ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္နိမိတ္ၿခံစည္းရိုးကို အုတ္တံတိုင္းေျပာင္းခတ္မယ္


_________________________________________________________
ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္နိုင္ငံ နယ္နိမိတ္အျဖစ္ကာရံထားတဲ့ သြပ္ဆူးႀကိဳးၿခံစည္းရိုးကို ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ကစၿပီး အုတ္တံတိုင္းအျဖစ္ အဆင့္ျမႇင့္တင္တည္ေဆာက္နိုင္ဖုိ႔စီစဥ္ ေဆြး ေႏြးေနတယ္လုိ႔ ျပည္ထဲေရးဝန္ႀကီးဌာနကေန သိရပါတယ္။
ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ အေနာက္ဘက္ ငါးဖာလုံခန႔္ေလာက္္အကြာမွာ စိုက္ထူထားတဲ့ မိုင္တိုင္အမွတ္ ၇၉၆၊ ၁၀၆၅၊ ၁၁၈၀ နဲ႔ အနီးတစ္ဝိုက္ေတြမွာ တစ္နိုင္ငံႏွင့္တစ္နိုင္ငံ လြယ္လြယ္ကူကူ ကူးလူးသြားလာနိုင္တဲ့ ၿခံစည္းရိုးအေပါက္ႀကီးေတြ ျဖစ္ေနလုိ႔ ေဒသခံေတြက အဆုိပါအေပါက္ေတြကို ျမန္ျမန္ဆန္ဆန္ကာရန္ေပးဖုိ႔ ေဒသခံေတြကလိုလားေနၾကတယ္လုိ႔ ဆိုပါတယ္။
"ဟိုဘက္နိုင္ငံနဲ႔ ဒီဘက္နိုင္ငံ လြယ္လြယ္ကူကူစြာသြားလာလိုၾကတဲ့သူေတြက သံဆူး ႀကိဳးေတြကိုဖ်က္ဆီးၿပီး အေပါက္ေတြ ေဖာက္ၾကတယ္။ သံဆူးႀကိဳးေတြကလည္း ဆားငန္ေလနဲ႔ ဆားငန္ေရဒဏ္မခံနိုင္ဘူး။ အုတ္တံတိုင္းျမင့္ျမင့္ခတ္ဖို႔အတြက္ အျမင့္ဘယ္ေလာက္ ဘယ္ႏွေပဆိုဘယ္ ေလာက္ဆိုတာေတြ တြက္ခ်က္ၿပီးၿပီ။ နယ္ စပ္ကာရံမွုကို အဆင့္ျမႇင့္တင္ဖို႔က တစ္ ဖက္အစိုးရကိုလည္း အသိေပးအေၾကာင္း ၾကားရမယ္။ ဒါကိုလာမယ့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ ေဆာင္ရြက္နိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္"လုိ႔ ျပည္ထဲေရး၀န္ႀကီးဌာန တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။
ရခိုင္ျပည္နယ္ ေမာင္ေတာခရိုင္က ဘဂၤလားေဒ့ရွ္နိုင္ငံႏွင့္ ကုန္းနယ္နိမိတ္ ၁၂၈ ဒသမ ၇၅ မိုင္ႏွင့္ ေရနယ္နိမိတ္ ၃၉ ဒသမ ၈၂ မိုင္ ထိစပ္ေနၿပီး၂၀၀၉ ခုႏွစ္ မတ္လ ၁၃ ရက္မွာ ျမန္မာနိုင္ငံ ဘက္မွ နယ္နိမိတ္မ်ဥ္း Zero Line နဲ႔ ေပ ၁၅၀ အကြာ ျမန္မာ့နယ္ေျမထဲမွာ  သြပ္ဆူးႀကိဳးကာရံတာေတြကုိ ေမာင္ေတာၿမိဳ႕ေတာင္ဘက္ ကုန္းေခ်ာင္း၀ကေနစၿပီး နယ္ျခားမွတ္တိုင္ BP ၃၂ အထိ အလ်ား ၃၈ ဒသမ ၁၀၈ မိုင္ကို သံကူကြန္ကရစ္ တစ္ဖက္ခ်ၿခံစည္းရိုး ၁၀ ေပအျမင့္ သြပ္ဆူး ႀကိဳး ၁၄ တန္းနဲ႔ နယ္စပ္ၿခံစည္းရိုးကာရံတာကုိ ပထမအဆင့္အေနနဲ႔ ေဆာင္ရြက္ခဲ့ပါတယ္။
ဒါ့ေပမယ့္ BP ၆၆ ကေန BP ၆၇ ၾကားကိုေတာ့ ေတာေတာင္ထူထပ္ၿပီး လူေနထိုင္တာမရွိလို႔ ဆက္လက္ကာရံဖို႔ က်န္ရွိေနေသးၿပီး  BP ၃၁ ကေန BP ၅၄ အ ထိကို လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြ ကင္းလွည့္ ၾကည့္ရွုစစ္ေဆးႏိုင္ဖုိ႔ နယ္စပ္ၿခံစည္းရိုးနဲ႔ ကပ္လ်က္ပတ္လမ္းေဖာက္လုပ္ထားကာ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေတြကုိ  ႏွစ္စဥ္ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။
