Breaking News


ကလေးကိုသတ်သည့် မိခင်အား လူအုပ်စုကြီးက အချုပ်ခန်းတွင်းမှ ဆွဲထုတ် မီးရှို့(ရုပ်သံ)


Loading...

ဘရာဇီးနိုင်ငံမှာ ၂ နှစ်အရွယ် သားဖြစ်သူကို မီးရှို့သတ်ဖြတ်ခဲ့လို့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတဦးကို လူအုပ်စုကြီးက ဆွဲထုတ်ရိုက်နှက်ကာ မီးရှို့သတ်ပစ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
အသက် ၃၀ အရွယ် အဲဒီအမျိုးသမီးဟာ သူ့ရဲ့ ၂ နှစ်အရွယ် သားဖြစ်သူကို နိုဗို အေရီပူအန်နာဒေသမှာ မီးရှို့သတ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ရဲစခန်းမှာ ဖေဖော်ဝါရီ ၆ ရက်က ဖမ်းဆီးခံထားရတာပါ။
နောက်တရက် နေ့လယ်ပိုင်းမှာတော့ စိတ်ဆိုးဒေါသထွက်နေကြတဲ့ ဒေသခံဦးရေ ၅၀၀ လောက်ဟာ ရဲစခန်းရှေ့ကို စုရုံးရောက်ရှိလာခဲ့ကြပြီး အချုပ်ခန်းတံခါးတွေကို ချိုးဖျက်ကာ အမျိုးသမီးကို ဆွဲထုတ်ရိုက်နှက်ကန်ကျောက်ပြီး မီးရှို့သတ်ပစ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
သူတို့ဟာ အမျိုးသမီးကို ဆံပင်ရင်းကနေ ဆွဲပြီး မီးပုံထဲကို ရက်ရက်စက်စက် တွန်းချခဲ့ကြတာပါ။
ရဲတွေဟာ အမျိုးသမီးကို ကယ်တင်နိုင်ဖို့နဲ့ လူအုပ်စုကြီးကို ခွဲထုတ်နိုင်ဖို့ စစ်တပ်ကို အကူအညီတောင်းခံခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီနောက်မှာတော့ လူအုပ်စုကြီးကို ခွဲထုတ်နိုင်ခဲ့ပြီး မီးလောင်ဒဏ်ရာတွေနဲ့ အဲဒီအမျိုးသမီးကိုတော့ ဒေသတွင်း ဆေးရုံတရုံဆီ ပို့ဆောင်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ခုလို မီးရှို့သတ်ဖြတ်ဖို့ ကြိုးစားရာမှာ ပါဝင်သူတွေကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပြီး အမျိုးသမီးကိုတော့ တခြားရဲစခန်းသစ်တခုဆီ ရွှေ့ပြောင်းစစ်ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Loading...