Breaking News
တိုင်းဧရာလွှတ်တော်တွင် တရားရေးမဏ္ဍိုင်ကို ဥပဒေပြုရေးမဏ္ဍိုင်မှ ၀င်မစွက်ဖက်ရဟူသည့် စာသားကို မှတ်တမ်းတင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တောင်းဆို
Loading...
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် တရားသူကြီးအချို့၏ အဂတိလိုက်စားမှု များကို တိုက်ဖျက်၍ မှန်မှန်ကန်ကန်စီရင်ချက်ချမှတ်နိုင်ပါရန် တရားရေးကဏ္ဍကို ထိန်းကျောင်းတည့်မတ်ပေး ရေး တိုက်တွန်းကြောင်း အဆိုအား တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးသန်းထွန်းမှ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြောမှပြင် လုပ်ကြတဲ့အဖြစ်ဟာ တခြားအဖွဲ့အစည်းတွေကိုသာ နားလည်ပေးနိုင်ပေမယ့် တရားစီရင်ရေးဌာန ကတော့ မတူသင့်တာ လိုက်တူချင်နေတဲ့ ဌာနဖြစ်နေတာကို ပြည်သူတွေစိတ်ထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားရပ်ကြီးဟာ ဟာသပြက်လုံးတစ်ခုပမာဖြစ်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရေကြည် မြို့နယ် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးအချို့တွင် တရားစီရင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဘက်လိုက်မှု၊ အာဂတိလိုက်စားမှုများရှိသည်ကို ကြားသိနေရပါသဖြင့် တို့ကိုတိုက်ဖျက်၍ မှန်မှန်ကန်ကန်စီရင်ချက်ချမှတ် စီရင်နိုင်ပါရန် တရားစီရင်ရေးကဏ္ဍကို တာဝန်ရှိသူများမှ ထိန်းကျောင်းတည့်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီ(၉)ရက်တွင် ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးရန် အမည်စာရင်း ပေးသွင်းထားသည့် ကိုယ်စားလှယ်များမှ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
Unicode
တရားရေး မဏ္ဍိုင်ကို ဥပဒေပြုရေးမဏ္ဍိုင်မှ ဝင်မစွက်ဖက်ရဟူသည့် စာသားကို တိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင်ပေးရန် တိုင်းဒေသကြီးလွှတ်တော် ရေကြည်မြို့နယ်၊ ကိုယ်စားလှယ် ဦးမျိုးညွန့်မှ တောင်းဆို လိုက်ကြောင်း သိရှိရသည်။  
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် တရားသူကြီးအချို့၏ အာဂတိလိုက်စားမှု များကို တိုက်ဖျက်၍ မှန်မှန်ကန်ကန်စီရင်ချက်ချမှတ်နိုင်ပါရန် တရားရေးကဏ္ဍကို ထိန်းကျောင်းတည့်မတ်ပေး ရေး တိုက်တွန်းကြောင်း အဆိုအား တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးသန်းထွန်းမှ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ(၆)ရက်တွင် ကျင်းပသော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မြောင်းမြမြို့ နယ်၊ ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး တင်သွင်းသည့်အဆိုအား ဆက်လက်ဆွေးနွေးရာတွင် ရေကြည်မြို့နယ် ကိုယ်စားလှယ် ဦးမျိုးညွန့်က မှတ်တမ်းတင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ပြောမှပြင် လုပ်ကြတဲ့အဖြစ်ဟာ တခြားအဖွဲ့အစည်းတွေကိုသာ နားလည်ပေးနိုင်ပေမယ့် တရားစီရင်ရေးဌာန ကတော့ မတူသင့်တာ လိုက်တူချင်နေတဲ့ ဌာနဖြစ်နေတာကို ပြည်သူတွေစိတ်ထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားရပ်ကြီးဟာ ဟာသပြက်လုံးတစ်ခုပမာဖြစ်နေပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရေကြည် မြို့နယ် ကိုယ်စားလှယ် ဦးမျိုးညွန့်က ပြောသည်။
မြောင်းမြမြို့နယ်၊ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး တင်သွင်းသည့် အဆိုအား ဖေဖော်ဝါရီ(၂)ရက်တွင်ဧရာဝတီတိုင်း ဒေသကြီးတရားသူကြီးချုပ်မှ လွှတ်တော်တွင် မဆွေးနွေးသင့်ကြောင်း ကန့်ကွက်ခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဥပဒေချုပ် ဦးသိန်းရွှေမှ မြေပြင်တွင်ရှိသော ပြည်သူများ၏ အခြေအနေအရ အလွန် သင့်မြတ်သည့် အဆိုဖြစ်သော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သည့် စာသားများကို ပြင်ဆင်ပြီး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသင့်ကြောင်း အကြံပြုခဲ့သည်။
"ဘက်လိုက်တယ်၊ တရားမျှတမှုမရှိဘူး၊ ဆုံးဖြတ်ချက်မမှန်ဘူး၊ တရားစီရင်ရေး မဏ္ဍိုင်ယိမ်းယိုင်နေတယ်။ သုံး နိုင်ပါတယ်။ လွှတ်တော်ကို တင်ပြလိုတာက နာမည်ဆိုး ဆိုတဲ့စကားလုံးကို အဆိုက ထုတ်ပေးဖို့ တင်ပြအပ်ပါ သည်။”ဟု ဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်းက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးအချို့တွင် တရားစီရင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဘက်လိုက်မှု၊ အာဂတိလိုက်စားမှုများရှိသည်ကို ကြားသိနေရပါသဖြင့် ၎င်းတို့ကိုတိုက်ဖျက်၍ မှန်မှန်ကန်ကန်စီရင်ချက်ချမှတ် စီရင်နိုင်ပါရန် တရားစီရင်ရေးကဏ္ဍကို တာဝန်ရှိသူများမှ ထိန်းကျောင်းတည့်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို ဖေဖော်ဝါရီ(၉)ရက်တွင် ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးရန် အမည်စာရင်း ပေးသွင်းထားသည့် ကိုယ်စားလှယ်များမှ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
Loading...