Breaking News

သထံုၿမိဳ႕နယ္တြင္ လိုင္စင္မဲ့ယာဥ္တစ္စီး ဖမ္းဆီးရမိ


Loading...


မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ ဒူးရင္းဆိပ္ေက်းရြာအုပ္စု၊ ကဇိုင္းေက်းရြာ၊ ၾကာပန္း-ဝီေယာ္ကားလမ္းေပၚတြင္ ေဖ ေဖာ္ဝါရီ ၇ ရက္၊ နံနက္ပိုင္းက လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္တစ္စီးကိုဖမ္းဆီးရမိခဲ့ေၾကာင္း သထံုခ႐ိုင္မႈခင္းႏွိမ္နင္း ေရးဌာနမွ သိရွိရသည္။  
“တရားမဝင္လိုင္စင္မဲ့ယာဥ္ေတြက လမ္းေၾကာင္းစံုကေန ဝင္ေနတာ။ ဒါကို တားဆီးအေရးယူႏိုင္ဖို႔ ကိုယ္တာဝန္ ယူရတဲ့နယ္ေျမအတြင္း ျဖတ္သန္းသြားလာျခင္းမရွိဖို႔ကိုေတာ့ စစ္ေဆးေဆာင္ရြက္ေနတယ္။ လိုင္စင္မဲ့ေမာ္ေတာ္ ယာဥ္ေတြ စစ္ေဆးေတြ႔ရွိရင္ ဖမ္းဆီးအေရးယူမႈေတြလုပ္ေနပါတယ္။”ဟု သထံုခ႐ိုင္ မႈခင္းႏွိမ္နင္းေရးဌာနမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။
ျဖစ္စဥ္မွာ သထံုခ႐ိုင္မႈခင္းႏွိမ္နင္းေရးဌာနမွတပ္ဖြဲ႔ဝင္မ်ား နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနစဥ္ ေကာ့ကရိတ္ၿမိဳ႕ ေန ယာဥ္ေမာင္း မင္းသိန္း(၂၆)ႏွစ္သည္ ဘားအံဘက္မွေမာင္းႏွင္လာသည့္ Hijet အျဖဴေရာင္ယာဥ္အား စစ္ ေဆးရာ ယာဥ္ႏွင့္ ပတ္သက္သည့္ အေထာက္အထား တစ္စံုတစ္ရာျပသႏိုင္ျခင္း မရွိသျဖင့္ ဖမ္းဆီး အေရးယူ ထားျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍  စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ တရားဝင္ခြင့္ျပဳခ်က္မရွိဘဲ လိုင္စင္ မဲ့ယာဥ္တင္သြင္းေမာင္းႏွင္သူ မင္းသိန္းအား သုဓမၼဝတီနယ္ေျမရဲစခန္းမွ (ပ) ၂၈ /၂၀၁၇၊ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ (၈)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။  

http://www.thadinatin.com/

Unicode

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကဇိုင်းကျေးရွာ၊ ကြာပန်း-ဝီယော်ကားလမ်းပေါ်တွင် ဖေ ဖော်ဝါရီ ၇ ရက်၊ နံနက်ပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးကိုဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်မှုခင်းနှိမ်နင်း ရေးဌာနမှ သိရှိရသည်။  
“တရားမဝင်လိုင်စင်မဲ့ယာဉ်တွေက လမ်းကြောင်းစုံကနေ ဝင်နေတာ။ ဒါကို တားဆီးအရေးယူနိုင်ဖို့ ကိုယ်တာဝန် ယူရတဲ့နယ်မြေအတွင်း ဖြတ်သန်းသွားလာခြင်းမရှိဖို့ကိုတော့ စစ်ဆေးဆောင်ရွက်နေတယ်။ လိုင်စင်မဲ့မော်တော် ယာဉ်တွေ စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူမှုတွေလုပ်နေပါတယ်။”ဟု သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ကော့ကရိတ်မြို့ နေ ယာဉ်မောင်း မင်းသိန်း(၂၆)နှစ်သည် ဘားအံဘက်မှမောင်းနှင်လာသည့် Hijet အဖြူရောင်ယာဉ်အား စစ် ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသဖြင့် ဖမ်းဆီး အရေးယူ ထားခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ လိုင်စင် မဲ့ယာဉ်တင်သွင်းမောင်းနှင်သူ မင်းသိန်းအား သုဓမ္မဝတီနယ်မြေရဲစခန်းမှ (ပ) ၂၈ /၂၀၁၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။  


Loading...