Breaking News


ၾကည္လင္းရဲ႕ထြက္ဆုိခ်က္ေတြ အြန္လိုင္းေပၚ က်ိဳးေပါက္မႈနဲ႔ပတ္သက္ျပီး ရဲဝန္ထမ္းတစ္ဦးကို စစ္ေဆးေနဟုဆုိ

Loading...


ဦးကိုနီကို လုပ္ႀကံခဲ့သူ ၾကည္လင္းကို ဖမ္းဆီးစစ္ေဆးေနစဥ္အတြင္းမွာ  ကနဦး ထြက္ဆိုခ်က္ေတြ အြန္လိုင္းေပၚ က်ိဳးေပါက္မႈနဲ႔ပတ္သက္ျပီး ရဲ၀န္ထမ္းတစ္ဦးကို အေရးယူစစ္ေဆးေနတယ္လို႔ သိရပါတယ္။
စာမ်က္ႏွာေျခာက္မ်က္ႏွာပါရွိတဲ့ အဆိုပါကနဦးစစ္ေဆးခ်က္ေတြဟာ ဇန္န၀ါရီ ၃၁ ရက္မွာ လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔ ခဲ့တာျဖစ္ျပီး ေပးပို႔သူကို စစ္ေဆးေနကာ အေရးယူသြားမွာျဖစ္တယ္လို႔ ေနျပည္ေတာ္ရွိ ျမန္မာ ႏိုင္ငံရဲတပ္ဖဲြ႕မွ ဒုရဲမွဴးႀကီးတစ္ဦးက ေျပာထားပါတယ္။
အဆိုပါျဖစ္စဥ္မွာ ရဲတပ္ဖြဲ႕၀င္ အခ်င္းခ်င္း Viber မွ ေပးပို႔ဖလွယ္ရာမွ Viber အေကာင့္ Hack ခံရၿပီး ပ်ံ႕ႏွံ႔ခဲ့တာျဖစ္တယ္လို႔ ဧရာ၀တီသတင္းဌာနက ေရးသား ေဖာ္ျပခဲ့ပါတယ္။
ဒီလိုစစ္ေဆးခ်က္ေတြကို အမ်ားျပည္သူသိေအာင္ ခ်ျပလို႔ မရဘဲ တရားခံသာသိသြားရင္ ထြက္ေျပးလြတ္ေျမာက္သြားႏိုင္တာေၾကာင့္ စစ္ခ်က္ေပးတဲ့ ရဲကိုလည္း စစ္ေဆးေနပါတယ္လို႔ ရဲအရာရွိႀကီးတစ္ဦးက ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။
 7Day Daily


ဦးကိုနီကို လုပ်ကြံခဲ့သူ ကြည်လင်းကို ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်းမှာ  ကနဦး ထွက်ဆိုချက်တွေ အွန်လိုင်းပေါ် ကျိုးပေါက်မှုနဲ့ပတ်သက်ပြီး ရဲဝန်ထမ်းတစ်ဦးကို အရေးယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
စာမျက်နှာခြောက်မျက်နှာပါရှိတဲ့ အဆိုပါကနဦးစစ်ဆေးချက်တွေဟာ ဇန်နဝါရီ ၃၁ ရက်မှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ ခဲ့တာဖြစ်ပြီး ပေးပို့သူကို စစ်ဆေးနေကာ အရေးယူသွားမှာဖြစ်တယ်လို့ နေပြည်တော်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးတစ်ဦးက ပြောထားပါတယ်။
အဆိုပါဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် အချင်းချင်း Viber မှ ပေးပို့ဖလှယ်ရာမှ Viber အကောင့် Hack ခံရပြီး ပျံ့နှံ့ခဲ့တာဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြခဲ့ပါတယ်။
ဒီလိုစစ်ဆေးချက်တွေကို အများပြည်သူသိအောင် ချပြလို့ မရဘဲ တရားခံသာသိသွားရင် ထွက်ပြေးလွတ်မြောက်သွားနိုင်တာကြောင့် စစ်ချက်ပေးတဲ့ ရဲကိုလည်း စစ်ဆေးနေပါတယ်လို့ ရဲအရာရှိကြီးတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
Loading...