတာက လူကုန်ကူးရန် ကြိုတင်ပြင်ဆင်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ အားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်း စတဲ့ အခြေနေတွေနဲ့ လူကုန်ကူးမှု ကျူးလွန်ပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ထို့ပြင် လူကုန်ကူးမှုမှ ရရှိသည့် ငွေကြေး၊ ပစ္စည်း၊ အဆောက်အအုံ အားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အများဆုံးဖြစ်ပွားနေတဲ့ ပြည်တွင်း လူကုန်ကူးမှု အမျိုးအစားတွေကို ကြည့်ရင် တရုတ်အမျိုးသားများနှင့် အဓမ္မ လက်ထပ်ရန် မြန်မာအမျိုးသမီးများကို ရောင်းစားခြင်း၊ တရုတ်နိုင်ငံသို့ ကလေးငယ်များကို မွေးစားရန် ရောင်းစားခြင်း၊ ထိုင်းငါးဖမ်းစက်လှေ၊ ရေလုပ်ငန်းစက်ရုံများတွင် အဓမ္မစေခိုင်းရန် ရောင်းစားခြင်း၊ အင်ဒိုနီးရှား ငါးဖမ်းစက်လှေများတွင် အဓမ္မစေခိုင်းရန် ရောင်းစားခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ အတင်း အဓမ္မပြည့်တန်ဆာပြုခြင်း၊ အိမ်ဖော်အဖြစ် အဓမ္မ စေခိုင်းခြင်း၊ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း၊ သူတောင်းစားအဖြစ် အဓမ္မစေခိုင်းခြင်း၊ ကလေး သူငယ်များကို လမ်းဘေးဈေးရောင်း၍ ဝင်ငွေရှာခိုင်းခြင်းများကို စစ်ဆေးဖော်ထုတ် တွေ့ရှိရတယ်လို့ လူကုန်ကူးမှု ဖြစ်စဉ် မှုခင်းသတင်းတွေက ဖော်ပြနေပါတယ်။
ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူကုန်ကူးမှုဌာန အနေနဲ့ ပြည်သူတွေ လူကုန်ကူးမှု မဖြစ်ပေါ်ရအောင် တားဆီးကာကွယ်နိုင်တဲ့ ပညာပေး လှုပ်ရှားမှုတွေကိုသာ ပြုလုပ်နိုင်ပြီး လူကုန်ကူးမှုက ကယ်တင်နိုင်ခဲ့တဲ့ သူတွေကို စစ်ဆေးနေတဲ့ ကာလမှာ ကျွေးမွေးပြုစုစားရိတ်က အခက်ခဲရှိတယ်လို့ လည်းသိရှိရပါတယ်။
“တစ်ဦးတစ်ယောက်ဆိုရင် ပြဿနာမရှိဘူး၊ ဒီလို အုပ်စုလိုက်ဆိုရင် ရှိတဲ့လစာကပါ ကုန်တယ်၊ ထမင်းဖိုး၊ လက်ဖက်ရည်ဖိုး၊ ခရီးစရိတ်တွေကအစ လုပ်ပေးထားရတာ။”
ကျွေးမွေးစောင့်ရှောက်ထားတဲ့ ကုန်ကျစားရိတ်တွေကို နောက်ဆုံးအခြေနေမှာ ဌာနသို့ တင်ပြရတယ်လို့ သူကဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ လူကုန်ကူးမှုဌာနကို စစ်တွေနဲ့ မောင်တောမှာ ရုံးဖွင့်လှစ်ထားပါတယ်။ လူကုန်ကူးမှုဖြစ်ပြီဆိုရင် လူကုန်ကူး ခံရတဲ့သူတွေကို လူမှုဖူလုံရေးရုံးမှာ ထားရှိပြီး စောင့်ရှောက်ထားတယ်။
လူမှုအဖွဲ့အစည်းတွေ အကူညီလိုအပ်
စစ်တွေမြို့ပေါ်မှာ ဆိုရင် လူကုန်ကူးမှုဌာနဲ့ အဓိက အမျိုးသမီးအရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသမီး အစည်းရုံး အတွင်းရေးမှူး ဒေါ်စောစံငြိမ်းသူက အမျိူးသမီးတွေ ပါလာပြီဆိုရင် သူတို့ကိုလည်း ကူညီစောင့်ရှောက်ပေးဖို့ အကူညီတောင်းခံတယ်လို့ ဆိုပါတယ်။
ရခိုင်ဒေသမှာ လူကုန်ကူးမှုဟာ ၂၀၁၀ ကနေ၂၀၁၂ နှစ်နှစ်တာကာလအတွင်းထိ ၁ မှုစီရှိပြိး တရားခံပေါင်း ၁၉ ဦး၊ ၂၀၁၃ ခုနစ်မှာ တရားခံမရရှိတဲ့ အမှု ၂ မှု၊ ၂၀၁၄ မှာ ၁ မှု ရှိနေရာကနေ ၂၀၁၅ မှာ မရှိဘဲ ၂၀၁၆ မှာ ၈ မှုအထိ မြင့်တက် လာကြောင်း စစ်တွေမြို့နယ် လူကုန်ကူးမှုဌာန တပ်ဖွဲ့ ၅ ရဲ့စာရင်းက ဖော်ပြထားတာကို သိရှိရပါတယ်။
