Breaking News


ၾကည္လင္း၏အမႈတဲြက လုုပ္ၾကံမႈက်ဴးလြန္ရန္ ကမ္းလွမ္းခဲ့ဟု ေထာင္ထြက္တစ္ဦး ထုုတ္ေဖာ္

Loading...

         ၾကည္လင္း၏အမႈတဲြက လုုပ္ၾကံမႈက်ဴးလြန္ရန္ ကမ္းလွမ္းခဲ့ဟု ေထာင္ထြက္တစ္ဦး ထုုတ္ေဖာ္




 ေရွ႕ေနဦးကိုုနီကို ရန္ကုုန္ေလဆိပ္တြင္ လုပ္ႀကံခဲ့သည့္ ဦးၾကည္လင္းႏွင့္ ဘုုရားခုုိးဂိုုဏ္းတြင္ လက္တဲြလုုပ္ကိုုင္ဖူးသူတစ္ဦးက ရန္ကုုန္ၿမိဳ႕လယ္တြင္ လုုပ္ၾကံသတ္ျဖတ္မႈတစ္ခု တာဝန္ယူေပးရန္ ယမန္ႏွစ္က ကမ္းလွမ္းခဲ့ေၾကာင္း အက်ဥ္းသားေဟာင္းတစ္ဦးက ထုုတ္ေဖာ္ေျပာဆိုုလိုုက္သည္။

ကမ္းလွမ္းမွႈကိုု သူက ျငင္းပယ္လိုက္ၿပီးေနာက္ပိုင္း ဦးၾကည္လင္းက တာဝန္ကိုု လက္ခံကာ အမႈက်ဴးလြန္လိုုက္သည္ဟုု ယူဆေၾကာင္း ထုုတ္ေဖာ္ေျပာဆိုုသူမွာ ရန္ကုန္ အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ ရပ္ကြက္တြင္ ေနထိုုင္ေသာ ၅၁ ႏွစ္ အရြယ္ ဦးေအာင္စိုုး ျဖစ္သည္။

သူသည္ ၂ဝဝ၉၊ ၂ဝ၁ဝ ျပည့္ႏွစ္တို႔တြင္ မႏၱေလးအိုုးဘိုုေထာင္ အေဆာင္အမွတ္ (၃) တြင္ ရိွေနစဥ္ ဦးၾကည္လင္း၊ ဦးေအာင္ဝင္းေဇာ္တိုု႔ႏွင့္ ဆံုေတြ႔ခဲ့သူ ျဖစ္သည္။

ဦးၾကည္လင္း၊ ဦးေအာင္ဝင္းေဇာ္တိုု႔မွာ ဘုုရားခုုိးမွႈျဖင့္ ႏွစ္ရွည္ေထာင္က်ေနသူ အမွႈတြဲမ်ား ျဖစ္ေၾကာင္း ဦးေအာင္စိုုးက ေျပာၾကားၿပီး၊ ထိုုအခ်ိန္က အိုုးဘိုုအက်ဥ္းေထာင္တြင္ တာဝန္ ထမ္းေဆာင္ခဲ့သူ အက်ဥ္းဦးစီးတာဝန္ရွိသူတစ္ဦး ႏွင့္ ႏွစ္ရွည္ေထာင္က်ခဲ့ေသာ ႏိုုင္ငံေရးအက်ဥ္းသားေဟာင္း ဦးဘိုုဘိုု ေခၚ စမ္းေခ်ာင္းဘိုုဘိုုကလည္း ထိုုအခ်က္ကိုု အတည္ျပဳ ေျပာဆိုုသည္။

