Breaking News


ေသနတ္သမား ၾကည္လင္း၏ ရဲစစ္ခ်က္ ေပါက္ၾကားမႈ စံုခံုဖြဲ႔စစ္

Loading...


တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခဲ့သူ ၾကည္လင္း၏ ထြက္ဆိုခ်က္ လွ်ိဳ႕ဝွက္စာ႐ြက္မ်ား ေပါက္ၾကားမႈႏွင့္ ပတ္သက္၍ ရဲအရာရွိအခ်ိဳ႕ကို စံုခံုဖြဲ႔ စစ္ေဆးေနေၾကာင္း ရဲအသိုင္းအဝိုင္းထံမွ သိရသည္။

“Viber နဲ႔ ေပးပို႔တဲ့ ဒီလွ်ိဳ႕ဝွက္စာေတြ အျပင္ေပါက္ၾကားလာစရာ အေၾကာင္းမရွိဘူး၊ Viber Hack ခံရတယ္ဆိုတာ ယုတၱိမရွိဘူး၊ အမႈစစ္ေဆးရာမွာ ပါဝင္တဲ့ တပ္ဖြဲ႔ဝင္ တစ္ေယာက္ေယာက္က ဒီစာေတြကို အျပင္လူတစ္ဦးဦးဆီ ပို႔လိုက္ရာက အြန္လိုင္းေပၚ ပ်ံ႕သြားတာ၊ ဒါေၾကာင့္ သတင္းလံုၿခံဳမႈကို မထိန္းခ်ဳပ္ႏိုင္တဲ့ တပ္ဖြဲ႔ဝင္ကို ေဖာ္ထုတ္အေရးယူဖို႔ စံုစမ္းစစ္ေဆးေနတယ္လို႔ ၾကားမိတယ္” ဟု အမည္မေဖာ္လိုသူ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

ဇန္နဝါရီလ ၃၁ ရက္ေန႔က လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္ ေသနတ္သမား ၾကည္လင္း၏ ရဲစစ္ခ်က္ လွ်ိဳ႕ဝွက္စာမ်ားတြင္ ၾကည္လင္းမွာ ဘုရားခိုးမႈျဖင့္ ႏွစ္ရွည္ေထာင္က်ခဲ့ၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လြတ္လာသူျဖစ္ေၾကာင္း၊ ၎ကို ထိုင္းနယ္စပ္တြင္ ေနထိုင္ေသာ ျမင့္ေဆြဆိုသူက တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ၏ ဓာတ္ပံုကိုျပၿပီး သတ္ေပးမည္ဆိုလွ်င္ ကားတစ္စီးေပးမည္ဟု ေျပာဆို၍ ေသနတ္ႏွစ္လက္ ထုတ္ေပးခဲ့ေၾကာင္း တရားခံ၏ ထြက္ဆိုခ်က္မ်ားကို ေရးသားထားသည္။

ယင္းလွ်ိဳ႕ဝွက္စာ႐ြက္ ေျခာက္႐ြက္တြင္ စာမ်က္ႏွာ ၁၊ ၂၊ ၃၊ ၆ မွာ လူမႈကြန္ရက္ စာမ်က္ႏွာေပၚ ပ်ံ႕ႏွံ႔ခဲ့ေသာ္လည္း စာမ်က္ႏွာ ၄ ႏွင့္ ၅ မွာမူ ေဖာ္ျပခဲ့ျခင္း မရွိေပ။

ယင္းစာမ်ား ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ ၾကည္လင္း၏ အမႈတြင္ ပါဝင္ပတ္သက္ေသာ ျမင့္ေဆြအပါအဝင္ ငါးဦးကို ကရင္ျပည္နယ္ ဘားအံႏွင့္ ျမဝတီၿမိဳ႕တို႔တြင္ ထပ္မံဖမ္းမိခဲ့ေၾကာင္း သတင္းဓာတ္ပံုမ်ား လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔ခဲ့ေသာ္လည္း ကရင္ျပည္နယ္ ရဲတပ္ဖြဲ႔မွဴးႏွင့္ ရဲခ်ဳပ္ ေဇာ္ဝင္းတို႔မွ ယင္းသတင္းမ်ားကို အတည္မျပဳရန္ မီဒီယာမ်ားကို ေျပာၾကားခဲ့သည္။

