Breaking News

ဦးကိုနီကို လုပ္ႀကံသတ္ျဖတ္ျခင္းသည္ ဒီမိုကေရစီကို လုပ္ၾကံ ျခင္းျဖစ္သည္


Loading...
ျမန္မာႏုိင္ငံသမုိင္းမွာ အေနာ္ရထာ ဗုဒၶသာသနာေတာ္ ပိဋကတ္သံုးပံုရရွိဖုိ႔ သုဝဏၰဘုမိၼသထံုျပည့္ရွင္ မႏူဟာမင္းထံက ေတာင္းယူ၍ မရလို႔တိုက္ယူစဥ္ကအာရဗ္လူမ်ိဳး အစၥလာမ္ဘာသာဝင္ မြတ္စလင္ ဗ်တၱ၏ အသက္ေပးစြမ္းေဆာင္မႈေၾကာင့္ ယေန႔ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာထြန္းကားခဲ့တယ္ဆိုတာ သမိုင္းေဖ်ာက္လို႔ မရ ပါဘူး။ ဒါေၾကာင့္ျမန္မာ့သမိုင္းကို အစၥလာမ္ဘာသာဝင္ ဗ်တၱကေသြးျဖင့္ ေရးခဲ့တာေတြ႕ၾကရမွာျဖစ္ပါတယ္။အစၥ လာမ္ဘာသာဝင္အာရဗ္လူမ်ိဳး မြတ္စလင္ဗ်၀ိဟာလည္း သုဝဏၰဘုမိၼသထံုျပည့္ရွင္ဘုရင္မႏူဟာထံမွာ သစၥာရွိစြာ အမႈထမ္းေဆာင္ပါလွ်က္ ရဲစြမ္းသတၱိကိုေၾကာက္ၿပီး ေျခထိုးလို႔လုပ္ႀကံအသတ္ခံ ခဲ့ရတာလည္း သမိုင္းတင္ထား ၿပီးျဖစ္ပါတယ္။
ဗမာေတြ စည္းကမ္းေဖာက္လုိ႔ ထီးနန္းေပ်ာက္ခဲ့ၿပီး အမ်ိဳးသားလြတ္ေျမာက္ေရးႀကိဳးပမ္းမႈ ကာလမွာ လည္းဦးေရႊဆိုင္း၊ဦးေရႊမွိဳင္း၊ဗိုလ္ကရင္မ္(ခ)ဗိုလ္ေမာင္ကေလး၊ခန္းဆပ္ ဗိုလ္ေနမ်ိဳး ဂုဏၰရတ္၊ ဗိုလ္ခ်ဳပ္ေမာင္ခ်ံဳ၊ ဗိုလ္မွဴးဘိုးကာ၊ဗိုလ္ယာကြဗ္စတဲ့တိုင္းရင္းသားျမန္မာမြတ္စလင္မ္ေသြးေသာက္ေတြနဲ႔အညၾတအစၥလာမ္ဘာသာဝင္ေတြ အသက္ေသြးေခၽြးေပးဆပ္ခဲ့တာလည္း သမုိင္းကိုမလိမ္မညာစတမ္း ေမာ္ကြန္းအခိုင္အမာ ေရးထုိးခဲ့တာ ေတြ႕ၾကရမွာျဖစ္ပါတယ္။
ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈသမုိင္းမွာလည္း အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔အတူ အာဇာနည္ေခါင္းေဆာင္ႀကီးဆရာႀကီးဦးရာဇတ္ႏွင့္ရဲေဘာ္ကိုေထြးတို႔သည္လည္းမ်ိဳးခ်စ္ဂုိဏ္းသားေတြရဲ႕လက္ခ်က္နဲ႔လုပ္ႀကံသတ္ျဖတ္ခံခဲ့ရၿပီးအသက္ေပးဆပ္ခဲ့ရတာလည္းမြတ္စလင္မ္ အာဇာနည္ေသြး မေျခာက္ေသးဘူးဆိုတာ ေတြ႕ၾကရမွာ ျဖစ္ပါတယ္။
ျမန္မာလူမ်ိဳးေတြ လြတ္လပ္ေရးရၿပီး ၁၀ႏွစ္ေလာက္သာ ဒီမိုကေရစီဆိုတာ ဘာလဲလို႔ ျမည္းစမ္းခြင့္ ကေလးရရွိခဲ့ၿပီး ၁၉၅၈ ေနာက္ပိုင္းကစလို႔အရြယ္မေရာက္ေသးတဲ့ ဒီမိုကေရစီသမီးငယ္ေလးကို မုဒိမ္းက်င့္ဖုိ႔စၿပီး ႀကိဳးစားလာၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္။
အာဏာဆိုတာ ေသနတ္ေျပာင္းဝက ထြက္တယ္ဆိုတဲ့ လူတန္းစား ေတြရဲ႕အဆိုအမိန္႔အတုိင္း အပ္ေတာင္ကိုင္လုိ႔မရ၊ အိမ္မွာရွိတဲ့ ၾကက္သြန္ သား၊ငါးလွီးတဲ့ဓါးကိုင္ရင္ေတာင္ ႏုိင္ငံေတာ္ပုန္ကန္မႈပုဒ္မတပ္ၿပီး လုပ္ႀကံခံရလို႔ ဒီမိုကေရစီဘက္ေတာ္ သား ေက်ာင္းသား၊ ရဟန္းရွင္လူ ႏိုင္ငံသားျပည္သူေတြထဲမွာ အစၥလာမ္ဘာသာဝင္ မြတ္စလင္မ္ေတြလည္း က်န္ဘာသာဝင္ေတြနဲ႔အတူ အသက္ေပးခဲ့ၾကရတာ ဒုနဲ႔ေဒး ဆိုတာလည္း ေတြ႕ၾကရမွာ ျဖစ္ပါတယ္။
