Breaking News

ရည်းစားက ခိုးရာမလိုက်လို့ ဖုန်းဆက်ပြောပြီး ကြိုးဆွဲချသေဆုံး




Loading...
----------------------------


ခိုးရာမလိုက်တဲ့ ရည်းစားဖြစ်သူမိန်းကလေးကို ဖုန်းဆက်ပြီး ကြိုးဆွဲချသေဆုံးခဲ့မှုတစ်ခု ထားဝယ်ခရိုင် ကံပေါက်ဓာတ်ငွေ့ ပိုက်လိုင်းနားမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကံပေါက်နယ်မြေ ရဲစခန်းကနေ သိရပါတယ်။
အသက်၂၂ နှစ်အရွယ်အမျိုးသားက သူ့ရဲ့ရည်းစားဖြစ်သူမိန်းကလေးကို အခင်းဖြစ်ရာနေရာကို ဆိုင်ကယ်နဲ့ခေါ်လာခဲ့ပြီးနောက် ခိုးပြေးဖို့ ပြောခဲ့ပေမယ့် မိန်းကလေးက အသက်ငယ်သေးတဲ့အတွက်ငြင်းဆိုပြီး လမ်းလျှောက်ပြန်လာခဲ့တဲ့နောက်ပိုင်း ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့တာလို့ ကံပေါက်နယ်မြေ ရဲစခန်းမှစခန်းမှူးက ပြောပါတယ်။
လမ်းလျှောက်ပြန်လာတဲ့ မိန်းကလေးကအခင်းဖြစ်တဲ့နေရာနဲ့ပေ ၃၀ဝ လောက်အကွာအရောက်မှာ အဆိုပါအမျိုးသားက ဖုန်းဆက်ပြီး သူကြိုးဆွဲချ သေဆုံးတာကို အိမ်ကိုအကြောင်းကြားပေးဖို့ ပြောဆိုခဲ့လို့ မိန်းကလေးက သွားပြန်ကြည့်ရာမှာ သစ်ပင်မှာလုံချည်နဲ့ ကြိုးဆွဲချ သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့  ကံပေါက်နယ်မြေ ရဲစခန်းစခန်းမှူးက ပြောပါတယ်။
သေဆုံးခဲ့တဲ့အမျိုးသားက အိမ်ကနေပုဆိုး အပိုယူသွားတာကြောင့် ကြိုးဆွဲချသေဆုံးဖို့ ကြိုတင်ကြံစည်ထားတာဖြစ်နိုင်တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာနားကိုရောက်ခဲ့တဲ့ ဒေသခံတစ်ဦးက ခန့်မှန်းပြောဆိုခဲ့ပြီး အဆိုပါ ကြိုးဆွဲချ သေဆုံးမှုကို ကံပေါက်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇) နဲ့ အမှုဖွင့်ထားပါတယ်။
Source : The Voice
Loading...