လူကုန်ကူးမှုဖမ်းဆီးဖော်ထုတ်မှု အရေအတွက်ဟာ နည်းပါးနေပေမယ့် လူကုန်ကူးမှုတွေဖြစ်ပေါ်နေနိုင်တယ်လို့ ရခိုင်အမျိုးသမီး အစည်းရုံးက ဒေါ်စောစံငြိမ်းသူက သုံးသပ်ပါတယ်။ ဒေသတွင်း သွားလာလှုပ်ရှားမှုတွေအပြင် ပြည်ပကို ထွက်ခွာမှုတွေပါ ရှိနေကြပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဌာနတွေ အနေနဲ့လည်း ထိထိရောက်ရောက်လုပ်နိုင်ဖို့ အကူညီတွေ လိုအပ်နေသေးတယ်လို့ သူက ထောက်ပြပါတယ်။
“ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်မတို့ အားမရတာတွေ အများကြီး ရှိပါသေးတယ်၊ နိုင်ငံတော်က လူကုန်ကူးမှုဌာနကနေ ဒီကိစ္စရပ်တွေ အပေါ် တားဆီးကာကွယ်ဖို့ မူဝါဒတွေကို ချမှတ်ထားရင်လည်း ထိထိရောက်ရောက်လုပ်နိုင်တဲ့ အနေထားကို မတွေ့ရှိရပါဘူး၊ ကျမတို့ ၂၀၁၂ ခုနစ်ကဆိုရင် လူကုန်ကူးမှုအဖွဲ့က ကိုယ်တိုင် ကျမတို့ကို လာရောက်ပြိး အပ်နှံတာတွေ ရှိပါတယ်၊ အဲဒီလို ဖြစ်စဉ်မျိုး ကျမတို့ ၁ မှု ၂ မှု ကြုံဖူးပါတယ်။”
အပေါ်ယံအဆင့် လုပ်ဆောင်နိုင်တဲ့ အခြနေသာ ရှိတယ်လို့ သူက သုံးသပ်ပါတယ်။ ဒေါ်စောစံငြိမ်းသူ ပြောသလို အမေရိကန် နိုင်ငံခြားဌာနရဲ့ ၂၀၁၄ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာလည်း မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာက လက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက်မှုကို မရောက်ရှိသေးဘူးလို့ ဆိုပါတယ်။
ဒီလိုအခြေနေတွေကြောင့် မြန်မာနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ထွက်ပြေးနေတဲ့ တရားခံပြေး ပေါင်း ၁၀၂၁ ဦးရှိပြီး တရားခံပြေး အနက် အမျိုးသမီး ဦးရေမှာ ပိုမို များပြားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ၂၀၁၅ ခု ဧပြီလ မှတ်တမ်းတွေအထိ သိရှိရပါတယ်။ အမျိုးသမီးဦးရေ ၁၉၀ ကျော်တယ်လို့ သိရှိရတာပါ။
ရခိုင်ပြည်နယ်ရဲ့ လူကုန်ကူးမှုအနေထားဟာ ၂၀၁၆ ခု ဇန်နဝါရီမှ သြဂုတ် အထိ ရှစ်လတာအတွင်း ရရှိထားတဲ့ ကိန်းဂဏန်းတွေကို တွက်ရှိချက်တွေအရ မြန်မာနိုင်ငံမှာ တတိယအဆင့်အနေထားမှာ ရှိပါတယ်။
လူကုန်ကူးမှု ၇၈ မှုဖြစ်ပွားခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးတွင် ၁၀ မှု၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခြောက်မှုစီ၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် တစ်မှုစီ၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နှစ်မှုစီ၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် သုံးမှုစီ၊ ကချင်ပြည်နယ်တွင် ရှစ်မှုနှင့် ရှမ်းပြည်နယ်တွင် ၃၄ မှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ( ၂၀၁၆ ခုဧပြီလအထိ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဌာနမှ ထုတ်ပြန်သည့် စာရင်းအများအရ သိရှိရသည်။)