ဒီမိုကေရစီ သမီးပ်ိဳးေလးဟာ၁၉၆၂-ခုႏွစ္မွာ အာဏာရွင္စနစ္ရဲ႕ မုဒိမ္းက်င့္ခံခဲ့ရၿပီး ေသဆံုးခဲ့တာ ၂၆ ႏွစ္ၾကာခဲ့ၿပီးေနာက္ ဒီမိုကေရစီသမီးငယ္ေလးတစ္ဦးကို အသက္ေတြစေတးၿပီး၁၉၈၈-ခုႏွစ္မွာ ထပ္မံေမြးဖြားလို႔မွ မၾကာပါဘူး လက္နက္အားကိုးၿပီး မုဒိမ္းက်င့္ခံရလို႔ငယ္ငယ္ရြယ္ရြယ္နဲ႔ေသဆံုးခဲ့ရျပန္ပါတယ္။ ၂၂ ႏွစ္အၾကာ ၂၀၁၀-ျပည့္ႏွစ္မွာ ဒီမိုကေရစီ သမီးပ်ိဳ ေလး တစ္ဦးထပ္မံေမြးဖြားခဲ့ျပန္ပါတယ္။ ဒီမိုကေရစီသမီးပ်ိဳေလး ေမြးဖြားဖုိ႔ အသက္ေတြ စေတးေပးဆပ္ခဲ့ရာမွာ ဗုဒၶဘာသာ၊ ခရိယာန္ဘာသာ၊ ဟိႏၵဴဘာသာဝင္ေတြနဲ႔အတူ အစၥလာမ္ဘာသာဝင္ မြတ္စလင္မ္ေတြပါဝင္ခဲ့တာ လည္း ဒီမိုကေရစီ ႀကိဳးပမ္းမႈ သမိုင္းမွတ္ေက်ာက္တင္ၿပီး ျဖစ္ပါတယ္။
ဤကဲ့သုိ႔ ဒီမိုကေရစီ ေျမး၊ ျမစ္ အရြယ္သမီးပ်ိဳကေလးထြန္းကားခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ သန္းကာစ ၅ႏွစ္ခရီးမွာ ဟုတ္မလိုလိုနဲ႔ ထပ္ၿပီး မုဒိမ္းက်င့္ခံခဲ့ရျပန္ပါတယ္။ ဒီမိုကေရစီကို ခ်စ္ျမတ္ႏိုးတဲ့ ရဟန္းရွင္လူျပည္သူေတြကေနာက္ ၅ႏွစ္မွာ ဒီမိုကေရစီ မုဒိမ္းရန္က လြတ္ဖုိ႔ စုစည္းညီညြတ္မႈနဲ႔ ေျပာင္းလဲရန္ ႀကိဳးပမ္း ခဲ့ၾကပါတယ္။ မနာလိုမ႐ႈစိမ့္တဲ့ အုပ္စုတစ္ခုက ဒီမိုကေရစီေရွ႕ခရီးလမ္းေၾကာင္းကို ပိတ္ဆုိ႔ကာဆီးၿပီး အႏုိင္ အထက္ျပဳလုပ္ေနၾကလို႔ ဒီမိုကေရစီခရီးက ေရြ႕သင့္သေလာက္မေရြ႕ဘဲ ဒီမိုကေရစီသမီးပ်ိဳေလးကို မုဒိမ္းက်င့္ဖုိ႔ ထပ္မံႀကိဳးစားလာတာကို ဒီမိုကေရစီလိုလားတဲ့ ျပည္သူလူထုႀကီး ခံစားလာခဲ့ၾကရပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းအတြက္ဗိုလ္ခ်ဳပ္နဲ႔အတူဦးရာဇတ္နဲ႔ရဲေဘာ္ကိုေထြးတို႔အသက္ေပးခဲ့ၾကသလိုဗိုလ္ခ်ဳပ္သမီးအတြက္ ဦးကိုနီနဲ႔ကိုေန၀င္းတို႔ အသက္ေပးခဲ့ၾကပါတယ္။ ရိုးသားျဖဴစင္ၿပီး စစ္မွန္တဲ့ ဗုဒၶဘာသာ၀င္ေတြနဲ႔ အစၥလာမ္ဘာသာ၀င္ေတြကို ေသြးခြဲဖို႔ႀကံစည္ႀကိဳးစားခဲ့ၾကပါတယ္။ ဒီမိုကေရစီ ျပည္သူလူထုႀကီးက နားလည္မႈ ရရွိၿပီးစည္းလံုးခဲ့ၾကပါတယ္။
-၂-
ဒီမိုကေရစီစနစ္ကိုေျပာင္းလဲဖုိ႔အဓိကက်တဲ့ဖြဲ႕စည္းပံုအေျခခံဥပေဒေရးဆြဲ ျပ႒ာန္းေရး၊ ဒီမိုကေရစီစနစ္ကို အဟန္႔အတားျဖစ္တဲ့ ဥပေဒမ်ားပယ္ဖ်က္႐ုပ္သိမ္းေရး၊ျပင္ဆင္ေရး၊အသစ္ျပ႒ာန္းႏုိင္ေရးအတြက္ျမန္မာ့ဒီမိုကေရစီ ေခါင္းေဆာင္ႏွင့္အတူျမန္မာမြတ္စလင္မ္အစၥလာမ္ဘာသာဝင္တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးကိုနီဟာ မိမိလူမ်ိဳး၊ မိမိဘာသာအတြက္မဟုတ္ဘဲ ျပည္ေထာင္စုသား၊ တုိင္းရင္းသား ႏုိင္ငံသားလူမ်ိဳးဘာသာအားလံုးအတြက္၊ႏိုင္ငံအတြက္ မိမိတတ္ကၽြမ္းတဲ့ဥပေဒပညာျဖင့္မိမိတတ္စြမ္းသမွ်အေထာက္အကူျပဳအႀကံေပးေဆာင္ရြက္ခဲ့တယ္ဆိုတာကိုယေန႔ ဦးကိုနီက်ဆံုးသြားလို႔ ႏွေျမာတသယူႀကံဳးမရ၀မ္နည္းေနၾကတဲ့ ႏုိင္ငံသားျပည္သူေတြရဲ႕ ထုတ္ေဖာ္ျပသမႈေတြက သက္ေသခံေနပါတယ္။ဦးကိုနီကိုလုပ္ႀကံတဲ့အခိုင္းေစခံလူသတ္သမားကိုလိုက္လံဖမ္းဆီးတဲ့ကိုေန၀င္းလည္းသူရဲ ေကာင္း အျဖစ္အသက္စြန္႔ခဲ့ရပါတယ္။
