Breaking News


လူမ်ိဳးေရးဆိုင္ရာ အမုန္းပြားပဋိပကၡမ်ား မျဖစ္ေစရန္ ဦးဝီရသူ တရားပြဲပိတ္ခံရ


Loading...


ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕ ကမ္းနားလမ္း ရႈခင္းသာရင္ျပင္တြင္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႕က က်င္းပမည့္ မႏၲေလးၿမိဳ႕ (မစိုးရိမ္တိုက္သစ္) ဆရာေတာ္ ဘဒၵႏၲ ဝိစိတၱာဘိဝံသ (ဦးဝီရသူ) ၏ တရားပြဲကို နိုင္ငံအတြင္း လက္ရွိျဖစ္ေပၚေနေသာ လုံၿခဳံေရး အေျခအေနမ်ားေၾကာင့္ ေဒသတြင္း တရားဥပေဒစိုးမိုးေရး၊ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ခြင့္ျပဳခ်က္ မေပးနိုင္ေၾကာင္းကို လာေရာက္တင္ျပသည့္ ပုဂၢိဳလ္မ်ားထံ ေမတၱာရပ္ခံ တားျမစ္အေၾကာင္းၾကားခဲ့ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးထံမွ သိရွိရသည္။
 
အဆိုပါ ဆရာေတာ္က ေထရဝါဒ ဗုဒၶဘာသာ တရားေတာ္ႏွင့္ မညီၫႊတ္ေသာ လူမ်ိဳးေရးဆိုင္ရာ အမုန္းပြား ပဋိပကၡ ျဖစ္ေစသည္မ်ားကို ေဟာေျပာေနသည္ကို သိရေၾကာင္း၊ ဆရာေတာ္၏ ေဟာေျပာမႈမ်ားေၾကာင့္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ အျပန္အလွန္ ေျပာဆိုေရးသားမႈမ်ားအရ ဆရာေတာ္အေပၚ ေဝဖန္ေရးသားမႈမ်ား ရွိေနေၾကာင္း၊ ဦးကိုနီ လုပ္ႀကံခံရမႈအေပၚ အေျခခံ၍ မလိုလားအပ္ေသာ အေျခအေနမ်ား မျဖစ္ေပၚေစေရးအတြက္ တားျမစ္ရျခင္း ျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
 
တရားပြဲကို စိစစ္လိုက္ေတာ့ ဆရာေတာ္ (ဦးဝီရသူ) ပါေနတာ ေတြ႕ရတယ္၊ တရားပြဲက ၿမိဳ႕ရဲ႕အခ်က္အျခာက်တဲ့ ေနရာမွာလည္း ျဖစ္ေနတယ၊္ လုံၿခဳံေရးအရ အေတာ္ကို အေရးႀကီးပါတယ္၊ ဒါေၾကာင့္ သက္ဆိုင္ေရး နယ္လုံဝန္ႀကီးနဲ႕ စည္ပင္ဝန္ႀကီးရဲ႕ မွတ္ခ်က္ေတြအရ တိုင္းေဒသႀကီး အစိုးရအဖြဲ႕က အစည္းအေဝး ဆုံးျဖတ္ခ်က္နဲ႕ လုပ္ေဆာင္ရတာပါ” ဟု ဧရာဝတီတိုင္းေဒသႀကီး စည္ပင္သာယာေရးဝန္ႀကီး ဦးေက်ာ္ျမင့္က ေျပာၾကားသည္။
 
ပုသိမ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ဇန္နဝါရီလ ၃၁ ရက္တြင္ ဆရာေတာ္ ဦးဝီရသူ၏ တရားေဟာခြင့္မရဟု အေၾကာင္းၾကားခဲ့ေၾကာင္း၊ ဧရာဝတီတိုင္းေဒသႀကီးအတြင္း တရားေဟာခြင့္ မရရွိသည့္ ဆရာေတာ္ ၄ ပါးတြင္ ဆရာေတာ္ ဦးဝီရသူ မပါသျဖင့္ တရားေဟာမည့္ ဆရာေတာ္တြင္ ထည့္သြင္းတင္ျပခဲ့ေၾကာင္း၊ လုံၿခဳံေရး အေျခအေနအရ ခြင့္မျပဳျခင္းဟု သိရွိရ သျဖင့္ ျပင္ဆင္ထားေသာ မုခ္ဦးမ်ားကို ဖ်က္သိမ္းခဲ့ရေၾကာင္း တရားပြဲ က်င္းပေရး ေလွ်ာက္ထားသူ ပုသိမ္ၿမိဳ႕ ဧရာဝတီ အမ်ိဳးသားေရးကြန္ရက္မွ ဦးေဇာ္ေဝက ရွင္းျပသည္။
 
