Breaking News

ရဲေတြလာစစ္မွ ေထာင္ထြက္မွန္းသိတယ္လို႔ ၾကည္လင္းတည္းခိုခဲ့ေသာ ဘုန္းၾကီးေက်ာင္းမွ ဆရာေတာ္ေျပာ


Loading...

ဦးကိုနီကို လုပ္ၾကံခဲ့သူ ၾကည္လင္းဟာ ရန္ကုန္ျမိဳ႕မွာ ရွိေနစဥ္အတြင္း မဂၤလာေတာင္ညႊန္ျမိဳ႕နယ္က ဘုန္းၾကီးေက်ာင္းတုိက္မွာ တည္းခိုခြင့္ေတာင္းေနထုိင္ခဲ့ျပီး အဆိုပါေက်ာင္းတိုက္မွ ဆရာေတာ္က ရဲေတြလာစစ္မွ ၾကည္လင္းဟာ ေထာင္ထြက္ျဖစ္တယ္ဆိုတာကို သိခဲ့တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားထားပါတယ္။
ရဲေတြဟာ လုပ္ၾကံမႈျဖစ္ပြားတဲ့ ဇန္နဝါရီ ၂၉ ရက္မွာတင္ လာေရာက္စစ္ေဆးခဲ့ကာ ၾကည္လင္းဟာ သူ႔ရဲ႕ ေထာင္ထြက္စာရြက္ကို အမ္ပီတီဖုန္းကဒ္ထည့္တဲ့စာရြက္ထဲ ထည့္ထားျပီး ထိုအခ်ိန္က်မွ ေထာင္ထြက္မွန္းသိတယ္လို႔ ေက်ာင္းတိုက္ရွိ တတိယေက်ာင္းထုိင္ဆရာေတာ္ ဦးဝိဇယက ေျပာၾကားထားပါတယ္။
ၾကည္လင္းဟာ ပ်ံလြန္ေတာ္မူသြားျပီျဖစ္တဲ့ ယခင္ေက်ာင္းထုိင္ဆရာေတာ္ၾကီး  ဦးဓမၼိႆနဲ႔သိတာေၾကာင့္ ေက်ာင္းတိုက္ကို လာေရာက္တည္းခိုတာျဖစ္ျပီး ဟုိးအရင္ကလည္း လာေရာက္တည္းခဲ့ဖူးတယ္လို႔ သိရပါတယ္။ ဘယ္ႏွစ္ရက္ေနမယ္ဆုိတာကို ေျပာဆိုျခင္းမရွိဘဲ တည္းခိုသြားတာ ျဖစ္ျပီး လုပ္ၾကံမႈျဖစ္ပြားတဲ့ေန႔မွာ မနက္ပိုင္း ၁၂ နာရီေလာက္မွာ ထြက္သြားတယ္လို႔ထင္ေၾကာင္း ဆရာေတာ္က ေျပာၾကားထားပါတယ္။
 ၾကည္လင္းက်န္ခဲ့တဲ့အိတ္ကို ရဲေတြက စစ္တဲ့အခါမွာ စကၠဴစာတမ္းေတြ အမ်ားၾကီးေတြ႕ျပီး ဖုန္းကဒ္ေတြ ေလးငါးဆယ္ခုေလာက္လည္းေတြ႕တယ္လို႔ ဆုိပါတယ္။ ေနထိုင္စဥ္အတြင္းမွာ ၾကည္လင္းဆီကို လာေရာက္လည္ပတ္သူမရွိဘဲ ေန႔တုိင္းေတာ့ အျပင္ထြက္ထြက္သြားတယ္လို႔လည္း သိရပါတယ္။ ဘုန္းႀကီးေက်ာင္းမွာ ၾကည္လင္းဟာ ဖိုးထူးအမည္နဲ႔ တည္းခိုခဲ့ၿပီး ၂၇ရက္ၾကာ ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။
 ႏိုင္င့ံေခါင္းေဆာင္တစ္ေယာက္ကို အခုလို လုပ္ႀကံတယ္ဆိုတာ အင္မတန္မွပဲ စိတ္ေတာင္ စိတ္မကူးရဲစရာအလုပ္ျဖစ္ျပီး အခုလို လုပ္လိုက္တယ္ဆိုေတာ့ အံ့လည္း အံ့ၾသမိကာ တုန္လႈပ္သြားရတယ္လို႔ တတိယေက်ာင္းထုိင္ဆရာေတာ္ ဦးဝိဇယက ေျပာၾကားပါတယ္။
ဦးကိုနီကို လုပ္ႀကံသူၾကည္လင္းဟာ ဘုရားဆင္းတုခုိးဂုိဏ္းတစ္ခုမွျဖစ္ၿပီး သူနဲ႔အတူတြဲလုပ္ခဲ့ဖူးတဲ့ ဦးျမင့္ေဆြဆုိသူကုိ ရဲတပ္ဖြဲ႕က စုံစမ္းရွာေဖြေနတယ္လို႔လည္း သိရပါတယ္။ၾကည္လင္း နဲ႔ ဦးျမင့္ေဆြဟာ ဘုရားခုိးကာ ယုိးဒယားကုိ အတူပို႔ဖူးျပီး ဦးျမင့္ေဆြရဲ႕ ဓာတ္ပုံရၿပီးျဖစ္လုိ႔ စုံစမ္းေနတယ္လို႔ မႏၲေလးတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးဟန္ထြန္းက ေျပာထားပါတယ္။ သူတုိ႔ႏွစ္ဦးဟာ မႏၲေလးမွာ မိတ္ေဆြေတြျဖစ္သြားတာေၾကာင့္  ၾကည္လင္း ဘယ္မွာေနခဲ့တယ္ဆိုတာကိုသိရဖုိ႔ ဦးျမင့္ေဆြကို ရွာေနတာ ျဖစ္တယ္လို႔ သိရပါတယ္။