သာမန္လူသတ္မႈ၊ လူေသမႈမဟုတ္ပါဘူး၊ ႏိုင္ငံေရးလုပ္ၾကံမႈ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာကို ထိပါးေစာ္ကားျခင္း ျဖစ္ပါတယ္။ဦးကိုနီကို လုပ္ႀကံျခင္းသည္ ဒီမိုကေရစီကို လုပ္ႀကံျခင္း ျဖစ္ပါတယ္။
တုိင္းရင္းသားစည္းလံုးညီညြတ္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲေရးခရီးမွာေရွ႕ေနႀကီး ဦးကိုနီရဲ႕ဥပေဒဆုိင္ရာလမ္းျပမႈေတြေၾကာင့္ လမ္းပြင့္လာတာကိုမလိုလားသူေတြ ကဦးကိုနီကိုလုပ္ႀကံသတ္ျဖတ္လိုက္လို႔ ဦးကိုနီမရွိေတာ့ရင္ ဒီမိုကေရစီ ဆိတ္သုဥ္းသြားမယ္လို႔ ထင္ၿပီး ဒီမိုကေရစီကို အႏိုင္အထက္ျပဳ မုဒိမ္းက်င့္ဖုိ႔ အႀကံပက္စက္ခဲ့ၾကသျဖင့္ ဒီမိုကေရစီလမ္းခရီးတစ္ဝက္မွာ ဦးကိုနီက်ဆံုးခဲ့ရပါတယ္။ ဦးကိုနီသည္ ႏုိင္ငံေတာ္ေခါင္းေဆာင္မဟုတ္ေသာ္လည္း ျပည္ေထာင္စုသား၊ ႏုိင္ငံသား ျပည္သူအေပါင္းအတြက္ အလင္းျပေပးေသာ သူရဲေကာင္းအာဇာနည္တစ္ဦး ျဖစ္တာေတာ့အမွန္ျဖစ္ပါတယ္။ ဦးကိုနီကို လူျမင္ကြင္းမွာ ေျပာင္ေျပာင္တင္းတင္းလုပ္ႀကံ သတ္ျဖတ္ျခင္းဟာ သာမန္လူသတ္မႈ၊ လူေသမႈ မဟုတ္ပါဘူး။ ႏုိင္ငံေတာ္ကိုလုပ္ႀကံဖုိ႔ ေနာက္ကြယ္က လက္မဲႀကီးရဲ႕ လက္ခ်က္ျဖစ္တယ္ဆိုတာေတာ့ ျပည္သူအားလံုးရဲ႕ ရင္ထဲမွာ စြဲၿမဲေနတယ္ဆိုတာ ယံုမွားသံသယျဖစ္စရာအေၾကာင္း မရွိပါဘူး။ ဦးကိုနီကို လုပ္ႀကံ သတ္ျဖတ္ျခင္းသည္လူသားတစ္ဦးျဖစ္၍ေသတစ္ေန႔ ေမြးတစ္ေန႔ဘဲျဖစ္လို႔ ဦးကိုနီေသသြားေသာ္လည္း ဦးကိုနီ၏ ျမန္မာ့ဒီမိုကေရစီသမုိင္းေပးတာဝန္ေက်ပြန္ခဲ့တဲ့မွတ္တမ္းေမာ္ကြန္းကေတာ့ျမန္မာတည္သ၍ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါဘူး။ဒီမိုကေရစီေတာ္လွန္ေရးခရီးကို ဦးကိုနီေပါင္းေျမာက္ျမားစြာ ဆက္လက္ေပၚ ထြက္ခ်ီတက္ေနၾကဦး မွာျဖစ္ပါတယ္။ဦးကိုနီကိုလုပ္ႀကံသတ္ျဖတ္ျခင္းသည္ဒီမိုကေရစီကိုမုဒိမ္းက်င့္ျခင္းသာျဖစ္ေၾကာင္း႐ႈျမင္တတ္ၾကပါေစဟု ေျပာလိုပါတယ္။ဒီမိုကေရစီကို မုဒိမ္းက်င့္ျခင္းသည္၊ ျပည္သူကိုအႏိုင့္အထက္ ျပဳျခင္းသာျဖစ္ပါသည္။
ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားသည္ ႏိုင္ငံကိုခ်စ္ၾကၿပီး၊ ႏိုင္ငံအေပၚ သစၥာရွိၾကသူမ်ား ျဖစ္ပါသည္။ရာစုႏွစ္ တစ္၀က္ေက်ာ္ျပားျပား၀ပ္ေနထိုင္ခဲ့ၾကရပါသည္။တက္ၾကြ လွဳပ္ရွားသူမ်ားကို အသက္ေသသည္အထိ ႏွိပ္ကြပ္ခဲ့ ပါသည္။
ရက္စက္စြာ ႏွိမ္နင္းခဲ့ပါသည္။စစ္မွန္တဲ့ ဒီမိုကေရစီရဖို႔ဖြဲ႕စည္းပံုအေျခခံဥပေဒသည္အဓိကျဖစ္ပါသည္။ ျပည္သူေတြကိုယ္တိုင္ ပါ၀င္ေရးဆြဲၿပီး အတည္ျပဳကာ ျပည္သူေတြကိုယ္တိုင္လိုက္နာက်င့္သံုးအေကာင္အထည္ ေဖၚႏိုင္တဲ့ဖြဲ႕စည္းပံုအေျခခံဥပေဒ ျဖစ္ဖို႔လိုပါသည္။ယခုအခါ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏိုင္ဖို႔ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲေတြျပဳလုပ္ေန