၄င္းတိုု႔ ၃ ဦးလံုုးသည္ ၂ဝ၁၄ ဇန္နဝါရီတြင္ ႏိုုင္ငံေတာ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္လာခဲ့ၾကသည္။
၂ဝ၁၆ ဇြန္လတြင္ ဦးေအာင္ဝင္းေဇာ္က ဦးေအာင္စိုုး ေနထိုုင္ရာ အင္းစိ္န္ၿမိဳ႕နယ္သ႔ို ခဲေရာင္ ပါဂ်ဲရိုုးကားျဖင့္ ေရာက္ရွိလာၿပီး လူသတ္ရမည့္အလုုပ္ ရွိေၾကာင္း၊ လူမ်ဳိးျခား ဘာသာျခား ႏိုုင္ငံျခား သံတမန္တစ္ဦးကိုု ေန႔ခင္းေၾကာင္ေတာင္ ၿမိဳ႕လယ္ေခါင္တြင္ ပစ္သတ္ရမည့္ အလုပ္ျဖစ္ေၾကာင္း၊ အလုုပ္ ေအာင္ျမင္လွ်င္ အားလံုးအတြက္ အက်ဳိးရိွမည္ျဖစ္ေၾကာင္း ေျပာဆိုုခဲ့သည္ဟုု ဦးေအာင္စိုုးက ဆိုုသည္။

“ကိုုယ့္ႏိုုင္ငံအတြက္၊ ကိုုယ့္လူမ်ဳိးအတြက္၊ ကိုုယ့္ဘာသာအတြက္ အက်ဳိးရွိမယ္၊ ခင္ဗ်ား ေငြေၾကးလည္း ထိုုက္ထိုုက္တန္တန္ ရမယ္။ ဘယ္ေလာက္ရမွာလဲလိုု႔ ေမးလိုုက္ေတာ့ ကြ်န္ေတာ့္ကိုု ခင္ဗ်ား ဘယ္ေလာက္လိုုခ်င္လဲ၊ ေလာေလာဆယ္ (သိန္း) ၃ဝဝ ပါတယ္၊ ခင္ဗ်ား ၅ဝဝ ယူမလား၊ ၁,ဝဝဝ ယူမလား ေမးတယ္” ဟု ဦးေအာင္စိုုးက Myanmar Now ႏွင့္ ဇန္နဝါရီ ၃၁ ရက္ေန႔က အင္းစိန္ၿမိဳ႕နယ္ရွိ သူ၏အိမ္တြင္ ေတြ႔ဆံုုစဥ္ေျပာၾကားခဲ့သည္။

အလုုပ္လက္ခံပါက ေသနတ္ပစ္ ေလ့က်င့္ရန္ ေတာတြင္းသိုု႔ ခ်က္ခ်င္း လိုုက္ရမည္၊ လုုပ္ၾကံမွႈ ျပဳလုုပ္သည့္အခါ ဦးေအာင္ဝင္းေဇာ္ ကိုုယ္တိုုင္ ကား သိုု႔မဟုုတ္ ဆိုုင္ကယ္ျဖင့္ ေစာင့္ၿပီး သူ႔အား ေခၚယူ ထြက္ေျပးမည္၊ က်ဴးလြန္မႈ အထေျမာက္ၿပီးသည္ႏွင့္ ကရင္ျပည္နယ္ရွိ DKBA တပ္မ်ား လွႈပ္ရွားရာ နယ္ေျမဘက္သိုု႔ တိမ္းေရွာင္ရမည္ဟုု သူ႔အား ေျပာဆိုုခဲ့ေၾကာင္း ဦးေအာင္စိုုးက ရွင္းျပသည္။

ဦးေအာင္စိုုးက ဒုုစရိုုက္အေမွာင္ေလာကကိုု ျပန္မသြားလိုုေတာ့ေၾကာင္း၊ ေကာင္းေရာင္း ေကာင္းဝယ္ လုပ္ကိုင္စားေသာက္ၿပီး မိသားစုႏွင့္အတူ ေနထိုင္လ်က္ ရိွေနေၾကာင္း ေျပာဆိုုၿပီး ကမ္းလွမ္းမွႈကိုု ျငင္းဆန္ခဲ့သည္ဟု ဆိုသည္။

