ဦးမ်ိဳးရန္ေနာင္သိမ္းအမႈ စြဲခ်က္အမိန္႔အား ပယ္ဖ်က္ေပးရန္ အေနာက္ပိုင္း ခရုိင္တရားသုိ႔ ေလွ်ာက္ထားမႈ ခရုိင္တရားရုံးလက္ခံ


_________________________________________________________


photo - ခ်မ္းၿငိမ္း (ျမစ္မခ)

အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဗဟုိသုေတသနလမ္းညြန္အဖြဲ႔အတြင္းေရးမွဴး ဦးမ်ိဳးရန္ေနာင္သိမ္း ဆက္သြယ္ ေရး ဥပေဒ ပုဒ္္မ ၆၆(ဃ)ျဖင့္ ကမာရြတ္ၿမိဳ႕နယ္ တရားရုံး၏ စြဲခ်က္တင္အမိန္႔အား ပယ္ဖ်က္ေပးရန္ အေနာက္ပိုင္း ခရုိင္တရားရုံးသို႔ ေလွ်ာက္ထားမႈအား ခရိုင္တရားရုံးမွ လက္ခံလုိက္ေၾကာင္း တရားစြဲခံရသူ  အက်ိဳးေဆာင္ ေရွ႕ေန တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဟိုးထံမွ သိရွိရသည္။   
စြဲခ်က္တင္အမိန္႔အား ပယ္ဖ်က္ေပးရန္ ေဖေဖာ္ဝါရီ (၆)ရက္တြင္ အေနာက္ပိုင္းခရိုင္တရားရုံးသို႔ ေလွ်ာက္ထား   ခဲ့ျခင္း ျဖစ္ကာ အစိုးရေရွ႕ေနႏွင့္ စြပ္စြဲခံရသူ ေရွ႕ေနတုိ႔၏ ေလွ်ာက္လဲခ်က္မ်ားကို ခရုိင္တရားရုံးက အမႈ လက္ခံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။     
“စြဲခ်က္ကို ပယ္ဖ်က္သင့္တာကို လက္ခံၿပီး ႏွစ္ဖက္ၾကားနာမွာပါ။ ဘယ္ေတာ့ၾကားနာမလဲဆုိတာက ၁၃ ရက္မွာ အမႈတြဲေရာက္မေရာက္ၾကည့္မယ္။ အဲ႔ေန႔မွာ အမႈတြဲေရာက္ရင္ ေနာက္တစ္ပတ္မွာ ႏွစ္ဖက္ၾကားနားမွာပါ။”ဟု ဦးေက်ာ္ဟိုးက ေျပာသည္။  
ရခုိ္င္ျပည္နယ္ ေမာင္ေတာၿမိဳ႕တြင္ အၾကမ္းဖက္ကိစၥမ်ားႏွင့္ ပတ္သက္၍တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အား  လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဦးမ်ိဳးရန္ေနာင္သိမ္းမွ ဂုဏ္သိကၡာ ထိခုိက္ေစသည့္ စာသားမ်ား ေရးသားျဖန္႔ေဝ   သည္ဟုဆိုကာ ကမာရြတ္ၿမိဳ႕မ တရားရုံးတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္မွ ဒုတိယ ဗုိလ္မွဴးႀကီး လင္းထြန္းက   တရားလုိျပဳလုပ္၍ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)ျဖင့္ တရားစြဲဆုိထားျခင္းျဖစ္သည္။   
“ခရို္ိင္တရားရုံးၿပီးရင္ တုိင္းတရားလႊတ္ေတာ္ ျပည္ေထာင္စုတရားလႊတ္ေတာ္ ဆက္တက္လုိ႔ရတယ္။   တုိင္းအထိေတာ့ မတက္ေတာ့ဘူး။ အဲ႔မွာ အနည္းဆံုးေျခာက္လေလာက္ၾကာမွာဆုိေတာ့ ကုိယ့္လူက အထဲမွာ ေနရာမွာဆုိေတာ့ အခြင့္ေရးဆံုးရႈံးတယ္။”ဟု ဦးေက်ာ္ဟိုးက ေျပာသည္။
ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ)ျဖင့္ ယခင္ အစိုးရလက္ထက္တြင္ (၇)မႈ၊ အစိုးရသစ္လက္ထက္တြင္ ၄၂ မႈ တရားစြဲဆုိခဲ့ၿပီး အစိုးရသစ္လက္ထက္တြင္ (၅)မႈႏွင့္ ယခင္အစိုးရလက္ထက္တြင္ (၅)မႈ အမိန္႔ခ်မွတ္ခဲ့သည္။
အဆုိပါ ပုဒ္မျဖင့္ အမိန္႔ခ်မွတ္ရာတြင္ အျမင့္ဆံုးျပစ္ဒဏ္(၉)လတစ္မႈရွိခဲ့ၿပီး က်န္အမႈအားလံုးမွာ (၆)လ ျပစ္ဒဏ္မ်ားခ်မွတ္ခဲ့ေၾကာင္း ဆက္သြယ္ေရး ဥပေဒ အျမန္ဆံုးေရး လႈပ္ရွားမႈ ေကာ္မတီ စာရင္းမ်ားအရ သိရသည္။  