ၾကပါတယ္။အမ်ိဳးသားရင္ၾကားေစ့ေရးအတြက္ ၾကိဳးပမ္းေနၾကပါတယ္။တဖက္မွာ ျပည္သူေတြဟာတရားဥပေဒစိုးမိုးမႈမရွိ၊လံုၿခံဳမႈကင္းမဲ့ေနၾကတယ္လို႔ခံစားေနၾကရပါတယ္။ဒီမိုကေရစီစံႏွဳန္းနဲ႔အညီဖြဲ႕စည္းပံုအေျခခံဥပေဒကိုသာ ျပည္သူအားလံုးက စည္းလံုးညီညြတ္စြာျဖင့္ ေရးဆြဲျပ႒ာန္းႏိုင္မယ္ဆိုရင္ အဆိုပါ ဖြဲ႕စည္းပံုအေျခခံဥပေဒေအာက္မွာထာ၀ရတည္ျမဲတဲ့ၿငိမ္းခ်မ္းေရးကိုအမွန္တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးေအာင္ျမင္မွာျဖစ္ပါတယ္။စစ္မွန္တဲ့လြတ္လပ္ေရးရဲ႕အရသာကိုျပည္သူေတြအမွန္တကယ္ခံစားရ မွာျဖစ္ပါတယ္၊

-၃-
ႏိုင္ငံသားျပည္သူေတြဟာ
တိုင္းျပည္ကိုခ်စ္ၾကပါတယ္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕တပ္မေတာ္သားေတြသည္ လည္းတိုင္းျပည္ကိုခ်စ္ၾကပါတယ္။ဒါေၾကာင့္တပ္မေတာ္သားေတြကျပည္သူကိုခ်စ္ဖို႔လိုပါတယ္။ျပည္သူကိုခ်စ္တယ္ဆိုရင္ျပည္သူ႔ဆႏၵေတြကို အေလးထားဖို႔လိုပါတယ္။ ျပည္သူေတြရဲ႕ေမွ်ာ္လင့္ခ်က္ကို တပ္မေတာ္သားေတြက ျဖည့္ ဆည္း ေပးေစလိုပါတယ္။ အတိတ္ကျဖစ္ရပ္ေတြကို သခၤန္းစာယူၿပီး ယံုၾကည္မႈတည္ေဆာက္ၾကေစခ်င္ပါတယ္။ ျဖစ္ေပၚလာမယ့္ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္အညီအခန္းက႑အသီးသီးမွာပါ၀င္သင့္ပါ၀င္ထိုက္သူေတြပါ၀င္ခြင့္ရွိေစရမွာျဖစ္ပါတယ္။တပ္မေတာ္သားမ်ားသည္လည္းႏိုင္ငံသားမ်ားသာျဖစ္၍အရည္အခ်င္းရွိေသာတပ္မေတာ္သားမ်ားအေနျဖင့္မိမိပါ၀င္ေဆာင္ရြက္လိုေသာက႑တြင္ႏိုင္ငံသားအားလံုးနည္းတူဥပေဒႏွင့္အညီ ယဥ္ၿပိဳင္ေရြးခ်ယ္ခံၿပီး၊ လႊတ္ေတာ္ႏွင့္အစိုးရအဖြဲ႕ကိုအင္အားေတာင့္တင္းေအာင္ပါ၀င္ေဆာင္ရြက္ေစခ်င္ပါတယ္။ျပည္သူခ်စ္ေသာျပည္သူ႕ကိုယ္စားလွယ္ေတြအျဖစ္နဲ႔ ပါ၀င္ေစလိုပါတယ္။ႏိုင္ငံေတာ္ကာကြယ္ေရး၊ လံုၿခံဳေရး၊ တာ၀န္အရွိဆံုး ပုဂၢိဳလ္မ်ားကို လည္းဒုတိယေျမာက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမ်ားအျဖစ္ေတြ႔ျမင္လိုၾကပါတယ္။တရားဥပေဒစိုးမိုးေရးအတြက္ ဥပေဒ ကိုေလးစားလိုက္နာတဲ့ ဥပေဒပညာရွင္မ်ားေပၚထြန္း လာေစခ်င္ပါတယ္။ျပည္သူက တိုက္ရိုက္ေရြးခ်ယ္တဲ့ သမၼတႀကီးနဲ႔ ၀န္ႀကီးမ်ားအရည္အခ်င္းရွိေသာ အုပ္ခ်ဳပ္ေရးမွဴးအဆင့္ဆင့္ ျဖင့္တိုင္းျပည္က ိုထိထိေရာက္ေရာက္ အုပ္ခ်ဳပ္ေစ လိုပါတယ္။ျပည္သူကို အမွန္တကယ္ဥပေဒအရ အကူအညီေပးတဲ့ ျပည္သူ႔ရဲတပ္ဖြဲ႕၀င္မ်ား ေမြးထုတ္ေပးေစလို ပါတယ္။တိုင္းရင္းသားေတြဟာလည္းကိုယ့္ေဒသကိုယ္စီမံခန္႔ခြဲအုပ္ခ်ဳပ္ႏိုင္ရမွာျဖစ္ပါတယ္။လူမ်ိဳးဘာသာအားလံုးလြတ္လပ္စြာယံုၾကည္ကိုးကြယ္ခြင့္ရရွိၿပီး၊လက္ေတြ႔က်င့္သံုးခြင့္ရရွိေစလိုပါတယ္။စစ္မွန္တဲ့ဘာသာေပါင္းစံု ခ်စ္ၾကည္ ေရးကိုတည္ေဆာက္ေစလိုပါတယ္။ လူမ်ိဳးဘာသာမခြဲျခားဘဲ၊ ခ်စ္ခ်စ္ခင္ခင္ထာ၀ရ အတူယွဥ္တြဲေနထိုင္ ၾကေစ လိုပါတယ္။ပဋိပကၡေတြခ်ဳပ္ၿငိမ္းေစလိုပါတယ္။တရားဥပေဒစိုးမိုးမႈရွိေစလိုပါတယ္။အၾကမ္းဖက္မႈေတြ ကင္းစင္ေစ လိုပါတယ္။ႏိုင္ငံေတာ္ရဲ႕ သယံဇာတေတြကိုျပည္သူအားလံုးက ပိုင္ဆိုင္ခြင့္ရွိၿပီးတန္းတူရည္တူခံစားခြင့္ ရရွိရမွာ ျဖစ္ပါတယ္။အဲ့ဒီလိုအဆင့္ေရာက္လာၿပီဆိုရင္စစ္မွန္တဲ့ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုကိုတည္ေဆာက္နိုင္မွာျဖစ္ပါတယ္။
