Breaking News - မြစ်ကြီးနားမှာ သူနာပြုဆရာမတစ်ဦးဓားဒဏ်ရာ ၁၉ ချက်ဖြင့်အသတ်ခံရ


_________________________________________________________

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သူနာပြုဆရာမတစ်ဦး ဓားဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၉ ရက် ညနေ ၅ နာရီခန့်က မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် အသက် ၂၄ နှစ်အရွယ် သူနာပြုဆရာမ အသတ်ခံရမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ သူနာပြုဆရာမရဲ့ ကိုယ်ခန္ဓာအနှံမှာ ဓားဒဏ်ရာ ၁၉ ချက်တွေ့ရှိရကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။
အသတ်ခံရတဲ့ သူနာပြုဆရာမ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးနေပြီး ၎င်းနဲ့ သိကျွမ်းခဲ့ဖူးသူ အမျိုးသားတစ်ဦးကို စစ်ဆေးမေးမြန်းနေကြောင်း သိရပါတယ်။ အသတ်ခံရတဲ့ သူနာပြုဆရာကို လူငါးဦးထက်မနည်းက အဓမ္မကျူးလွန်ပြီး သတ်ခဲ့ကြောင်းလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေမှုဟာ သတင်းမှားသာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယခုဖြစ်စဉ်ကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး မှုခင်းဆရာဝန်ရဲ့ ဆေးစစ်ချက်ကို စောင့်ဆိုင်းနေကြောင်းလည်း ရဲတပ်ဖွဲ့မှ သတင်းရရှိကြောင်း 7Day Daily သတင်းစာက ဖော်ပြထားပါတယ်။
Source: 7Day Daily