Unicode

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွန်အဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း ဆက်သွယ် ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၏ စွဲချက်တင်အမိန့်အား ပယ်ဖျက်ပေးရန် အနောက်ပိုင်း ခရိုင်တရားရုံးသို့ လျှောက်ထားမှုအား ခရိုင်တရားရုံးမှ လက်ခံလိုက်ကြောင်း တရားစွဲခံရသူ  အကျိုးဆောင် ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးထံမှ သိရှိရသည်။   
စွဲချက်တင်အမိန့်အား ပယ်ဖျက်ပေးရန် ဖေဖော်ဝါရီ (၆)ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထား   ခဲ့ခြင်း ဖြစ်ကာ အစိုးရရှေ့နေနှင့် စွပ်စွဲခံရသူ ရှေ့နေတို့၏ လျှောက်လဲချက်များကို ခရိုင်တရားရုံးက အမှု လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။     
“စွဲချက်ကို ပယ်ဖျက်သင့်တာကို လက်ခံပြီး နှစ်ဖက်ကြားနာမှာပါ။ ဘယ်တော့ကြားနာမလဲဆိုတာက ၁၃ ရက်မှာ အမှုတွဲရောက်မရောက်ကြည့်မယ်။ အဲ့နေ့မှာ အမှုတွဲရောက်ရင် နောက်တစ်ပတ်မှာ နှစ်ဖက်ကြားနားမှာပါ။”ဟု ဦးကျော်ဟိုးက ပြောသည်။  
ရခိ်ုင်ပြည်နယ် မောင်တောမြို့တွင် အကြမ်းဖက်ကိစ္စများနှင့် ပတ်သက်၍တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား  လူမှုကွန်ယက်စာမျက်နှာတွင် ဦးမျိုးရန်နောင်သိမ်းမှ ဂုဏ်သိက္ခာ ထိခိုက်စေသည့် စာသားများ ရေးသားဖြန့်ဝေ   သည်ဟုဆိုကာ ကမာရွတ်မြို့မ တရားရုံးတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက   တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။   
“ခရိိ်ုင်တရားရုံးပြီးရင် တိုင်းတရားလွှတ်တော် ပြည်ထောင်စုတရားလွှတ်တော် ဆက်တက်လို့ရတယ်။   တိုင်းအထိတော့ မတက်တော့ဘူး။ အဲ့မှာ အနည်းဆုံးခြောက်လလောက်ကြာမှာဆိုတော့ ကိုယ့်လူက အထဲမှာ နေရာမှာဆိုတော့ အခွင့်ရေးဆုံးရှုံးတယ်။”ဟု ဦးကျော်ဟိုးက ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ယခင် အစိုးရလက်ထက်တွင် (၇)မှု၊ အစိုးရသစ်လက်ထက်တွင် ၄၂ မှု တရားစွဲဆိုခဲ့ပြီး အစိုးရသစ်လက်ထက်တွင် (၅)မှုနှင့် ယခင်အစိုးရလက်ထက်တွင် (၅)မှု အမိန့်ချမှတ်ခဲ့သည်။
အဆိုပါ ပုဒ်မဖြင့် အမိန့်ချမှတ်ရာတွင် အမြင့်ဆုံးပြစ်ဒဏ်(၉)လတစ်မှုရှိခဲ့ပြီး ကျန်အမှုအားလုံးမှာ (၆)လ ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံးရေး လှုပ်ရှားမှု ကော်မတီ စာရင်းများအရ သိရသည်။  

Loading...