 ဒါဟာ ဦးကိုနီေမွ်ာ္မွန္းတဲ့ ဒီမိုကေရစီျပဳျပင္ ေျပာင္းလဲေရး ျဖစ္ပါတယ္။
ဦးကိုနီဟာျပည္သူအတြက္၊ ႏိုင္ငံ အတြက္ဥပေဒကိုအေလးထားႀကိဳးပမ္း ေဆာင္ရြက္ေနသူ ျဖစ္ပါတယ္။ဦးကိုနီသည္လူမ်ိဳးတစ္မ်ိဳးအတြက္၊ဘာသာ တစ္ခုအတြက္လုပ္ေဆာင္ေနသူလံုး၀မဟုတ္ပါဘူး။ဦးကိုနီဘာကိုမွ် မမက္ေမာပါဘူး။ျပည္သူကို ဥပေဒပညာျဖင့္ အလုပ္အေကၽြးျပဳျခင္းသာျဖစ္ပါတယ္။ဦးကိုနီတြင္ ရန္သူမရွိပါ။ ဦးကိုနီသည္ မည္သူ၏ရန္သူမွ်လည္းမဟုတ္ပါ။ ေအာင္ဆန္းမရွိရင္ ငါတို႔အာဏာရမွာဘဲဆိုတဲ့အေတြးနဲ႔ ေအာင္ဆန္းကိုမ်ိဳးခ်စ္ေတြလုပ္ႀကံသတ္ျဖတ္ၾကေပမယ့္၊ ထင္သလိုျဖစ္မလာခဲ့ပါဘူး။ဦးကိုနီမရွိရင္ ေဒၚေအာင္ဆန္းစုၾကည္ အေထာက္အကူမဲ့မွာဘဲ ဆိုတဲ့ အေတြးနဲ႔ ဦးကိုနီကိုလုပ္ႀကံ သတ္ျဖတ္ၾကေပမယ့္ ထင္သလိုျဖစ္လာမွာ မဟုတ္ပါဘူး။လူသတ္တယ္ဆိုတာဘယ္ဘာသာ တရားကမွခြင့္မျပဳပါဘူး ။ျမန္မာႏိုင္ငံသည္ ယဥ္ေက်းတဲ့ တိုင္းျပည္တစ္ခုပါ။ လူသတ္တဲ့တိုင္းျပည္ဆိုၿပီးကမၻာ့ အလယ္မွာ မ်က္ႏွာငယ္ရၿပီ ျဖစ္ပါတယ္။ဗုဒၶသက္ေတာ္ထင္ရွားရွိရင္ မ်က္ရည္က်ပါလိမ့္မယ္။ငါးပါးသီလေတာင္ မေစာင့္ထိန္းႏိုင္ၾကပါလားလို႔၀မ္းနည္းပါလိမ့္မယ္။
တိုင္းျပည္ေကာင္းဖို႔ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္တာ၊ေရးဆြဲတာ ႏိုင္ငံသားေကာင္းအားလံုးရဲ႕တာ၀န္ျဖစ္ ပါ တယ္။တိုင္းျပည္တိုးတက္ဖို႔ ႏိုင္ငံေခါင္းေဆာင္ကို အေထာက္အကူျပဳျခင္းဟာလည္းလူေတာ္၊လူေကာင္း၊ႏိုင္ငံ သားေကာင္းေတြရဲ႕ အလုပ္ဘဲျဖစ္္ပါတယ္။ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ပညာရွင္ေတြကို အသံုးခ်ရမွာျဖစ္ပါတယ္။ ပညာရွင္ေတြေပါမ်ားတဲ့ တိုင္းျပည္ဟာခ်မ္းသာၾကြယ္၀မွာ ျဖစ္ပါတယ္။တိုင္းျပည္ကိုကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ပညာရွင္ေတြကိုလုပ္ႀကံသတ္ျဖတ္တဲ့တိုင္းျပည္ဟာ အဓြန္႔မရွည္ပါဘူး။စည္းလံုးညီညြတ္မႈမရွိဘဲ အင္အားခ်ိနဲ႔ သြားမွာျဖစ္ပါတယ္။ ဇတ္တူသားစားလို႔ဟသၤာကိုးေသာင္း ပ်က္ခဲ့တဲ့ရာဇ၀င္ရွိပါတယ္။ တိုင္းျပည္ေခါင္းေဆာင္ ဆိုတာလူပုဂၢိဳလ္နာမည္၊လူမ်ိဳးဘာသာကအဓိကမဟုတ္ပါဘူး။အရည္အခ်င္းရွိတဲ့သူျဖစ္ဖို႔သာလိုပါတယ္။
ဒါေၾကာင့္ဥပေဒပညာရွင္ဦးကိုနီကို လုပ္ႀကံသတ္ျဖတ္တာဟာ ဒီမိုကေရစီကိုမုဒိန္းက်င့္တာနဲ႔အတူတူ ပါဘဲ။ေနာက္ထပ္ပညာရွင္ေတြတိုင္းျပည္အတြက္ မဆံုးရွႈံးရ ေအာင္ဒီမိုကေရစီ သမီးပ်ိဳေလးကိုထပ္ၿပီးမုဒိမ္းမက်င့္ ၾကပါနဲ႔ေတာ့လို႔. . . . .

