Breaking News


ကားမီးလောင်မှု ပြဿ နာ ကားပေါ်ကနေဆင်းလာတဲ့သူ နှစ်ဦးရှိတယ် ဆိုတဲ့ သက်သေတွေရဲ့ထွက်ဆိုချက် ကို စီအိုင်ဒီ ဘယ်လိုပြောလဲ


Loading...

လူရှစ်ဦးသေဆုံးခဲ့တဲ့ အမြန်လမ်းကားမီးလောင်မှုမှာ ကားပေါ်ကနေဆင်းလာတဲ့သူ နှစ်ဦးရှိတယ်လို့ မျက်မြင်သက်သေတွေ ပြောဆိုနေတဲ့သတင်းက မြေပြင်စစ်ဆေးချက်တွေနဲ့ လွဲမှားနေတယ်လို့ ဒီအမှုကိုစစ်ဆေးနေတဲ့ စီအိုင်ဒီမှုခင်းတပ်ဖွဲ့ကှရဲမှူးမိုးအောင်က The Voice သတင်းဌာနကို ပြောခဲ့ပါတယ်။
“အခင်းဖြစ်ချိန်ဝင်ကူနေတဲ့လူတွေကိုကားပေါ်က ဆင်းလာတဲ့လူတွေလို့ထင်ပြီး စိတ်မှန်းတွေနဲ့ပြောနေကြတာပါ၊ ဒီဖြစ်စဉ်မှာ အဓိက မျက်မြင်သက်သေ နှစ်ဦးကိုကျွန်တော်တို့စစ်ဆေးပြီးပြီ၊ အလောင်းစစ်ဆေးတဲ့ဆရာဝန်၊ မီးလောင်ခဲ့တဲ့ကားနဲ့ပတ်သက်ပြီး ယာဉ်မှုစစ်အဖွဲ့ရဲ့ စစ်ဆေးချက်၊ မီးသတ်တပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအပြင်ဘက်ပေါင်းစုံ ကနေ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ထားတယ်၊ ပြီးရင်အထက်လူကြီးတွေ အများအမြင်ရှင်းသွားအောင် သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ပေးသွားဖို့ အစီအစဉ်တွေ ရှိတယ်”လို့ ရဲမှူးမိုးအောင်က ပြောပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ် ၄ နဲ့ ၂ ဖာလုံအနီး ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာပြီး ယာဉ်မောင်း အပါအဝင် ခရီးသည် ကိုးဦးလိုက်ပါလာတဲ့ Hiace ယာဉ်အန်စာတုံးက ရှေ့ဘီးပေါက်ပြီး လမ်းဘေးအလူမီနီယံတန်းတွေကိုဝင်တိုက်ကာ ပေါက်ကွဲမီးလောင်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး ၈ ဦး သေဆုံးခဲ့တာပါ။
ဒီဖြစ်စဉ်မှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူကို စစ်ဆေးချက်ခဲ့ရာမှာ မီးလောင်ပျက်ဆီးခဲ့တဲ့ မော်တော်ယာဉ်ကို ကုမ္ပဏီပိုင်ရှင်ဦးဝင်းထွန်းဆိုသူ မောင်းနှင်လာခဲ့တာလို့ ထွက်ဆိုခဲ့ပေမယ့် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေ၊ အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတွေက အခင်းဖြစ်ရာနေရာနဲ့ မော်တော်ယာဉ်ကို အသေးစိတ်စစ်ဆေးမှုတွေကြောင့် ဦးအောင်ခန့်က ယာဉ်ကိုမောင်းနှင်ခဲ့တယ်လို့  အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာမှာ ၀န်ခံခဲ့ပါတယ်။
Source & Photos : The Voice,7DayDaily
Loading...