ကိုေနဝင္းရဲ႕ သမီးႀကီးအတြက္ ပညာသင္စာရိတ္ကိုတာဝန္ယူမယ့္ လူမင္းတို႕ ဇနီးေမာင္ႏွံ


_________________________________________________________

အကယ္ဒမီလူမင္းနဲ႕ ဇနီးခင္စံပယ္ဦးတို႕ကေတာ့ ဦးကိုနီကိုလုပ္ႀကံခံရမႈမွာ အသက္ေပးသြားရတဲ့ ကိုေနဝင္းရဲ႕ သမီးႀကီး ျပည့္ျပည့္အတြက္ ပညာသင္စာရိတ္ကို တာဝန္ယူသြားမွာ ျဖစ္တယ္လုို႕ သိရပါတယ္။ အဲ့အတြက္ကိုလည္း ျပည့္ျပည့္ေနထိုင္ရာ အိမ္ကို သူတို႕ႏွစ္ဦးစလံုး သြားေရာက္ေတြ႕ဆံုခဲ့ၾကပါတယ္။
ျပည့္ျပည့္ဟာ ကိုေနဝင္းရဲ႕ ပထမအိမ္ေထာင္နဲ႕ ေမြးတဲ့ သမီးျဖစ္ၿပီး သူမ(၁)တန္းအရြယ္မွာ မိဘနွစ္ပါးက အိမ္ေထာင္ကြဲခဲ့ၿပီး အခု(၁၀)တန္းအခ်ိန္ထိ မိခင္နဲ႕ ေနေနသူလည္း ျဖစ္တယ္လို႕ လူမင္းရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။
"သူ႔ပညာေရးအတြက္လည္းအတတ္ႏိုင္ဆံုးကူညီေပးမွာပါ။ သူတို႔ကိုအားေပးတဲ့ သူလည္းအင္မတန္နည္းရွာပါတယ္။ ျပန္ခါနီး ႏႈတ္ဆက္ေတာ့ျပည့္ျပည့္ရဲ႕ အေမမ်က္ဝန္းမွာ မ်က္ရည္စေတြနဲ႔ပါ။ အိမ္ေထာင္ေရးဆိုတာလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြဲတတ္ပါတယ္။ ကေလးေတြကၾကားကဘာအျပစ္မွမရွိပါ။" လို႕လည္း ေရးသားထားပါတယ္။
ကိုေနဝင္းရဲ႕ သမီးႀကီးဆီသို႕ လူမင္းတို႕ဇနီးေမာင္ႏံွ သြားေရာက္ေတြ႕ဆံုခဲ့တဲ့ ပံုရိပ္ေလးမ်ားကိုလည္း လူမင္းေဖ့စ္ဘြတ္ကေနတစ္ဆင့္ ပရိသတ္ေတြေတြ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။ လူမင္းတို႕ ဇနီးေမာင္နွံဟာ ဇန္န၀ါရီလ ၂၉ ရက္ေန႔ ညေန ၅ နာရီေလာက္က ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေသနတ္နဲ႔ ပစ္ခတ္ လုပ္ႀကံခံရၿပီးေသဆံုးခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ ဥပေဒအႀကံေပး ဦးကုိနီရဲ႕ မိခင္နဲ႔ က်န္ရစ္သူ မိသားစုကိုလည္း  သြားေရာက္ေတြ႕ဆံု အားေပးခဲ့တယ္လို႔ သိရပါတယ္။
Duwun
Unicode
အကယ်ဒမီလူမင်းနဲ့ ဇနီးခင်စံပယ်ဦးတို့ကတော့ ဦးကိုနီကိုလုပ်ကြံခံရမှုမှာ အသက်ပေးသွားရတဲ့ ကိုနေဝင်းရဲ့ သမီးကြီး ပြည့်ပြည့်အတွက် ပညာသင်စာရိတ်ကို တာဝန်ယူသွားမှာ ဖြစ်တယ်လိုု့ သိရပါတယ်။ အဲ့အတွက်ကိုလည်း ပြည့်ပြည့်နေထိုင်ရာ အိမ်ကို သူတို့နှစ်ဦးစလုံး သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
ပြည့်ပြည့်ဟာ ကိုနေဝင်းရဲ့ ပထမအိမ်ထောင်နဲ့ မွေးတဲ့ သမီးဖြစ်ပြီး သူမ(၁)တန်းအရွယ်မှာ မိဘနှစ်ပါးက အိမ်ထောင်ကွဲခဲ့ပြီး အခု(၁၀)တန်းအချိန်ထိ မိခင်နဲ့ နေနေသူလည်း ဖြစ်တယ်လို့ လူမင်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
"သူ့ပညာရေးအတွက်လည်းအတတ်နိုင်ဆုံးကူညီပေးမှာပါ။ သူတို့ကိုအားပေးတဲ့ သူလည်းအင်မတန်နည်းရှာပါတယ်။ ပြန်ခါနီး နှုတ်ဆက်တော့ပြည့်ပြည့်ရဲ့ အမေမျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါ။ အိမ်ထောင်ရေးဆိုတာလည်း အကြောင်းအမျိုးမျိုးကြောင့် ကွဲတတ်ပါတယ်။ ကလေးတွေကကြားကဘာအပြစ်မှမရှိပါ။" လို့လည်း ရေးသားထားပါတယ်။
ကိုနေဝင်းရဲ့ သမီးကြီးဆီသို့ လူမင်းတို့ဇနီးမောင်နှံ သွားရောက်တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးများကိုလည်း လူမင်းဖေ့စ်ဘွတ်ကနေတစ်ဆင့် ပရိသတ်တွေတွေ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ လူမင်းတို့ ဇနီးမောင်နှံဟာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရပြီးသေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ဦးကိုနီရဲ့ မိခင်နဲ့ ကျန်ရစ်သူ မိသားစုကိုလည်း  သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Duwun
Loading...