(Unicode)
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခြင်းသည် ဒီမိုကရေစီကို လုပ်ကြံ ခြင်းဖြစ်သည်
====================================================
ဦးအုန်းမောင်(ရန်ကင်း)တရားလွှတ်တော်ရှေ့နေ
မြန်မာနိုင်ငံသမိုင်းမှာ အနော်ရထာ ဗုဒ္ဓသာသနာတော် ပိဋကတ်သုံးပုံရရှိဖို့ သုဝဏ္ဏဘုမ္မိသထုံပြည့်ရှင် မနူဟာမင်းထံက တောင်းယူ၍ မရလို့တိုက်ယူစဉ်ကအာရဗ်လူမျိုး အစ္စလာမ်ဘာသာဝင် မွတ်စလင် ဗျတ္တ၏ အသက်ပေးစွမ်းဆောင်မှုကြောင့် ယနေ့မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းကားခဲ့တယ်ဆိုတာ သမိုင်းဖျောက်လို့ မရ ပါဘူး။ ဒါကြောင့်မြန်မာ့သမိုင်းကို အစ္စလာမ်ဘာသာဝင် ဗျတ္တကသွေးဖြင့် ရေးခဲ့တာတွေ့ကြရမှာဖြစ်ပါတယ်။အစ္စ လာမ်ဘာသာဝင်အာရဗ်လူမျိုး မွတ်စလင်ဗျဝိဟာလည်း သုဝဏ္ဏဘုမ္မိသထုံပြည့်ရှင်ဘုရင်မနူဟာထံမှာ သစ္စာရှိစွာ အမှုထမ်းဆောင်ပါလျှက် ရဲစွမ်းသတ္တိကိုကြောက်ပြီး ခြေထိုးလို့လုပ်ကြံအသတ်ခံ ခဲ့ရတာလည်း သမိုင်းတင်ထား ပြီးဖြစ်ပါတယ်။
ဗမာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု ကာလမှာ လည်းဦးရွှေဆိုင်း၊ဦးရွှေမှိုင်း၊ဗိုလ်ကရင်မ်(ခ)ဗိုလ်မောင်ကလေး၊ခန်းဆပ် ဗိုလ်နေမျိုး ဂုဏ္ဏရတ်၊ ဗိုလ်ချုပ်မောင်ချုံ၊ ဗိုလ်မှူးဘိုးကာ၊ဗိုလ်ယာကွဗ်စတဲ့တိုင်းရင်းသားမြန်မာမွတ်စလင်မ်သွေးသောက်တွေနဲ့အညတြအစ္စလာမ်ဘာသာဝင်တွေ အသက်သွေးချွေးပေးဆပ်ခဲ့တာလည်း သမိုင်းကိုမလိမ်မညာစတမ်း မော်ကွန်းအခိုင်အမာ ရေးထိုးခဲ့တာ တွေ့ကြရမှာဖြစ်ပါတယ်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်နှင့်ရဲဘော်ကိုထွေးတို့သည်လည်းမျိုးချစ်ဂိုဏ်းသားတွေရဲ့လက်ချက်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးအသက်ပေးဆပ်ခဲ့ရတာလည်းမွတ်စလင်မ် အာဇာနည်သွေး မခြောက်သေးဘူးဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
မြန်မာလူမျိုးတွေ လွတ်လပ်ရေးရပြီး ၁ဝနှစ်လောက်သာ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မြည်းစမ်းခွင့် ကလေးရရှိခဲ့ပြီး ၁၉၅၈ နောက်ပိုင်းကစလို့အရွယ်မရောက်သေးတဲ့ ဒီမိုကရေစီသမီးငယ်လေးကို မုဒိမ်းကျင့်ဖို့စပြီး ကြိုးစားလာကြတာကို တွေ့ရမှာဖြစ်ပါတယ်။
အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်ဆိုတဲ့ လူတန်းစား တွေရဲ့အဆိုအမိန့်အတိုင်း အပ်တောင်ကိုင်လို့မရ၊ အိမ်မှာရှိတဲ့ ကြက်သွန် သား၊ငါးလှီးတဲ့ဓါးကိုင်ရင်တောင် နိုင်ငံတော်ပုန်ကန်မှုပုဒ်မတပ်ပြီး လုပ်ကြံခံရလို့ ဒီမိုကရေစီဘက်တော် သား ကျောင်းသား၊ ရဟန်းရှင်လူ နိုင်ငံသားပြည်သူတွေထဲမှာ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေလည်း ကျန်ဘာသာဝင်တွေနဲ့အတူ အသက်ပေးခဲ့ကြရတာ ဒုနဲ့ဒေး ဆိုတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ သမီးပျိုးလေးဟာ၁၉၆၂-ခုနှစ်မှာ အာဏာရှင်စနစ်ရဲ့ မုဒိမ်းကျင့်ခံခဲ့ရပြီး သေဆုံးခဲ့တာ ၂၆ နှစ်ကြာခဲ့ပြီးနောက် ဒီမိုကရေစီသမီးငယ်လေးတစ်ဦးကို အသက်တွေစတေးပြီး၁၉၈၈-ခုနှစ်မှာ ထပ်မံမွေးဖွားလို့မှ မကြာပါဘူး လက်နက်အားကိုးပြီး မုဒိမ်းကျင့်ခံရလို့ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးခဲ့ရပြန်ပါတယ်။ ၂၂ နှစ်အကြာ ၂၀၁၀-ပြည့်နှစ်မှာ ဒီမိုကရေစီ သမီးပျို လေး တစ်ဦးထပ်မံမွေးဖွားခဲ့ပြန်ပါတယ်။ ဒီမိုကရေစီသမီးပျိုလေး မွေးဖွားဖို့ အသက်တွေ စတေးပေးဆပ်ခဲ့ရာမှာ ဗုဒ္ဓဘာသာ၊ ခရိယာန်ဘာသာ၊ ဟိန္ဒူဘာသာဝင်တွေနဲ့အတူ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေပါဝင်ခဲ့တာ လည်း ဒီမိုကရေစီ ကြိုးပမ်းမှု သမိုင်းမှတ်ကျောက်တင်ပြီး ဖြစ်ပါတယ်။