Source: 7Day Daily
ဦးကိုနီကို လုပ်ကြံခဲ့သူ ကြည်လင်းဟာ ရန်ကုန်မြို့မှာ ရှိနေစဉ်အတွင်း မင်္ဂလာတောင်ညွှန်မြို့နယ်က ဘုန်းကြီးကျောင်းတိုက်မှာ တည်းခိုခွင့်တောင်းနေထိုင်ခဲ့ပြီး အဆိုပါကျောင်းတိုက်မှ ဆရာတော်က ရဲတွေလာစစ်မှ ကြည်လင်းဟာ ထောင်ထွက်ဖြစ်တယ်ဆိုတာကို သိခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။
ရဲတွေဟာ လုပ်ကြံမှုဖြစ်ပွားတဲ့ ဇန်နဝါရီ ၂၉ ရက်မှာတင် လာရောက်စစ်ဆေးခဲ့ကာ ကြည်လင်းဟာ သူ့ရဲ့ ထောင်ထွက်စာရွက်ကို အမ်ပီတီဖုန်းကဒ်ထည့်တဲ့စာရွက်ထဲ ထည့်ထားပြီး ထိုအချိန်ကျမှ ထောင်ထွက်မှန်းသိတယ်လို့ ကျောင်းတိုက်ရှိ တတိယကျောင်းထိုင်ဆရာတော် ဦးဝိဇယက ပြောကြားထားပါတယ်။
ကြည်လင်းဟာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ယခင်ကျောင်းထိုင်ဆရာတော်ကြီး  ဦးဓမ္မိဿနဲ့သိတာကြောင့် ကျောင်းတိုက်ကို လာရောက်တည်းခိုတာဖြစ်ပြီး ဟိုးအရင်ကလည်း လာရောက်တည်းခဲ့ဖူးတယ်လို့ သိရပါတယ်။ ဘယ်နှစ်ရက်နေမယ်ဆိုတာကို ပြောဆိုခြင်းမရှိဘဲ တည်းခိုသွားတာ ဖြစ်ပြီး လုပ်ကြံမှုဖြစ်ပွားတဲ့နေ့မှာ မနက်ပိုင်း ၁၂ နာရီလောက်မှာ ထွက်သွားတယ်လို့ထင်ကြောင်း ဆရာတော်က ပြောကြားထားပါတယ်။
 ကြည်လင်းကျန်ခဲ့တဲ့အိတ်ကို ရဲတွေက စစ်တဲ့အခါမှာ စက္ကူစာတမ်းတွေ အများကြီးတွေ့ပြီး ဖုန်းကဒ်တွေ လေးငါးဆယ်ခုလောက်လည်းတွေ့တယ်လို့ ဆိုပါတယ်။ နေထိုင်စဉ်အတွင်းမှာ ကြည်လင်းဆီကို လာရောက်လည်ပတ်သူမရှိဘဲ နေ့တိုင်းတော့ အပြင်ထွက်ထွက်သွားတယ်လို့လည်း သိရပါတယ်။ ဘုန်းကြီးကျောင်းမှာ ကြည်လင်းဟာ ဖိုးထူးအမည်နဲ့ တည်းခိုခဲ့ပြီး ၂၇ရက်ကြာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
 နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို အခုလို လုပ်ကြံတယ်ဆိုတာ အင်မတန်မှပဲ စိတ်တောင် စိတ်မကူးရဲစရာအလုပ်ဖြစ်ပြီး အခုလို လုပ်လိုက်တယ်ဆိုတော့ အံ့လည်း အံ့သြမိကာ တုန်လှုပ်သွားရတယ်လို့ တတိယကျောင်းထိုင်ဆရာတော် ဦးဝိဇယက ပြောကြားပါတယ်။
ဦးကိုနီကို လုပ်ကြံသူကြည်လင်းဟာ ဘုရားဆင်းတုခိုးဂိုဏ်းတစ်ခုမှဖြစ်ပြီး သူနဲ့အတူတွဲလုပ်ခဲ့ဖူးတဲ့ ဦးမြင့်ဆွေဆိုသူကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေတယ်လို့လည်း သိရပါတယ်။ကြည်လင်း နဲ့ ဦးမြင့်ဆွေဟာ ဘုရားခိုးကာ ယိုးဒယားကို အတူပို့ဖူးပြီး ဦးမြင့်ဆွေရဲ့ ဓာတ်ပုံရပြီးဖြစ်လို့ စုံစမ်းနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်းက ပြောထားပါတယ်။ သူတို့နှစ်ဦးဟာ မန္တလေးမှာ မိတ်ဆွေတွေဖြစ်သွားတာကြောင့်  ကြည်လင်း ဘယ်မှာနေခဲ့တယ်ဆိုတာကိုသိရဖို့ ဦးမြင့်ဆွေကို ရှာနေတာ ဖြစ်တယ်လို့ သိရပါတယ်။

Loading...