Breaking News


မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် မီးလောင်နေကြောင်း


Loading...


မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ရဲဘော်ဟောင်း မှတ်တိုင်အနီး ဇေယျသီရိလမ်းတွင် ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) ည ၉ နာရီ မိနစ် ၄၀ ခန့် မီးလောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ မီးလောင်မှုမှာ ည ၁၀ နာရီ မိနစ် ၃၀ အထိ မီးလောင်လျက်ရှိပြီး မီးသတ်ယာဉ် ၄၀ ကျော်ဖြင့် လတ်တလော မီးငြိမ်းသတ်နေကြောင်း သိရသည်။
လတ်တလော မေးမြန်းချက်များရ အိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သည့် အိမ်ခြေ ဆက်လက်မြင့်တက်နေကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဓာတ်ပုံ - Yangon Police
Loading...