Breaking News


လြန္ခဲ့တဲ့ ကုိးႏွစ္က ဇနီးသည္အေလာင္းေဖ်ာက္ခံရမႈ ေဖာ္ထုတ္ေပးဖို႔ ခင္ပြန္းျဖစ္သူက ေတာင္းဆုိ


Loading...

၂၀၀၈ ခုႏွစ္က ေျမယာက်ဴးေက်ာ္မႈနဲ႔ ႐ိုက္ႏွက္ခံရကာ   တေကာင္းေဆး႐ုံမွာ ေသဆုံးခဲ့သူ ေဒၚသန္းၿမိဳင္ရဲ႕အေလာင္း ေဖ်ာက္ခံရမႈနဲ႔ပတ္သက္ျပီး စုံစမ္းေဖာ္ထုတ္ေပးဖို႔ ခင္ပြန္းျဖစ္သူက မႏၲေလးတုိင္းေဒသႀကီး အစိုးရအဖဲြ႕ထံ တုိင္ၾကားထားတယ္လို႔ သိရပါတယ္။
သပိတ္က်င္းၿမိဳ႕နယ္ တေကာင္းတုိက္နယ္ ဖုန္းကုန္ေက်းရြာေန ေဒၚသန္းၿမိဳင္ဟာ ၂၀၀၈ က တေကာင္းေဆး႐ုံမွာ ေသဆုံးခဲ့တာျဖစ္ျပီး ခင္ပြန္းျဖစ္သူက အေလာင္းျပန္သယ္ဖို႔ ေဆး႐ုံသို႔ေရာက္ရွိစဥ္ အေလာင္းကို မေတြ႕ရွိတာေၾကာင့္ ေဆး႐ုံအုပ္ႀကီးထံ သြားေရာက္ေမးျမန္းေပမဲ့ တစ္စုံတစ္ရာ ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ဘူးလို႔ ခင္ပြန္းျဖစ္သူ ဦးေက်ာ္ေငြက ေျပာထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။
တေကာင္းတုိက္နယ္မွာ တရားဥပေဒစိုးမိုးမႈ နည္းပါးေနၿပီး သစ္ခုိးဂုိဏ္းေတြ၊ အက်င့္ပ်က္ ျခစားေနတဲ့ ၀န္ထမ္းေတြကုိ အေရးယူေပးဖို႔၊ ေဒသခံေတာင္သူေတြအတြက္ တရားဥပေဒစိုးမိုးမႈနဲ႔ လုံၿခံဳေရးကင္းမဲ့ေနမႈေတြ  အျမန္ဆုံးေျဖရွင္းေပးဖို႔ ဖုန္းကုန္ေက်းရြာေန ဦးေက်ာ္ေငြက မႏၲေလးတုိင္းေဒသႀကီး အစိုးရအဖဲြ႕ထံ  ေဖေဖာ္၀ါရီ ၂ ရက္က တုိင္တန္းခဲ့တာျဖစ္ပါတယ္။
‘‘ေဆး႐ုံကလည္း အေလာင္းကဘယ္ေရာက္သြားတယ္ဆုိတာ မေျပာဘူး။ (၁၀)ႏွစ္အရြယ္ ကေလးက သူ႔အေမကို ေစာင့္ေန တာဆုိေတာ့ ေသသြားတယ္ဆိုတာသိတယ္။ ကြၽန္ေတာ္က ေတာင္ေပၚကို အလုပ္သြားတာဆိုေတာ့ သူ႔နားမွာရွိမေနလုိက္ဘူး။ အခုအခ်ိန္ထိ အေလာင္းကိုျပန္မရဘူး’ လို႔  ဦးေက်ာ္ေငြကေျပာထားေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။
ဇနီးရဲ႕ အေလာင္းေပ်ာက္ဆုံးမႈအတြက္ ရဲစခန္းသုိ႔ အမႈဖြင့္တုိင္ၾကားေပမဲ့ အဆင္မေျပခဲ့တာေၾကာင့္ အျဖစ္မွန္သိႏုိင္ဖို႔ အစိုးရသစ္လက္ထက္မွာ တုိင္းေဒသႀကီးအစိုးရသို႔ တုိင္ၾကားတာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။
ေဒၚသန္းၿမိဳင္ဟာ ေျမယာအျငင္းပြားမႈျပႆနာေၾကာင့္ ႐ုိက္ႏွက္ခံရၿပီး အဆုိပါ ေျမကုိျပန္လည္ရရွိၿပီလို႔ ဦးေက်ာ္ေငြက ေျပာထားပါတယ္။
(သင္စိတ္ဝင္စားႏုိင္တဲ့သတင္း - အလြတ္စံုေထာက္လုပ္ငန္းတစ္ခု ဖြင့္လွစ္ )
Source: 7Day Daily