ဧရာဝတီ အမ်ိဳးသားေရးကြန္ရက္ ရႈခင္းသာရင္ျပင္တြင္ နိဗၺာန္ေရာက္ေၾကာင္း တရားမ်ား ေဟာေျပာရန္ ဇန္နဝါရီလ ၃၁ ရက္တြင္ ေ႐ႊမစိုးရိမ္ေက်ာင္း ဆရာေတာ္ (ပုသိမ္) ဘဒၵႏၲဝိဓယ သာသနာ့ ဓဇဓမၼရိယႏွင့္ ေဖေဖာ္ဝါရီ ၁ ရက္တြင္ မႏၲေလးၿမိဳ႕ (မစိုးရိမ္တိုက္သစ္) ဘဒၵႏၲပိစိတၱာဘိဝံသ (ဦးဝီရသူ) တို႔ တရားေဟာၾကားခြင့္ ရရွိေရးအတြက္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ထံ တင္ျပခဲ့ေၾကာင္း ယင္းအရာဝတီ အမ်ိဳးသားေရးကြန္ရက္ အဖြဲ႕ထံမွ သိရွိရသည္။ အဆိုပါ တရားပြဲ ေဟာေျပာခြင့္ မျပဳသည့္ ကိစၥႏွင့္ ပတ္သက္၍ ဆရာေတာ္ ဦးဝီရသူကို ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာ ျပန္လည္ေျဖၾကားျခင္း မရွိေပ။
 
 
Credit:TheVoice

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပမည့် မန္တလေးမြို့ (မစိုးရိမ်တိုက်သစ်) ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (ဦးဝီရသူ) ၏ တရားပွဲကို နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေး အခြေအနေများကြောင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ခွင့်ပြုချက် မပေးနိုင်ကြောင်းကို လာရောက်တင်ပြသည့် ပုဂ္ဂိုလ်များထံ မေတ္တာရပ်ခံ တားမြစ်အကြောင်းကြားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရှိရသည်။
အဆိုပါ ဆရာတော်က ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်နှင့် မညီညွှတ်သော လူမျိုးရေးဆိုင်ရာ အမုန်းပွား ပဋိပက္ခ ဖြစ်စေသည်များကို ဟောပြောနေသည်ကို သိရကြောင်း၊ ဆရာတော်၏ ဟောပြောမှုများကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အပြန်အလှန် ပြောဆိုရေးသားမှုများအရ ဆရာတော်အပေါ် ဝေဖန်ရေးသားမှုများ ရှိနေကြောင်း၊ ဦးကိုနီ လုပ်ကြံခံရမှုအပေါ် အခြေခံ၍ မလိုလားအပ်သော အခြေအနေများ မဖြစ်ပေါ်စေရေးအတွက် တားမြစ်ရခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တရားပွဲကို စိစစ်လိုက်တော့ ဆရာတော် (ဦးဝီရသူ) ပါနေတာ တွေ့ရတယ်၊ တရားပွဲက မြို့ရဲ့အချက်အခြာကျတဲ့ နေရာမှာလည်း ဖြစ်နေတယ၊် လုံခြုံရေးအရ အတော်ကို အရေးကြီးပါတယ်၊ ဒါကြောင့် သက်ဆိုင်ရေး နယ်လုံဝန်ကြီးနဲ့ စည်ပင်ဝန်ကြီးရဲ့ မှတ်ချက်တွေအရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ရတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဇန်နဝါရီလ ၃၁ ရက်တွင် ဆရာတော် ဦးဝီရသူ၏ တရားဟောခွင့်မရဟု အကြောင်းကြားခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားဟောခွင့် မရရှိသည့် ဆရာတော် ၄ ပါးတွင် ဆရာတော် ဦးဝီရသူ မပါသဖြင့် တရားဟောမည့် ဆရာတော်တွင် ထည့်သွင်းတင်ပြခဲ့ကြောင်း၊ လုံခြုံရေး အခြေအနေအရ ခွင့်မပြုခြင်းဟု သိရှိရ သဖြင့် ပြင်ဆင်ထားသော မုခ်ဦးများကို ဖျက်သိမ်းခဲ့ရကြောင်း တရားပွဲ ကျင်းပရေး လျှောက်ထားသူ ပုသိမ်မြို့ ဧရာဝတီ အမျိုးသားရေးကွန်ရက်မှ ဦးဇော်ဝေက ရှင်းပြသည်။
ဧရာဝတီ အမျိုးသားရေးကွန်ရက် ရှုခင်းသာရင်ပြင်တွင် နိဗ္ဗာန်ရောက်ကြောင်း တရားများ ဟောပြောရန် ဇန်နဝါရီလ ၃၁ ရက်တွင် ရွှေမစိုးရိမ်ကျောင်း ဆရာတော် (ပုသိမ်) ဘဒ္ဒန္တဝိဓယ သာသနာ့ ဓဇဓမ္မရိယနှင့် ဖေဖော်ဝါရီ ၁ ရက်တွင် မန္တလေးမြို့ (မစိုးရိမ်တိုက်သစ်) ဘဒ္ဒန္တပိစိတ္တာဘိဝံသ (ဦးဝီရသူ) တို့ တရားဟောကြားခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြခဲ့ကြောင်း ယင်းအရာဝတီ အမျိုးသားရေးကွန်ရက် အဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ တရားပွဲ ဟောပြောခွင့် မပြုသည့် ကိစ္စနှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။
Credit:TheVoice
Loading...