အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္၊ ကေလာၿမိဳ႕နယ္ နာယက သက္ငယ္မုဒိန္းမႈျဖင့္ စစ္ေဆးခံေနရျခင္း ဟုတ္မဟုတ္



_________________________________________________________

လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ေနေသာ ကေလာၿမိဳ႕နယ္မွ ဦးေတာ္မီေေအာင္ သက္ငယ္မုဒိန္းမႈျဖင့္ စစ္ေဆးခံေနရသည္ ဆိုသည့္သတင္းမွာ မွန္ကန္ေသာ္လည္း ၄င္းသည္ NLD ၿမိဳ႕နယ္ နာယကမဟုတ္ဘဲ ပါတီ၀င္တစ္ဦးသာျဖစ္ေၾကာင္း ကေလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿပံဳးေကသီႏိုင္က ၄င္း၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ျပန္လည္ရွင္းလင္းထားသည္။

“ကေလာၿမိဳ႕နယ္မွ ဦးေတာ္မီေအာင္ သက္ငယ္မုဒိန္းမႈျဖင့္ စစ္ေဆးခံေနရျခင္းမွာ အမွန္ျဖစ္ေၾကာင္း၊ သို႔ေသာ္ ၄င္းသည္ ကေလာၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ နာယကဟူသည္မွာ မွန္ကန္ျခင္းမရွိေၾကာင္း၊ ကေလာၿမိဳ႕နယ္ သဘာပတိမွာ ဦးတင္လွဦး (ကြယ္လြန္)ျဖစ္ေၾကာင္း၊ ယခုလက္ရွိ ျပန္လည္ျပင္ဆင္ဖြဲ႕စည္း လိုက္ေသာ ျပည္နယ္အလုပ္အမႈေဆာင္အဖြဲ႕မွ ဦးေတာ္မီေအာင္အား မည္သည့္တာ၀န္မွ် ေပးအပ္ထားျခင္း မရွိေၾကာင္း၊”စသည္ျဖင့္ ေဒၚၿပံဳးေကသီႏိုင္က ဇန္န၀ါရီလ ၃၁ ရက္ေန႔ ညပိုင္းတြင္ လူမႈကြန္ရက္ စာမ်က္ႏွာမွတဆင့္ ျပန္လည္ရွင္းလင္းထားျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ကေလာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္အား ဆက္သြယ္ ေမးျမန္းရာတြင္ ဦးေတာ္မီေအာင္မွာ NLD ၿမိဳ႕နယ္နာယက မဟုတ္ေၾကာင္း၊ သာမန္ပါတီ၀င္တစ္ဦးျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

ကေလာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ သက္ငယ္မုဒိန္း က်ဴးလြန္မႈအား အျပင္းအထန္ ရႈတ္ခ်ကန္႔ကြက္ ပါေၾကာင္း၊ အဆိုပါ သက္ငယ္မုဒိန္းမႈအား အမႈမွန္ေပၚေပါက္ေစေရး ႀကိဳးပမ္းသြားမည္ ျဖစ္ေၾကာင္း၊ ကေလာၿမိဳ႕နယ္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ အမွန္တရားဘက္မွသာ ျပတ္ျပတ္သားသား ရပ္တည္သြားမည္ျဖစ္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/


လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ကလောမြို့နယ်မှ ဦးတော်မီအောင် သက်ငယ်မုဒိန်းမှုဖြင့် စစ်ဆေးခံနေရသည် ဆိုသည့်သတင်းမှာ မှန်ကန်သော်လည်း ၄င်းသည် NLD မြို့နယ် နာယကမဟုတ်ဘဲ ပါတီဝင်တစ်ဦးသာဖြစ်ကြောင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်ရှင်းလင်းထားသည်။

“ကလောမြို့နယ်မှ ဦးတော်မီအောင် သက်ငယ်မုဒိန်းမှုဖြင့် စစ်ဆေးခံနေရခြင်းမှာ အမှန်ဖြစ်ကြောင်း၊ သို့သော် ၄င်းသည် ကလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဟူသည်မှာ မှန်ကန်ခြင်းမရှိကြောင်း၊ ကလောမြို့နယ် သဘာပတိမှာ ဦးတင်လှဦး (ကွယ်လွန်)ဖြစ်ကြောင်း၊ ယခုလက်ရှိ ပြန်လည်ပြင်ဆင်ဖွဲ့စည်း လိုက်သော ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့မှ ဦးတော်မီအောင်အား မည်သည့်တာဝန်မျှ ပေးအပ်ထားခြင်း မရှိကြောင်း၊”စသည်ဖြင့် ဒေါ်ပြုံးကေသီနိုင်က ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပြန်လည်ရှင်းလင်းထားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကလောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အား ဆက်သွယ် မေးမြန်းရာတွင် ဦးတော်မီအောင်မှာ NLD မြို့နယ်နာယက မဟုတ်ကြောင်း၊ သာမန်ပါတီဝင်တစ်ဦးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကလောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ငယ်မုဒိန်း ကျူးလွန်မှုအား အပြင်းအထန် ရှုတ်ချကန့်ကွက် ပါကြောင်း၊ အဆိုပါ သက်ငယ်မုဒိန်းမှုအား အမှုမှန်ပေါ်ပေါက်စေရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ကလောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမှန်တရားဘက်မှသာ ပြတ်ပြတ်သားသား ရပ်တည်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/