ထိုင်းမှာ မြန်မာလုပ်သား (၃) ဦး ဆယ်ဘီးကားတိုက်ခံရပြီး သေဆုံး
_________________________________________________________
Image may contain: 1 person, standing and outdoor
Image may contain: people sitting, table and indoor
Image may contain: 1 person, standing and indoor
ဒီကနေ့မနက်ပိုင်းကထိုင်းနိုင်ငံမှာ မြန်မာလုပ်သား(၃)ဦး ဆယ်ဘီးကား တိုက်ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေ အရေးဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်(၆)နာရီခန့်က ထိုင်းနိုင်ငံ နခွန်ပထုန်ဆီစန်ဖန် I.S.A Value Co.ltdငါးသေတ္တာစည်သွတ်ဘူးရုံမှာ MOU နဲ့လာရောက် အလုပ်လုပ် ကိုင်နေသူ(၃)ဦး စက်ဘီးနဲ့အလုပ်သွားစဉ် ဆယ်ဘီးကားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ မြန်မာလုပ်သားတွေကတော့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ညောင်ကိုင်းရွာက မောင်နှမနှစ်ဦးဖြစ်တဲ့ ကိုတင်ကျော်မိုး၊မငြိမ်းငြိမ်းစိုးနဲ့ ယင်းမာပင်မြို့နယ်၊ တာဝရွာက ကိ်ုအောင်ပြည့်ဝင်းတို့ ဖြစ်ပါတယ်။လက်ရှိမှာတော့ ယာဉ်မောင်း ဖြစ်သူကထွက်ပြေးတိမ်းရှောင်နေတာကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် AACမဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Loading...