ထိုုအလုုပ္ကိုု သူ႔အားလာေရာက္အပ္ႏွံျခင္းမွာ သူသည္ ယခင္က တပ္ထဲသိုု႔ ႏွစ္ႏွစ္ခန္႔ ဝင္ေရာက္ဖူးၿပီး ေသနတ္ပစ္တတ္ျခင္း၊ အက်ဥ္းေထာင္အတြင္း ေနထိုင္စဥ္ အျခားေသာ ရာဇဝတ္ အက်ဥ္းသား အမ်ားအျပားကဲ့သိုု႔ အက်ဥ္းဦးစီးဝန္ထမ္းတို႔ကို ကြ်န္သာသာ ရိုုက်ဳိး၍ ေနသူမဟုုတ္ဘဲ သေဘာထားတင္းတင္းမာျဖင့္ ေနတတ္သူျဖစ္ေသာေၾကာင့္ဟုု ယူဆေၾကာင္း ဦးေအာင္စိုုးက ေျပာသည္။ ဦးေအာင္စိုုးမွာ အရပ္ ၆ ေပခန္႔ရွိၿပီး၊ ခိုုင္မာ ေတာင့္တင္းေသာ ခႏၶာကိုုယ္ရွိ၍ ေထာင္တြင္းလူဆိုုးမ်ား အခ်င္းခ်င္းၾကားပင္ ေၾကာက္ရြံ႕ရသူျဖစ္သည္ဟုု အက်ဥ္းသားေဟာင္းတခ်ဳိ႕က ေျပာဆိုုသည္။
ယခုုအခ်ိန္တြင္ အသက္ ၄၈ ႏွင့္ ၅ဝ ၾကားရွိမမည္ဟု ယူဆရသည့္ ဦးေအာင္ဝင္းေဇာ္မွာ အသားညိဳညိဳ၊ ပိန္ပိန္ပါးပါး၊ အရပ္ရွည္သူျဖစ္ေၾကာင္း၊ တပ္မေတာ္ အရာရိွငယ္ဘဝတြင္ ျပစ္ခ်က္ျဖင့္ ထုုတ္ပယ္ခံရဖူးၿပီး ေနာက္ပိုုင္းတြင္ ဘုုရားခုုိးဂိုုဏ္းတခ်ဳိ႕ႏွင့္ ေပါင္းၿပီး စီးပြားရွာရင္း ေထာင္က်ခဲ့သူျဖစ္ေၾကာင္း ဦးေအာင္စိုုး၏ ေျပာဆိုုခ်က္အရ သိရသည္။

“သူ႔ကိုု ဘာလုုပ္ေနလဲလိုု႔ ကြ်န္ေတာ္က ေမးေတာ့ သူက သူ႔ကိုု တိုုက္ခန္းေပးထားတယ္၊ ကားေပးထားတယ္၊ လက္ရွိ ဒီအလုုပ္ေတြ လုပ္ရတယ္ (လို႔ ေျဖတယ္)” ဟု ဦးေအာင္စိုုးက ေျပာသည္။

အိုုးဘိုုေထာင္တြင္ အတူရွိစဥ္ ဦးေအာင္ဝင္းေဇာ္သည္ သူ၏အမွႈတြဲ ဦးၾကည္လင္းႏွင့္ နီးနီးကပ္ကပ္ ဆက္ဆံေၾကာင္း၊ ၄င္းတိုု႔ ႏွစ္ဦးလံုုးသည္ ေငြရလွ်င္ ဘာမဆိုုလုုပ္မည့္ လူစားမ်ား ျဖစ္ေၾကာင္း ဦးေအာင္စိုုးက ဆိုုသည္။

