ဆိုင်ကယ်မှောက်၍ ဆေးရုံတင်ရသည့် ကျောင်းသူ လိင်ပိုင်ဆိုင်ရာ ကျူးလွန်ခံရ



_________________________________________________________







The Nation
Social Action for Children and Women - SAW


ထိုင်းနိုင်ငံ ဘန်ပူမြို ့နယ်အတွင်း မှာ အသက်(၂၅)နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးဟာ ဆိုင်ကယ်မှောက်လို ့ သတိမေ့ သွားခဲ့ပြီး အနီးဆုံးဆေးရုံကို တင်ခဲ့ရပါတယ်။

ဆေးရုံရဲ ့အတွင်းလူနာခန်းမှာ ဦးခေါင်းကို ဓါတ်မှတ်ရိုက်ဘို ့ X-rayခန်း အတွင်း ပို ့ဆောင်ထားခဲ့စဉ်မှာ ဓါတ်မှန်ရိုက်တဲ့ ဝန်ထမ်းအမျိုးသားက သတိမေ့နေတဲ့ လူနာကို ကာမဆက်ဆံဘို ့ကြိုးစားခဲ့တာပါ။

တက္ကသိုလ်ကျောင်းသူက သတိယလာချိန်မှာ အမျိုးသားဟာ သူမတကိုယ် လုံးကို နမ်းနေတာ သတိထားမိပြီး အခန်းပြင်မှာ စောင့်နေတဲ့ သူငယ်ချင်းတွေကို အော် ဟစ် အကူညီတောင်းပြီး တံခါးတွန်းဖွင့် ထွက်ပြေးခဲ့ရကြောင်း ရဲစခန်းမှာ ထွက်ဆိုသွားပါတယ်။


တရားခံဖြစ်တဲ့ ဆေးရုံဝန်ထမ်းကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး အမျိုးသားက သတိမေ့နေတဲ့ လူနာအမျိုးသမီးဟာ ချောမောသူဖြစ်နေလို ့ခုလို လုပ်မိတာပါလို ့ ဝန်ခံခဲ့ပါတယ်။
Loading...