ဤကဲ့သို့ ဒီမိုကရေစီ မြေး၊ မြစ် အရွယ်သမီးပျိုကလေးထွန်းကားခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည် သန်းကာစ ၅နှစ်ခရီးမှာ ဟုတ်မလိုလိုနဲ့ ထပ်ပြီး မုဒိမ်းကျင့်ခံခဲ့ရပြန်ပါတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ရဟန်းရှင်လူပြည်သူတွေကနောက် ၅နှစ်မှာ ဒီမိုကရေစီ မုဒိမ်းရန်က လွတ်ဖို့ စုစည်းညီညွတ်မှုနဲ့ ပြောင်းလဲရန် ကြိုးပမ်း ခဲ့ကြပါတယ်။ မနာလိုမရှုစိမ့်တဲ့ အုပ်စုတစ်ခုက ဒီမိုကရေစီရှေ့ခရီးလမ်းကြောင်းကို ပိတ်ဆို့ကာဆီးပြီး အနိုင် အထက်ပြုလုပ်နေကြလို့ ဒီမိုကရေစီခရီးက ရွေ့သင့်သလောက်မရွေ့ဘဲ ဒီမိုကရေစီသမီးပျိုလေးကို မုဒိမ်းကျင့်ဖို့ ထပ်မံကြိုးစားလာတာကို ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုကြီး ခံစားလာခဲ့ကြရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအတွက်ဗိုလ်ချုပ်နဲ့အတူဦးရာဇတ်နဲ့ရဲဘော်ကိုထွေးတို့အသက်ပေးခဲ့ကြသလိုဗိုလ်ချုပ်သမီးအတွက် ဦးကိုနီနဲ့ကိုနေဝင်းတို့ အသက်ပေးခဲ့ကြပါတယ်။ ရိုးသားဖြူစင်ပြီး စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို သွေးခွဲဖို့ကြံစည်ကြိုးစားခဲ့ကြပါတယ်။ ဒီမိုကရေစီ ပြည်သူလူထုကြီးက နားလည်မှု ရရှိပြီးစည်းလုံးခဲ့ကြပါတယ်။
-၂-
ဒီမိုကရေစီစနစ်ကိုပြောင်းလဲဖို့အဓိကကျတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ပြဋ္ဌာန်းရေး၊ ဒီမိုကရေစီစနစ်ကို အဟန့်အတားဖြစ်တဲ့ ဥပဒေများပယ်ဖျက်ရုပ်သိမ်းရေး၊ပြင်ဆင်ရေး၊အသစ်ပြဋ္ဌာန်းနိုင်ရေးအတွက်မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့်အတူမြန်မာမွတ်စလင်မ်အစ္စလာမ်ဘာသာဝင်တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီဟာ မိမိလူမျိုး၊ မိမိဘာသာအတွက်မဟုတ်ဘဲ ပြည်ထောင်စုသား၊ တိုင်းရင်းသား နိုင်ငံသားလူမျိုးဘာသာအားလုံးအတွက်၊နိုင်ငံအတွက် မိမိတတ်ကျွမ်းတဲ့ဥပဒေပညာဖြင့်မိမိတတ်စွမ်းသမျှအထောက်အကူပြုအကြံပေးဆောင်ရွက်ခဲ့တယ်ဆိုတာကိုယနေ့ ဦးကိုနီကျဆုံးသွားလို့ နှမြောတသယူကြုံးမရဝမ်နည်းနေကြတဲ့ နိုင်ငံသားပြည်သူတွေရဲ့ ထုတ်ဖော်ပြသမှုတွေက သက်သေခံနေပါတယ်။ဦးကိုနီကိုလုပ်ကြံတဲ့အခိုင်းစေခံလူသတ်သမားကိုလိုက်လံဖမ်းဆီးတဲ့ကိုနေဝင်းလည်းသူရဲ ကောင်း အဖြစ်အသက်စွန့်ခဲ့ရပါတယ်။