ေထာင္တြင္းကာလတြင္ ဦးၾကည္လင္းသည္ ေအးေဆး တည္ၿငိမ္စြာ ေျပာဆို ေနထိုုင္တတ္ၿပီး၊ သူ႔ကိုုထိလွ်င္ ျပန္လည္တုုန္႔ျပန္ရန္ အသင့္ရွိသည့္ အေနအထား ေတြ႔ခဲ့ရေၾကာင္းလည္း သူက ဆိုုသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ရန္ကုန္ေလဆိပ္ေရွ႕တြင္ ဖမ္းဆီးရမိသည့္ ဦးၾကည္လင္း၏ဓာတ္ပံုုကို ေဖ့ဘုတ္ လူမွႈကြန္ရက္တြင္ ေတြ႔ရွိခဲ့ၿပီးေနာက္ သူ႔ကို လာေရာက္ ကမ္းလွမ္းခဲ့ေသာ အလုပ္မွာ ဦးကိုုနီအား သတ္ရန္ျဖစ္သည္ဟုု ခိုုင္ခိုုင္ မာမာ ယံုုၾကည္ေၾကာင္း ဦးေအာင္စိုုးက ဆိုသည္။
“သူတိုု႔ႏွစ္ေယာက္လံုုးက ေထာင္ထဲမွာတုုန္းကတည္းက စိတ္တူကိုုယ္တူေတြ။ အတူတူ စားတယ္။ အတူတူ အိပ္တယ္။ ႏွစ္ေယာက္လံုုးက ေငြရရင္ ဘာမဆိုု ဂရုုမစိုုက္ဘူး၊ သူတိုု႔က တြဲဖက္ညီတယ္။ ကြ်န္ေတာ္ မွားသြားရင္ေတာ့ မတတ္ႏိုုင္ဘူး။ ဒါေပမယ့္ ၾကည္လင္း မ်က္ႏွာကိုု ျမင္လိုုက္ကတည္းက သူတိုု႔ အတူလုုပ္ၾကတယ္လိုု႔ ေျပာႏိုုင္တယ္။ သူတိုု႔ေတြ သူငယ္ခ်င္း အရင္းရင္းေခါက္ေတြ” ဟုု ဦးေအာင္စိုုးက ေျပာဆိုုသည္။

ဦးေအာင္စိုုး လုပ္ႀကံမႈက်ဴးလြန္ရန္ ကမ္းလွမ္းခံရသည္ ဟူေသာ ေျပာဆိုုခ်က္ မွန္ကန္မႈ ရိွမရိွကို Myanmar Now က သီးျခား အတည္ျပဳႏိုုင္ျခင္း မရွိေပ။ အမ်ဳိးသားဒီမိုုကေရစီအဖြဲ႔ခ်ဳပ္၏ ဥပေဒအၾကံေပး အစၥလမ္ဘာသာဝင္ ေရွ႕ေန ဦးကိုုနီလုုပ္ၾကံခံရျခင္းသည္ ပုဂၢိဳလ္ေရးအျငိဳးအေတးေလာ၊ ဘာသာေရးလူမ်ဳိးေရးကိုုအေၾကာင္းခံသည္ေလာ သုုိ႔တည္းမဟုုတ္ ႏိုုင္ငံေရးအရလုုပ္ၾကံျခင္းျဖစ္သည္ေလာဆိုုသည္ကိုု ယခုုအခ်ိန္ထိ ရွင္းလင္းမႈ မရွိေသးေပ။ ဇန္နဝါရီ ၃ဝ ရက္က ထုုတ္ျပန္ေသာ ႏိုုင္ငံေတာ္သမၼတရံုုးေၾကညာခ်က္တြင္မူ ယခုုလုုပ္ၾကံမွႈသည္ ႏိုုင္ငံေတာ္တည္ျငိမ္ပ်က္ျပားေစရန္ လုုပ္ေဆာင္မွႈျဖစ္သည္ဟု ေရးသားထားသည္။