Source : Pyi Myanmar

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်အဖြစ်ကာရံထားတဲ့ သွပ်ဆူးကြိုးခြံစည်းရိုးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီး အုတ်တံတိုင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ဖို့စီစဉ် ဆွေး နွေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့ အနောက်ဘက် ငါးဖာလုံခန့်လောက်အကွာမှာ စိုက်ထူထားတဲ့ မိုင်တိုင်အမှတ် ၇၉၆၊ ၁၀၆၅၊ ၁၁၈၀ နဲ့ အနီးတစ်ဝိုက်တွေမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လွယ်လွယ်ကူကူ ကူးလူးသွားလာနိုင်တဲ့ ခြံစည်းရိုးအပေါက်ကြီးတွေ ဖြစ်နေလို့ ဒေသခံတွေက အဆိုပါအပေါက်တွေကို မြန်မြန်ဆန်ဆန်ကာရန်ပေးဖို့ ဒေသခံတွေကလိုလားနေကြတယ်လို့ ဆိုပါတယ်။
"ဟိုဘက်နိုင်ငံနဲ့ ဒီဘက်နိုင်ငံ လွယ်လွယ်ကူကူစွာသွားလာလိုကြတဲ့သူတွေက သံဆူး ကြိုးတွေကိုဖျက်ဆီးပြီး အပေါက်တွေ ဖောက်ကြတယ်။ သံဆူးကြိုးတွေကလည်း ဆားငန်လေနဲ့ ဆားငန်ရေဒဏ်မခံနိုင်ဘူး။ အုတ်တံတိုင်းမြင့်မြင့်ခတ်ဖို့အတွက် အမြင့်ဘယ်လောက် ဘယ်နှပေဆိုဘယ် လောက်ဆိုတာတွေ တွက်ချက်ပြီးပြီ။ နယ် စပ်ကာရံမှုကို အဆင့်မြှင့်တင်ဖို့က တစ် ဖက်အစိုးရကိုလည်း အသိပေးအကြောင်း ကြားရမယ်။ ဒါကိုလာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်"လို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောခရိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ၁၂၈ ဒသမ ၇၅ မိုင်နှင့် ရေနယ်နိမိတ် ၃၉ ဒသမ ၈၂ မိုင် ထိစပ်နေပြီး၂၀ဝ၉ ခုနှစ် မတ်လ ၁၃ ရက်မှာ မြန်မာနိုင်ငံ ဘက်မှ နယ်နိမိတ်မျဉ်း Zero Line နဲ့ ပေ ၁၅၀ အကွာ မြန်မာ့နယ်မြေထဲမှာ  သွပ်ဆူးကြိုးကာရံတာတွေကို မောင်တောမြို့တောင်ဘက် ကုန်းချောင်းဝကနေစပြီး နယ်ခြားမှတ်တိုင် BP ၃၂ အထိ အလျား ၃၈ ဒသမ ၁၀၈ မိုင်ကို သံကူကွန်ကရစ် တစ်ဖက်ချခြံစည်းရိုး ၁၀ ပေအမြင့် သွပ်ဆူး ကြိုး ၁၄ တန်းနဲ့ နယ်စပ်ခြံစည်းရိုးကာရံတာကို ပထမအဆင့်အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့ပေမယ့် BP ၆၆ ကနေ BP ၆၇ ကြားကိုတော့ တောတောင်ထူထပ်ပြီး လူနေထိုင်တာမရှိလို့ ဆက်လက်ကာရံဖို့ ကျန်ရှိနေသေးပြီး  BP ၃၁ ကနေ BP ၅၄ အ ထိကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကင်းလှည့် ကြည့်ရှုစစ်ဆေးနိုင်ဖို့ နယ်စပ်ခြံစည်းရိုးနဲ့ ကပ်လျက်ပတ်လမ်းဖောက်လုပ်ထားကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို  နှစ်စဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Source : Pyi Myanmar