Breaking News

(၁၂ႏွစ္) အရြယ္ တတိယတန္း ေက်ာင္းသူေလး ဓားျဖင့္ ခုတ္သတ္ခံရ


Loading...
----------------------------




စစ္ကိုင္းတိုင္းေဒသႀကီး ကန္႔ ဘလူၿမိဳ႕နယ္ ေျမမြန္ေက်းရြာအုပ္စု ေဂြးေတာက္ပင္ ေတာတိုက္တြင္ ေဖေဖာ္၀ါရီလ ၂ ရက္ေန ့ ညေန ၄ နာရီက တူမျဖစ္သူ တတိယတန္းေက်ာင္း သူေလးအား ဓားျဖင့္ ခုတ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ကန္႔ဘလူၿမိဳ႕မရဲ စခန္းမွ တာဝန္မွဴးဒုရဲအုပ္ေအာင္ႏိုင္ ျမင့္က မလယ္ နယ္ေျမရဲစခန္းပိုင္ ေျမမြန္ေက်းရြာအုပ္စု ေဂြးေတာက္ ပင္ေတာတိုက္ေန သန္းေဌး (၄၃ ႏွစ္)ဆိုသူမွာ တူမျဖစ္သူအားဓား ျဖင့္ခုတ္သတ္၍ လာေရာက္အဖမ္း ခံေနေၾကာင္း ဖုန္းျဖင့္အေၾကာင္း ၾကားခဲ့သည္။

သို႔ျဖစ္ရာ ၄င္းေတာတိုက္သို႔ မလယ္ နယ္ေျမရဲစခန္းမွဴး ရဲအုပ္ သုတႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ သက္ေသ မ်ားႏွင့္အတူ သြားေရာက္စစ္ေဆး ရာ ေဂြးေတာက္ပင္ေတာတိုက္ရွိ ေက်ာက္ဇလုပ္ေခ်ာင္းအတြင္း၌မမိုး သူဇာ(၁၂ႏွစ္)တတိယတန္းေက်ာင္း သူမွာ ယာဘက္လည္ပင္းျပတ္ရွ ဒဏ္ရာတစ္ခ်က္ရရွိကာ အခင္း ျဖစ္ေနရာတြင္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရွိရသည္။

တရားခံသန္းေဌး၏ စစ္ေဆး ဝန္ခံထြက္ဆိုခ်က္အရ ယမန္ႏွစ္က ေသဆံုးသူ၏မိခင္ ေဒၚခင္ခ်ဳိျမင့္၏ တဲေတာမီးမွတစ္ဆင့္ ကူးစက္ ေလာင္သည္ကို သန္းေဌးမွ မီး႐ိႈ႕ခဲ့ ျခင္းျဖစ္ေၾကာင္း စြပ္စြဲခံရသည္ကို ရန္ၿငိဳးထားကာ မေက်နပ္၍ တူမ မမိုးသူဇာအား ေတာထဲသို႔ ပ်ားအံု လိုက္ျပရန္လိမ္ညာေခၚေဆာင္သြား ၿပီး ေက်ာက္ဇလုပ္ေခ်ာင္းအတြင္း အေရာက္ဓားမျဖင့္တစ္ခ်က္တည္း ခုတ္ခဲ့ေၾကာင္း စစ္ေဆးသိရွိရျခင္း ျဖစ္သည္။

အဆိုပါတရားခံသန္းေဌးအား မလယ္နယ္ေျမရဲစခန္းက(ပ)အမွတ္ ၄/၂ဝ၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂ အရ အမႈဖြင့္အေရးယူေဆာင္ ရြက္လ်က္ရွိေၾကာင္း သိရသည္။

ေအာင္ဝင္းၿငိမ္း(ကန္႔ဘလူ)
The Union Daily
https://www.facebook.com/uniondaily.net/

Unicode

စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ် မြေမွန်ကျေးရွာအုပ်စု ဂွေးတောက်ပင် တောတိုက်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ ့ ညနေ ၄ နာရီက တူမဖြစ်သူ တတိယတန်းကျောင်း သူလေးအား ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူမြို့မရဲ စခန်းမှ တာဝန်မှူးဒုရဲအုပ်အောင်နိုင် မြင့်က မလယ် နယ်မြေရဲစခန်းပိုင် မြေမွန်ကျေးရွာအုပ်စု ဂွေးတောက် ပင်တောတိုက်နေ သန်းဌေး (၄၃ နှစ်)ဆိုသူမှာ တူမဖြစ်သူအားဓား ဖြင့်ခုတ်သတ်၍ လာရောက်အဖမ်း ခံနေကြောင်း ဖုန်းဖြင့်အကြောင်း ကြားခဲ့သည်။

သို့ဖြစ်ရာ ၄င်းတောတိုက်သို့ မလယ် နယ်မြေရဲစခန်းမှူး ရဲအုပ် သုတနှင့်တပ်ဖွဲ့ဝင်များ၊ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေး ရာ ဂွေးတောက်ပင်တောတိုက်ရှိ ကျောက်ဇလုပ်ချောင်းအတွင်း၌မမိုး သူဇာ(၁၂နှစ်)တတိယတန်းကျောင်း သူမှာ ယာဘက်လည်ပင်းပြတ်ရှ ဒဏ်ရာတစ်ချက်ရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်။

တရားခံသန်းဌေး၏ စစ်ဆေး ဝန်ခံထွက်ဆိုချက်အရ ယမန်နှစ်က သေဆုံးသူ၏မိခင် ဒေါ်ခင်ချိုမြင့်၏ တဲတောမီးမှတစ်ဆင့် ကူးစက် လောင်သည်ကို သန်းဌေးမှ မီးရှို့ခဲ့ ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသည်ကို ရန်ငြိုးထားကာ မကျေနပ်၍ တူမ မမိုးသူဇာအား တောထဲသို့ ပျားအုံ လိုက်ပြရန်လိမ်ညာခေါ်ဆောင်သွား ပြီး ကျောက်ဇလုပ်ချောင်းအတွင်း အရောက်ဓားမဖြင့်တစ်ချက်တည်း ခုတ်ခဲ့ကြောင်း စစ်ဆေးသိရှိရခြင်း ဖြစ်သည်။

အဆိုပါတရားခံသန်းဌေးအား မလယ်နယ်မြေရဲစခန်းက(ပ)အမှတ် ၄/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)
The Union Daily
https://www.facebook.com/uniondaily.net/
Loading...