ဦးေအာင္စိုုးက သူ႔အေနျဖင့္ ယခုုကဲ့သိုု႔ တရားဝင္ ထုုတ္ေဖာ္ေျပာဆိုုမွႈမ်ားေၾကာင့္ အသက္အႏၱရာယ္ က်ေရာက္ႏိုင္သည္ကို သေဘာေပါက္ေသာ္လည္း အက်ဥ္းေထာင္အတြင္းတြင္ အသက္ေဘးႏွင့္ ၾကိမ္ဖန္မ်ားစြာ ရင္ဆိုင္ခဲ့ဖူးေသာေၾကာင့္ အလြန္အမင္းစိုုးရိမ္စိတ္မ်ား မရွိေတာ့ေၾကာင္း၊ ယခုုအမွႈႏွင့္ ပတ္သက္၍ ေနာက္ကြယ္မွ ခိုုင္းေစသူမ်ားကိုု ေဖာ္ထုတ္ႏိုင္ေစလိုုေသာေၾကာင့္ ထုတ္ေဖာ္ ေျပာဆိုုရျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဦးေအာင္စိုုးသည္ လုုယက္မွႈမ်ား က်ဴးလြန္မွႈျဖင့္ ၁၉၉၆ တြင္ ေထာင္ဒဏ္ ၅၈ ႏွစ္ ခ်မွတ္ခံရၿပီး၊ ၂ဝ၁၄ ဇန္နဝါရီ ၃ ရက္ေန႔တြင္ ႏိုုင္ငံေတာ္လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္ခဲ့သည္။ ဘုုရားခိုုးမွႈျဖင့္ ၂ဝဝ၃ ခုုႏွစ္မွစ၍ ေထာင္ဒဏ္အႏွစ္ ၂ဝ က်ေနေသာ ဦးၾကည္လင္းသည္လည္း ထုုိေန႔တြင္ပင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ေထာင္မွ လြတ္ေျမာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လြတ္ေျမာက္ၿပီးေနာက္ အက်ဥ္းေထာင္မ်ား၊ ရဲဘက္စခန္းမ်ားတြင္ ျဖစ္ပ်က္ေနေသာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မွႈမ်ားကိုု မီးေမာင္းထိုုးျပသည့္အေနျဖင့္ “အုုတ္ရိုုးအတြင္း သံဆူးႀကိဳးဝင္းမွ လူဆိုုးမ်ား” ဟူေသာ စာအုုပ္ကိုု အင္းစိန္ေအာင္စိုုး ကေလာင္အမည္ျဖင့္ ေရးသား ထုုတ္ေဝခဲ့သည္။

ထိုု႔အျပင္ သူသည္ အားလပ္ခ်ိန္မ်ားတြင္ အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္ရွိ အမ်ဳိးသား ဒီမိုုကေရစီ အဖြဲ႔ခ်ဳပ္၏ အေမ့အိမ္ပညာဒါနစာသင္ေက်ာင္းတြင္ ကေလးငယ္မ်ားကို ဆံပင္ အခမဲ့ ညွပ္ေပးျခင္း၊ သူ၏ဘဝအေတြ႔အၾကံဳေပၚ အေျခခံၿပီး ပညာေပး ေဟာေျပာျခင္းတို႔ျဖင့္ လုပ္အားေပးလ်က္ရိွသည္။ ။

ေဆြဝင္း/Myanmar Now
ေရးသားသူ - Myanmar Now 01/02/2017
http://www.myanmar-now.org


 ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်တွင် လုပ်ကြံခဲ့သည့် ဦးကြည်လင်းနှင့် ဘုရားခိုးဂိုဏ်းတွင် လက်တွဲလုပ်ကိုင်ဖူးသူတစ်ဦးက ရန်ကုန်မြို့လယ်တွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု တာဝန်ယူပေးရန် ယမန်နှစ်က ကမ်းလှမ်းခဲ့ကြောင်း အကျဉ်းသားဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကမ်းလှမ်းမှုကို သူက ငြင်းပယ်လိုက်ပြီးနောက်ပိုင်း ဦးကြည်လင်းက တာဝန်ကို လက်ခံကာ အမှုကျူးလွန်လိုက်သည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောဆိုသူမှာ ရန်ကုန် အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်တွင် နေထိုင်သော ၅၁ နှစ် အရွယ် ဦးအောင်စိုး ဖြစ်သည်။

