ကံမော်ရဲစခန်းအပိုင် ဥယာဉ်ကြီးကျေးရွာတွင် လူသတ်မှုဖြစ်ပွါး



_________________________________________________________

12.2.2017 ရက်နေ့ 1400 အချိန်ခန့် တွင် အကော်ဇေယျာအုပ်စု မိုင်းသွေးကျေးရွာ ဥယာဉ်ကြီး ကျေးရွာခွဲတွင်လူသတ်မှုဖြစ်ပွါးကြောင်း သေဆုံးသူ၏ ညီမ မခိုင်လင်းဆု မှတိုင်တန်းသဖြင့် ကံမော်နယ်မြေ ရဲစခန်း (ပ)၆/၂၀၁၇ ပုဒ်မ ၃၀၂ အရအမှုဖွင့်လှစ်ခဲ့ပြီး ကံမော်ရဲစခန်းမှူး ရဲအုပ်အောင်ဇော်မင်းထွန်း ဦးစီးအဖွဲ့မှ အခင်းဖြစ်နေရားအားသွားရောက်စစ်ဆေးခဲ့ရာ သေဆုံး သူမှာ ဦးသန်းဦး ၃၈ နှစ် (ဘ)ဦးညွန့်သောင်း ရေရောင်း လုပ်ငန်းလုပ်ကိုင်သူဖြစ် ကြောင်းသိရှိရပြီး မစန်းမူ၏ လဖက်ရည်ဆိုင်အတွင်း မှောက်ခုံအနေအထားဖြင့် 
Image may contain: one or more people
၁။ဦးခေါင်း ထိပ်ပြတ်ရှဒဏ်ရာ
၂။မျက်လုံး ၂ဖက်တည့်တည့် ပြတ်ရှဒဏ်ရာ
၃။ဝဲ/ယာပုခုံးနှစ်ဖက်လုံးပြတ်ရှဒဏ်ရာ ၄။ယာလက်မောင်းအရိုးကျိုးပြတ်ရှဒဏ်ရာ ၅။ယာနောက်ကျောပြင်ပြတ်ရှဒဏ်ရာ ၆။ခြေကကောက်ကွေးပြတ်ရှဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီးအခင်းဖြစ်စဉ်နှင့်ပတ်သက်၍မျက်မြင် သက်သေများနှင့် ဘေးပတ်ဝန်းကျင်သက်သေ များအား စစ်ဆေးချက်အရ တစ်ရွာတည်းနေ ငတောက်(ခ) သက်ဝေဦး ၂၈ နှစ် (ဘ)ဦးမင်းအောင် ဂဏန်းချီးပုန်း ကောက်လုပ်ငန်းလုပ်ကိုင်သူသည် ၄င်း၏ဇနီးဖြစ်သူနှင့် စကားများနေသည်ကို ဦးသန်းဦးမှ ၀င်ရောက်ဖြန်ဖြေ ပေးခဲ့သည်ကို မကျေနှပ်ဖြစ်ကာ 
No automatic alt text available.
မစန်းမူ လဖက်ရည် ဆိုင်တွင် ဦးသန်းဦးလဖက်ရည်သွားသောက်စဉ် ငတောက် မှနောက်ကလိုက်လာပြီး ဒါးဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ကြောင်းသိရှိရသဖြင့် တရားခံဖမ်းဆီး ရမိနိုင်ရေးအတွက် မိုင်းသွေး၊ ရွာသစ် ဥယျာဉ်ကြီး တောင်ညိုလေး၊ ကျောက်တလုံး၊ ရေတွင်းတောင်၊ ထုံးဖို ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့်ရွာသူရွာသား များစုပေါင်း၍အဖွဲ့ ၆ ဖွဲ့ကာ မိုင်းသွေးတောင်တန်းအား ကုန်းလမ်းရေလမ်းဖြင့်ပိတ်ဆို့ပိုက်စိတ်တိုက်ရှာဖွေခဲ့ရာ 13.2.2017 ရက်နေ့တွင် ပြစ်မှုကျူးလွန်သူငတောက်(ခ) သက်ဝေဦး အားအခင်းဖြစ်စဉ်ကအသုံးပြုခဲ့သော တောခုတ် ဓါးမဦကုတ်နှင့်အတူ တောင်ညိုလေးကျေးရွာ အနီး ဒေသအခေါ်ကျဲကုန်း ဇရပ်တောအတွင်းမှ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီဆက်လက်အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။
Aung Zaw Min Tun