သာမန်လူသတ်မှု၊ လူသေမှုမဟုတ်ပါဘူး၊ နိုင်ငံရေးလုပ်ကြံမှု ဖြစ်ပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်း ဖြစ်ပါတယ်။ဦးကိုနီကို လုပ်ကြံခြင်းသည် ဒီမိုကရေစီကို လုပ်ကြံခြင်း ဖြစ်ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးမှာရှေ့နေကြီး ဦးကိုနီရဲ့ဥပဒေဆိုင်ရာလမ်းပြမှုတွေကြောင့် လမ်းပွင့်လာတာကိုမလိုလားသူတွေ ကဦးကိုနီကိုလုပ်ကြံသတ်ဖြတ်လိုက်လို့ ဦးကိုနီမရှိတော့ရင် ဒီမိုကရေစီ ဆိတ်သုဉ်းသွားမယ်လို့ ထင်ပြီး ဒီမိုကရေစီကို အနိုင်အထက်ပြု မုဒိမ်းကျင့်ဖို့ အကြံပက်စက်ခဲ့ကြသဖြင့် ဒီမိုကရေစီလမ်းခရီးတစ်ဝက်မှာ ဦးကိုနီကျဆုံးခဲ့ရပါတယ်။ ဦးကိုနီသည် နိုင်ငံတော်ခေါင်းဆောင်မဟုတ်သော်လည်း ပြည်ထောင်စုသား၊ နိုင်ငံသား ပြည်သူအပေါင်းအတွက် အလင်းပြပေးသော သူရဲကောင်းအာဇာနည်တစ်ဦး ဖြစ်တာတော့အမှန်ဖြစ်ပါတယ်။ ဦးကိုနီကို လူမြင်ကွင်းမှာ ပြောင်ပြောင်တင်းတင်းလုပ်ကြံ သတ်ဖြတ်ခြင်းဟာ သာမန်လူသတ်မှု၊ လူသေမှု မဟုတ်ပါဘူး။ နိုင်ငံတော်ကိုလုပ်ကြံဖို့ နောက်ကွယ်က လက်မဲကြီးရဲ့ လက်ချက်ဖြစ်တယ်ဆိုတာတော့ ပြည်သူအားလုံးရဲ့ ရင်ထဲမှာ စွဲမြဲနေတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာအကြောင်း မရှိပါဘူး။ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခြင်းသည်လူသားတစ်ဦးဖြစ်၍သေတစ်နေ့ မွေးတစ်နေ့ဘဲဖြစ်လို့ ဦးကိုနီသေသွားသော်လည်း ဦးကိုနီ၏ မြန်မာ့ဒီမိုကရေစီသမိုင်းပေးတာဝန်ကျေပွန်ခဲ့တဲ့မှတ်တမ်းမော်ကွန်းကတော့မြန်မာတည်သ၍ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ဒီမိုကရေစီတော်လှန်ရေးခရီးကို ဦးကိုနီပေါင်းမြောက်မြားစွာ ဆက်လက်ပေါ် ထွက်ချီတက်နေကြဦး မှာဖြစ်ပါတယ်။ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်ခြင်းသည်ဒီမိုကရေစီကိုမုဒိမ်းကျင့်ခြင်းသာဖြစ်ကြောင်းရှုမြင်တတ်ကြပါစေဟု ပြောလိုပါတယ်။ဒီမိုကရေစီကို မုဒိမ်းကျင့်ခြင်းသည်၊ ပြည်သူကိုအနိုင့်အထက် ပြုခြင်းသာဖြစ်ပါသည်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် နိုင်ငံကိုချစ်ကြပြီး၊ နိုင်ငံအပေါ် သစ္စာရှိကြသူများ ဖြစ်ပါသည်။ရာစုနှစ် တစ်ဝက်ကျော်ပြားပြားဝပ်နေထိုင်ခဲ့ကြရပါသည်။တက်ကြွ လှုပ်ရှားသူများကို အသက်သေသည်အထိ နှိပ်ကွပ်ခဲ့ ပါသည်။
ရက်စက်စွာ နှိမ်နင်းခဲ့ပါသည်။စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ဖွဲ့စည်းပုံအခြေခံဥပဒေသည်အဓိကဖြစ်ပါသည်။ ပြည်သူတွေကိုယ်တိုင် ပါဝင်ရေးဆွဲပြီး အတည်ပြုကာ ပြည်သူတွေကိုယ်တိုင်လိုက်နာကျင့်သုံးအကောင်အထည် ဖေါ်နိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ဖို့လိုပါသည်။ယခုအခါ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေပြုလုပ်နေ ကြပါတယ်။အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေကြပါတယ်။တဖက်မှာ ပြည်သူတွေဟာတရားဥပဒေစိုးမိုးမှုမရှိ၊လုံခြုံမှုကင်းမဲ့နေကြတယ်လို့ခံစားနေကြရပါတယ်။ဒီမိုကရေစီစံနှုန်းနဲ့အညီဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ပြည်သူအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ရေးဆွဲပြဋ္ဌာန်းနိုင်မယ်ဆိုရင် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာထာဝရတည်မြဲတဲ့ငြိမ်းချမ်းရေးကိုအမှန်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်မြင်မှာဖြစ်ပါတယ်။စစ်မှန်တဲ့လွတ်လပ်ရေးရဲ့အရသာကိုပြည်သူတွေအမှန်တကယ်ခံစားရ မှာဖြစ်ပါတယ်၊
ဦးအုန္းေမာင္(ရန္ကင္း)တရားလႊတ္ေတာ္ေရွ႕ေန

Loading...