သူသည် ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်တို့တွင် မန္တလေးအိုးဘိုထောင် အဆောင်အမှတ် (၃) တွင် ရှိနေစဉ် ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နှင့် ဆုံတွေ့ခဲ့သူ ဖြစ်သည်။

ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့မှာ ဘုရားခိုးမှုဖြင့် နှစ်ရှည်ထောင်ကျနေသူ အမှုတွဲများ ဖြစ်ကြောင်း ဦးအောင်စိုးက ပြောကြားပြီး၊ ထိုအချိန်က အိုးဘိုအကျဉ်းထောင်တွင် တာဝန် ထမ်းဆောင်ခဲ့သူ အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦး နှင့် နှစ်ရှည်ထောင်ကျခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုဘို ခေါ် စမ်းချောင်းဘိုဘိုကလည်း ထိုအချက်ကို အတည်ပြု ပြောဆိုသည်။

၄င်းတို့ ၃ ဦးလုံးသည် ၂ဝ၁၄ ဇန်နဝါရီတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။
၂ဝ၁၆ ဇွန်လတွင် ဦးအောင်ဝင်းဇော်က ဦးအောင်စိုး နေထိုင်ရာ အင်းစိ်န်မြို့နယ်သို့ ခဲရောင် ပါဂျဲရိုးကားဖြင့် ရောက်ရှိလာပြီး လူသတ်ရမည့်အလုပ် ရှိကြောင်း၊ လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်တွင် ပစ်သတ်ရမည့် အလုပ်ဖြစ်ကြောင်း၊ အလုပ် အောင်မြင်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအောင်စိုးက ဆိုသည်။

“ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဘာသာအတွက် အကျိုးရှိမယ်၊ ခင်ဗျား ငွေကြေးလည်း ထိုက်ထိုက်တန်တန် ရမယ်။ ဘယ်လောက်ရမှာလဲလို့ မေးလိုက်တော့ ကျွန်တော့်ကို ခင်ဗျား ဘယ်လောက်လိုချင်လဲ၊ လောလောဆယ် (သိန်း) ၃ဝဝ ပါတယ်၊ ခင်ဗျား ၅ဝဝ ယူမလား၊ ၁,ဝဝဝ ယူမလား မေးတယ်” ဟု ဦးအောင်စိုးက Myanmar Now နှင့် ဇန်နဝါရီ ၃၁ ရက်နေ့က အင်းစိန်မြို့နယ်ရှိ သူ၏အိမ်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

အလုပ်လက်ခံပါက သေနတ်ပစ် လေ့ကျင့်ရန် တောတွင်းသို့ ချက်ချင်း လိုက်ရမည်၊ လုပ်ကြံမှု ပြုလုပ်သည့်အခါ ဦးအောင်ဝင်းဇော် ကိုယ်တိုင် ကား သို့မဟုတ် ဆိုင်ကယ်ဖြင့် စောင့်ပြီး သူ့အား ခေါ်ယူ ထွက်ပြေးမည်၊ ကျူးလွန်မှု အထမြောက်ပြီးသည်နှင့် ကရင်ပြည်နယ်ရှိ DKBA တပ်များ လှုပ်ရှားရာ နယ်မြေဘက်သို့ တိမ်းရှောင်ရမည်ဟု သူ့အား ပြောဆိုခဲ့ကြောင်း ဦးအောင်စိုးက ရှင်းပြသည်။