လူကုန်ကူးမှုတွေ ဖြစ်ပွားမှု အများဆုံးကို တွေ့ရှိထားတာဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ဆိုတာကို The Root နဲ့ တွေ့ရှိထားတဲ့ သတင်းရင်းမြစ်တိုင်းက အတည်ပြုပါတယ်။
ပြန်လည်ရှင်သန်ခြင်း
အေးမွန်တို့ လွတ်မြောက်ဖို့ အကြောင်းဖန်လာတဲ့ အထဲမှာ ဆိုရှယ်မီဒီယာ ကွန်ရက်ကြောင့်ဆိုရင် မမှားပါဘူး။ အေးမွန်နဲ့ ဘဝတူ ဖြစ်တဲ့ မိန်းခလေးတစ်ဦးကို နေပြည်တော် လူကုန်ကူးမှုဌာန ဖုန်းနံပါတ်ကို ဆိုရှယ်မီဒီယာ ကွန်ရက် တစ်ခုဖြစ်တဲ့ Facebook, Viber အသုံးပြုရင်းကနေ ရရှိလာပါတယ်။ နေပြည်တော်ဟော့လိုင်း ဖုန်းနံပါတ်ကို သိတဲ့အနေထားမှ စပြီး တိုင်တန်းဖို့ ကြောက်ရွံ့နေခဲ့ကြပါသေးတယ်။ 
စားသောက်ဆိုင်မှာ ဖုန်းကိုင်ရတဲ့ အချိန်ဟာ အနည်းငယ်သာ ရရှိပါတယ်။ အပြင်ကို မထွက်ရတာကြောင့် မိန်းမ အသုံးအဆောင်ပစ္စည်းတွေက အစ ဆိုင်တွင်းမှာပဲ အပြင်ဈေးထက် ၂ ဆ ပိုမိုမြင့်မားစွာဝယ်ရတယ်လို့ လည်းပြောပါတယ်။
“သောက်ရေသန့်ကအစ ဝယ်သုံးရတယ်၊ သောက်မယ့် ဆေးဝါးတွေကအစပေါ့။”
စားသောက်ဆိုင် ငရဲခန်းက မလွတ်မြောက်ခင် ၂ ရက်အလို ညနက်သန်းခေါင်မှာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူက ဆိုင်မှာ လိင်လုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ ကောင်မလေး ၂ ဦးကို ညနက်သန်းခေါင် ဆိုင်ကနေ ရိုက်နှက်ကြိမ်းမောင်းပြီး နှင်ထုတ်လိုက်ပါတယ်။
ဒီအခြေနေတွေဟာ ငရဲခန်းမှာ ကျန်ရစ်ခဲ့တဲ့ အေးမွန်တို့ကို နေပြည်တော် ဟော့လိုင်းဖုန်းကို ဆက်သွယ်ဖို့ ဆုံးဖြတ်စေတဲ့ ခံစားချက်တွေပဲဖြစ်ပါတယ်။ ဆိုင်ကနေ နှင်ထုတ်လွှတ်လိုက်တဲ့ ကောင်မလေးတွေလည်း အေးမွန်နည်းတူ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ ပါရှိပါတယ်။ အဲဒီ ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ စစ်တွေမြို့ ပြည့်သူဆေးရုံကြီးက ဆေးစာရယူပြီး စားသောက်ဆိုင်ပိုင်ရှင်ကို တရားစွဲတဲ့အထဲမှာ ထည့်သွင်း ထားတယ်။ ရရှိခဲ့တဲ့ ဒဏ်ရာတွေဟာ ဘယ်လက်မောင်းမှာ ညိုမဲဒဏ်ရာတွေနဲ့ ဘယ်လက်ညိုး အဆစ်လွဲ ဖူးရောင်ဒဏ်ရာတွေကို ရရှိခဲ့တယ်လို့ အေးမွန်က ဆိုတယ်။
အလုပ်အကိုင်ရှားပါးတဲ့ အခြေနေတွေကြောင့် လိင်လုပ်သားဘဝကို ကျရောက်ခဲ့တဲ့ အေးမွန်ဟာ သူ့အနေနဲ့ ဘဝကိုပြန်ပြီး အသစ်ကနေ စတင်လိုနေပါတယ်။ ငရဲခန်းအဖြစ် နေထိုင်ခဲ့တဲ့ စားသောက်ဆိုင်တည်ရှိရာ စစ်တွေမြို့တော်ကနေ သူ ၆ ရက်နေ့မှာ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်။
အေးမွန်တို့ ဖြစ်ပျက်ခဲ့တဲ့ အခြေနေဟာ တရားဥပဒေစိုးမိုးမှု မရှိတဲ့ အခြေနေကြောင့်ပဲဆိုတာကို ရခိုင်အမျိုးသမီးအစည်းရုံးက ဒေါ်စောစံငြိမ်းသူက အားမလို အားမရဆိုပါတယ်။
“ သက်ဆိုင်ရာ အာဏာပိုင်တွေက မသိရှိတာ အံသြတယ်၊ စားသောက်ဆိုင် လိုင်စင်တွေကအစ ကိုင်ပြီး စနစ်တကျလုပ်နေတာ၊ ဒါတွေဟာ တရားဥပဒေစိုးမိုးမှုမရှိတာကို ဖော်ပြနေတာပဲ။”
Credit:မိုးအောင် (RiA)
Loading...