၂၀ဝ၈ ခုနှစ်က မြေယာကျူးကျော်မှုနဲ့ ရိုက်နှက်ခံရကာ   တကောင်းဆေးရုံမှာ သေဆုံးခဲ့သူ ဒေါ်သန်းမြိုင်ရဲ့အလောင်း ဖျောက်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ ခင်ပွန်းဖြစ်သူက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ဖုန်းကုန်ကျေးရွာနေ ဒေါ်သန်းမြိုင်ဟာ ၂၀ဝ၈ က တကောင်းဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူက အလောင်းပြန်သယ်ဖို့ ဆေးရုံသို့ရောက်ရှိစဉ် အလောင်းကို မတွေ့ရှိတာကြောင့် ဆေးရုံအုပ်ကြီးထံ သွားရောက်မေးမြန်းပေမဲ့ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ဘူးလို့ ခင်ပွန်းဖြစ်သူ ဦးကျော်ငွေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - လူသတ်ပေးဖို့ လာကမ်းလှမ်းတဲ့ အောင်ဝင်းဇော်နဲ့ မြင့်ဆွေမှာ တစ်ယောက်တည်းဖြစ်ကြောင်း ဦးအောင်စိုးပြော )
တကောင်းတိုက်နယ်မှာ တရားဥပဒေစိုးမိုးမှု နည်းပါးနေပြီး သစ်ခိုးဂိုဏ်းတွေ၊ အကျင့်ပျက် ခြစားနေတဲ့ ဝန်ထမ်းတွေကို အရေးယူပေးဖို့၊ ဒေသခံတောင်သူတွေအတွက် တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေးကင်းမဲ့နေမှုတွေ  အမြန်ဆုံးဖြေရှင်းပေးဖို့ ဖုန်းကုန်ကျေးရွာနေ ဦးကျော်ငွေက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ  ဖေဖော်ဝါရီ ၂ ရက်က တိုင်တန်းခဲ့တာဖြစ်ပါတယ်။
‘‘ဆေးရုံကလည်း အလောင်းကဘယ်ရောက်သွားတယ်ဆိုတာ မပြောဘူး။ (၁၀)နှစ်အရွယ် ကလေးက သူ့အမေကို စောင့်နေ တာဆိုတော့ သေသွားတယ်ဆိုတာသိတယ်။ ကျွန်တော်က တောင်ပေါ်ကို အလုပ်သွားတာဆိုတော့ သူ့နားမှာရှိမနေလိုက်ဘူး။ အခုအချိန်ထိ အလောင်းကိုပြန်မရဘူး’ လို့  ဦးကျော်ငွေကပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ရဲတွေလာစစ်မှ ထောင်ထွက်မှန်းသိတယ်လို့ ကြည်လင်းတည်းခိုခဲ့သော ဘုန်းကြီးကျောင်းမှ ဆရာတော်ပြော )
ဇနီးရဲ့ အလောင်းပျောက်ဆုံးမှုအတွက် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားပေမဲ့ အဆင်မပြေခဲ့တာကြောင့် အဖြစ်မှန်သိနိုင်ဖို့ အစိုးရသစ်လက်ထက်မှာ တိုင်းဒေသကြီးအစိုးရသို့ တိုင်ကြားတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ဒေါ်သန်းမြိုင်ဟာ မြေယာအငြင်းပွားမှုပြဿနာကြောင့် ရိုက်နှက်ခံရပြီး အဆိုပါ မြေကိုပြန်လည်ရရှိပြီလို့ ဦးကျော်ငွေက ပြောထားပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - အလွတ်စုံထောက်လုပ်ငန်းတစ်ခု ဖွင့်လှစ် )
Source: 7Day Daily
Loading...