ဦးအောင်စိုးက ဒုစရိုက်အမှောင်လောကကို ပြန်မသွားလိုတော့ကြောင်း၊ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ပြီး မိသားစုနှင့်အတူ နေထိုင်လျက် ရှိနေကြောင်း ပြောဆိုပြီး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

ထိုအလုပ်ကို သူ့အားလာရောက်အပ်နှံခြင်းမှာ သူသည် ယခင်က တပ်ထဲသို့ နှစ်နှစ်ခန့် ဝင်ရောက်ဖူးပြီး သေနတ်ပစ်တတ်ခြင်း၊ အကျဉ်းထောင်အတွင်း နေထိုင်စဉ် အခြားသော ရာဇဝတ် အကျဉ်းသား အများအပြားကဲ့သို့ အကျဉ်းဦးစီးဝန်ထမ်းတို့ကို ကျွန်သာသာ ရိုကျိုး၍ နေသူမဟုတ်ဘဲ သဘောထားတင်းတင်းမာဖြင့် နေတတ်သူဖြစ်သောကြောင့်ဟု ယူဆကြောင်း ဦးအောင်စိုးက ပြောသည်။ ဦးအောင်စိုးမှာ အရပ် ၆ ပေခန့်ရှိပြီး၊ ခိုင်မာ တောင့်တင်းသော ခန္ဓာကိုယ်ရှိ၍ ထောင်တွင်းလူဆိုးများ အချင်းချင်းကြားပင် ကြောက်ရွံ့ရသူဖြစ်သည်ဟု အကျဉ်းသားဟောင်းတချို့က ပြောဆိုသည်။
ယခုအချိန်တွင် အသက် ၄၈ နှင့် ၅ဝ ကြားရှိမမည်ဟု ယူဆရသည့် ဦးအောင်ဝင်းဇော်မှာ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်သူဖြစ်ကြောင်း၊ တပ်မတော် အရာရှိငယ်ဘဝတွင် ပြစ်ချက်ဖြင့် ထုတ်ပယ်ခံရဖူးပြီး နောက်ပိုင်းတွင် ဘုရားခိုးဂိုဏ်းတချို့နှင့် ပေါင်းပြီး စီးပွားရှာရင်း ထောင်ကျခဲ့သူဖြစ်ကြောင်း ဦးအောင်စိုး၏ ပြောဆိုချက်အရ သိရသည်။

“သူ့ကို ဘာလုပ်နေလဲလို့ ကျွန်တော်က မေးတော့ သူက သူ့ကို တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်၊ လက်ရှိ ဒီအလုပ်တွေ လုပ်ရတယ် (လို့ ဖြေတယ်)” ဟု ဦးအောင်စိုးက ပြောသည်။

အိုးဘိုထောင်တွင် အတူရှိစဉ် ဦးအောင်ဝင်းဇော်သည် သူ၏အမှုတွဲ ဦးကြည်လင်းနှင့် နီးနီးကပ်ကပ် ဆက်ဆံကြောင်း၊ ၄င်းတို့ နှစ်ဦးလုံးသည် ငွေရလျှင် ဘာမဆိုလုပ်မည့် လူစားများ ဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။

