Breaking News

ထိုင္းတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦး လက္ျပန္ႀကိဳးတုပ္ ရိုက္ႏွက္မုဒိန္းက်င့္ခံရၿပီး ေသဆုံး


Loading...


ထိုင္းနိုင္ငံ၊မဟာခ်ိဳင္ေဒသမွာေနထိုင္တဲ့ ျမန္မာနိုင္ငံသားအမ်ိဳးသားတစ္ဦးက၊ သူေနထိုင္ရာတိုက္ခန္းအတြင္းမွာ ျမန္မာအမ်ိဳးသမီးတစ္ဦးကို လက္ျပန္ႀကိဳးတုပ္ၿပီး ရိုက္ႏွက္မႈေၾကာင့္ ေသဆုံးမႈတစ္ခုျဖစ္ပြားခဲ့တယ္လို႔ ထိုင္းနိုင္ငံေရာက္ျမန္မာအလုပ္သမားေတြကို ကူညီေပးေနတဲ့ACC(မဟာမိတ္)အဖြဲ႕ထံကေန သိရပါတယ္။
 
ေဖေဖာ္ဝါရီလ (၅)ရက္ေန႕ မြန္းလြဲပိုင္းအခ်ိန္မွာျဖစ္ပြားခဲ့ၿပီး ေသဆုံးသူ အမ်ိဳးသမီးဟာအသက္ (၃၇)ႏွစ္အ႐ြယ္ရွိၿပီး သားသမီးႏွစ္ဦး ရွိေၾကာင္း သိရွိရပါတယ္။ သူမက ပုစြန္စက္႐ုံမွာ အလုပ္လုပ္ေနၿပီး မိသားစုလိုက္ ထိုင္းနိုင္ငံမွာေနထိုင္သူျဖစ္ပါတယ္။
 ေသဆုံးသူနဲ႕ လူသတ္မႈက်ဴးလြန္ခဲ့တဲ့အမ်ိဳးသားတို႔ ႏွစ္ဦးစကားမ်ားရန္ျဖစ္ေနသံ၊ ရိုက္ႏွက္သံေတြၾကားေနရတာေၾကာင့္ ေနအိမ္အနီးေနထိုင္သူေတြက ေမးျမန္းေပမယ့္ တံခါးမဖြင့္ေပးတာေၾကာင့္ ရဲစခန္းကိုအေၾကာင္းၾကားလိုက္တာျဖစ္တယ္လို႔ကူညီေပးေနတဲ့ ACCအဖြဲ႕တာဝန္ခံကိုရဲမင္းကေျပာပါတယ္။
 
သူက”ေသဆုံးသူအမ်ိဳးသမီးရဲ႕ ပါးစပ္ထဲမွာအဝတ္ေတြဆို႔ထားတယ္ အဓိက ကေတာ့ထိုးႀကိတ္ၿပီးေတာ့ လက္ျပန္ႀကိဳးတုပ္တယ္။ လည္ပင္းညွစ္တယ္သည္ဒဏ္ေတြေၾကာင့္ေသသြားတာ ရဲေတြလာဖမ္းတဲ့အခ်ိန္မွာ အဲ့ေကာင္ေလးက သူသတ္တယ္လို႔ဝန္ခံတယ္။ ထြက္မေျပးဘူး အဲ့သည့္အခန္းထဲမွာပဲေနေနတယ္” လို႔ ေျပာပါတယ္။
 
ေသဆုံးသူအမ်ိဳးသမီးဟာ မုဒိမ္းက်င့္ခံရတဲ့လကၡဏာကို လည္းရဲေတြကစစ္ေဆးေတြ႕ရွိထားပါတယ္၊ လူသတ္တရားခံ အမ်ိဳးသားကို ထိုင္းနိုင္ငံ မဟာခ်ိဳင္နယ္ေျမရဲစခန္းမွာ ထိန္းသိမ္းထားေၾကာင္း ACC(မဟာမိတ္အဖြဲ႕)ထံကသိရွိရပါတယ္။
 
Credit:ကုမုႏၵျဒာ

Unicode

ထိုင်းနိုင်ငံ၊မဟာချိုင်ဒေသမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးက၊ သူနေထိုင်ရာတိုက်ခန်းအတွင်းမှာ မြန်မာအမျိုးသမီးတစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်မှုကြောင့် သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ACC(မဟာမိတ်)အဖွဲ့ထံကနေ သိရပါတယ်။
 
ဖေဖော်ဝါရီလ (၅)ရက်နေ့ မွန်းလွဲပိုင်းအချိန်မှာဖြစ်ပွားခဲ့ပြီး သေဆုံးသူ အမျိုးသမီးဟာအသက် (၃၇)နှစ်အရွယ်ရှိပြီး သားသမီးနှစ်ဦး ရှိကြောင်း သိရှိရပါတယ်။ သူမက ပုစွန်စက်ရုံမှာ အလုပ်လုပ်နေပြီး မိသားစုလိုက် ထိုင်းနိုင်ငံမှာနေထိုင်သူဖြစ်ပါတယ်။
 သေဆုံးသူနဲ့ လူသတ်မှုကျူးလွန်ခဲ့တဲ့အမျိုးသားတို့ နှစ်ဦးစကားများရန်ဖြစ်နေသံ၊ ရိုက်နှက်သံတွေကြားနေရတာကြောင့် နေအိမ်အနီးနေထိုင်သူတွေက မေးမြန်းပေမယ့် တံခါးမဖွင့်ပေးတာကြောင့် ရဲစခန်းကိုအကြောင်းကြားလိုက်တာဖြစ်တယ်လို့ကူညီပေးနေတဲ့ ACCအဖွဲ့တာဝန်ခံကိုရဲမင်းကပြောပါတယ်။
 
သူက”သေဆုံးသူအမျိုးသမီးရဲ့ ပါးစပ်ထဲမှာအဝတ်တွေဆို့ထားတယ် အဓိက ကတော့ထိုးကြိတ်ပြီးတော့ လက်ပြန်ကြိုးတုပ်တယ်။ လည်ပင်းညှစ်တယ်သည်ဒဏ်တွေကြောင့်သေသွားတာ ရဲတွေလာဖမ်းတဲ့အချိန်မှာ အဲ့ကောင်လေးက သူသတ်တယ်လို့ဝန်ခံတယ်။ ထွက်မပြေးဘူး အဲ့သည့်အခန်းထဲမှာပဲနေနေတယ်” လို့ ပြောပါတယ်။
 
သေဆုံးသူအမျိုးသမီးဟာ မုဒိမ်းကျင့်ခံရတဲ့လက္ခဏာကို လည်းရဲတွေကစစ်ဆေးတွေ့ရှိထားပါတယ်၊ လူသတ်တရားခံ အမျိုးသားကို ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း ACC(မဟာမိတ်အဖွဲ့)ထံကသိရှိရပါတယ်။
 
Credit:ကုမုန္ဒြာ


Loading...