အမ်ားျပည္သူ စိတ္ဝင္စားေနသည့္ ယင္းအမႈ၏ ေနာက္ဆက္တြဲမွ က်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္ေနသူဟု သံသယရွိသူမ်ားကို ဖမ္းဆီးစစ္ေဆးေနသည့္သတင္းကို ရဲတပ္ဖြဲ႔က အတည္ျပဳ ေျဖၾကားခဲ့ျခင္း မရွိေသာ္လည္း ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ႏိုင္ငံေတာ္သမၼတ႐ံုးမွ ေရွ႕ေနဦးကိုနီကို ေသနတ္ျဖင့္ ပစ္သတ္မႈတြင္ ပူးေပါင္းပါဝင္ခဲ့သူ ဦးေအာင္ေဇာ္ဝင္းကို အခင္းျဖစ္ၿပီး ၁၂ နာရီအတြင္း ဘားအံၿမိဳ႕ သံလြင္တံတားတြင္ ဖမ္းမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
Unicode
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်း၏ ထွက်ဆိုချက် လျှို့ဝှက်စာရွက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ ရဲအရာရှိအချို့ကို စုံခုံဖွဲ့ စစ်ဆေးနေကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။ 

“Viber နဲ့ ပေးပို့တဲ့ ဒီလျှို့ဝှက်စာတွေ အပြင်ပေါက်ကြားလာစရာ အကြောင်းမရှိဘူး၊ Viber Hack ခံရတယ်ဆိုတာ ယုတ္တိမရှိဘူး၊ အမှုစစ်ဆေးရာမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင် တစ်ယောက်ယောက်က ဒီစာတွေကို အပြင်လူတစ်ဦးဦးဆီ ပို့လိုက်ရာက အွန်လိုင်းပေါ် ပျံ့သွားတာ၊ ဒါကြောင့် သတင်းလုံခြုံမှုကို မထိန်းချုပ်နိုင်တဲ့ တပ်ဖွဲ့ဝင်ကို ဖော်ထုတ်အရေးယူဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ကြားမိတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် သေနတ်သမား ကြည်လင်း၏ ရဲစစ်ချက် လျှို့ဝှက်စာများတွင် ကြည်လင်းမှာ ဘုရားခိုးမှုဖြင့် နှစ်ရှည်ထောင်ကျခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်ကြောင်း၊ ၎င်းကို ထိုင်းနယ်စပ်တွင် နေထိုင်သော မြင့်ဆွေဆိုသူက တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဓာတ်ပုံကိုပြပြီး သတ်ပေးမည်ဆိုလျှင် ကားတစ်စီးပေးမည်ဟု ပြောဆို၍ သေနတ်နှစ်လက် ထုတ်ပေးခဲ့ကြောင်း တရားခံ၏ ထွက်ဆိုချက်များကို ရေးသားထားသည်။

ယင်းလျှို့ဝှက်စာရွက် ခြောက်ရွက်တွင် စာမျက်နှာ ၁၊ ၂၊ ၃၊ ၆ မှာ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သော်လည်း စာမျက်နှာ ၄ နှင့် ၅ မှာမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ယင်းစာများ ပျံ့နှံ့ခဲ့ပြီးနောက် ကြည်လင်း၏ အမှုတွင် ပါဝင်ပတ်သက်သော မြင့်ဆွေအပါအဝင် ငါးဦးကို ကရင်ပြည်နယ် ဘားအံနှင့် မြဝတီမြို့တို့တွင် ထပ်မံဖမ်းမိခဲ့ကြောင်း သတင်းဓာတ်ပုံများ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သော်လည်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲချုပ် ဇော်ဝင်းတို့မှ ယင်းသတင်းများကို အတည်မပြုရန် မီဒီယာများကို ပြောကြားခဲ့သည်။

အများပြည်သူ စိတ်ဝင်စားနေသည့် ယင်းအမှု၏ နောက်ဆက်တွဲမှ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသူဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေသည့်သတင်းကို ရဲတပ်ဖွဲ့က အတည်ပြု ဖြေကြားခဲ့ခြင်း မရှိသော်လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ ရှေ့နေဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူ ဦးအောင်ဇော်ဝင်းကို အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း ဘားအံမြို့ သံလွင်တံတားတွင် ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Loading...