ထောင်တွင်းကာလတွင် ဦးကြည်လင်းသည် အေးဆေး တည်ငြိမ်စွာ ပြောဆို နေထိုင်တတ်ပြီး၊ သူ့ကိုထိလျှင် ပြန်လည်တုန့်ပြန်ရန် အသင့်ရှိသည့် အနေအထား တွေ့ခဲ့ရကြောင်းလည်း သူက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်ရှေ့တွင် ဖမ်းဆီးရမိသည့် ဦးကြည်လင်း၏ဓာတ်ပုံကို ဖေ့ဘုတ် လူမှုကွန်ရက်တွင် တွေ့ရှိခဲ့ပြီးနောက် သူ့ကို လာရောက် ကမ်းလှမ်းခဲ့သော အလုပ်မှာ ဦးကိုနီအား သတ်ရန်ဖြစ်သည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ကြောင်း ဦးအောင်စိုးက ဆိုသည်။
“သူတို့နှစ်ယောက်လုံးက ထောင်ထဲမှာတုန်းကတည်းက စိတ်တူကိုယ်တူတွေ။ အတူတူ စားတယ်။ အတူတူ အိပ်တယ်။ နှစ်ယောက်လုံးက ငွေရရင် ဘာမဆို ဂရုမစိုက်ဘူး၊ သူတို့က တွဲဖက်ညီတယ်။ ကျွန်တော် မှားသွားရင်တော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ကြည်လင်း မျက်နှာကို မြင်လိုက်ကတည်းက သူတို့ အတူလုပ်ကြတယ်လို့ ပြောနိုင်တယ်။ သူတို့တွေ သူငယ်ချင်း အရင်းရင်းခေါက်တွေ” ဟု ဦးအောင်စိုးက ပြောဆိုသည်။

ဦးအောင်စိုး လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခံရသည် ဟူသော ပြောဆိုချက် မှန်ကန်မှု ရှိမရှိကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီလုပ်ကြံခံရခြင်းသည် ပုဂ္ဂိုလ်ရေးအငြိုးအတေးလော၊ ဘာသာရေးလူမျိုးရေးကိုအကြောင်းခံသည်လော သို့တည်းမဟုတ် နိုင်ငံရေးအရလုပ်ကြံခြင်းဖြစ်သည်လောဆိုသည်ကို ယခုအချိန်ထိ ရှင်းလင်းမှု မရှိသေးပေ။ ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံးကြေညာချက်တွင်မူ ယခုလုပ်ကြံမှုသည် နိုင်ငံတော်တည်ငြိမ်ပျက်ပြားစေရန် လုပ်ဆောင်မှုဖြစ်သည်ဟု ရေးသားထားသည်။

ဦးအောင်စိုးက သူ့အနေဖြင့် ယခုကဲ့သို့ တရားဝင် ထုတ်ဖော်ပြောဆိုမှုများကြောင့် အသက်အန္တရာယ် ကျရောက်နိုင်သည်ကို သဘောပေါက်သော်လည်း အကျဉ်းထောင်အတွင်းတွင် အသက်ဘေးနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသောကြောင့် အလွန်အမင်းစိုးရိမ်စိတ်များ မရှိတော့ကြောင်း၊ ယခုအမှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ခိုင်းစေသူများကို ဖော်ထုတ်နိုင်စေလိုသောကြောင့် ထုတ်ဖော် ပြောဆိုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဦးအောင်စိုးသည် လုယက်မှုများ ကျူးလွန်မှုဖြင့် ၁၉၉၆ တွင် ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂ဝ၁၄ ဇန်နဝါရီ ၃ ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။ ဘုရားခိုးမှုဖြင့် ၂ဝဝ၃ ခုနှစ်မှစ၍ ထောင်ဒဏ်အနှစ် ၂ဝ ကျနေသော ဦးကြည်လင်းသည်လည်း ထိုနေ့တွင်ပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်မြောက်ပြီးနောက် အကျဉ်းထောင်များ၊ ရဲဘက်စခန်းများတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးမောင်းထိုးပြသည့်အနေဖြင့် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။

ထို့အပြင် သူသည် အားလပ်ချိန်များတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမေ့အိမ်ပညာဒါနစာသင်ကျောင်းတွင် ကလေးငယ်များကို ဆံပင် အခမဲ့ ညှပ်ပေးခြင်း၊ သူ၏ဘဝအတွေ့အကြုံပေါ် အခြေခံပြီး ပညာပေး ဟောပြောခြင်းတို့ဖြင့် လုပ်အားပေးလျက်ရှိသည်။ ။

Loading...