Breaking News

ဧရာ၀တီတိုင္းေဒသႀကီး၌ ၂၀၁၅-၁၆ ခုနွစ္ တစ္နွစ္အတြင္း ရဲတပ္ဖြဲ႔၀င္ ခုနစ္ဆယ္ေက်ာ္ အေရးယူ


Loading...
----------------------------



ဧရာ၀တီတိုင္းေဒသႀကီး၌ ၂၀၁၅-၁၆ ခုနွစ္ တစ္နွစ္အတြင္း ရဲတပ္ဖြဲ႔၀င္ ခုနစ္ဆယ္ေက်ာ္ အေရးယူ 

ဧရာ၀တီတိုင္းေဒသႀကီး၌ ၂၀၁၅-၁၆ ခုနွစ္ တစ္ႏွစ္တာအတြင္း ရဲတပ္ဖြဲ႔၀င္ ခုနစ္ဆယ္ေက်ာ္ကို ရဲစည္းကမ္း ဥပေဒအရ အေရးယူႏိုင္ခဲ႔ေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး ထြန္းမင္း၏ ေျပာဆိုခ်က္အရ သိရွိရသည္။    
“ျဖဳတ္တာေရာ အရးယူတာေရာ ေထာင္ခ်ပစ္တာေရာဆို တစ္နွစ္ကို ခုနစ္ဆယ္ရွစ္ဆယ္အနည္းဆံုးပဲ ဒီႏွစ္ကေတာ့ စံုခံုဖြဲ႔စစ္ၿပီး ရဲစည္းကမ္းအရ အေရးယူတာ ခုနစ္ဆယ္ေက်ာ္ေလာက္ရွိတယ္။”ဟု ရဲမွဴးႀကီး  ထြန္းမင္းက ေျပာသည္။
အဆိုပါ အေရးယူမႈမ်ားမွာ ရဲတပ္ဖြဲ႔ဝင္မ်ား၏ အလြဲသုံးစားမႈ၊ လာဘ္စားမႈ၊ တရားဥပေဒႏွင့္ မညီေသာ အျပဳအမႈမ်ားႏွင့္ ပတ္သက္သည့္ ျပည္သူမ်ား၏ တိုင္ၾကားခ်က္မ်ားေၾကာင့္ အေရးယူျခင္းျဖစ္သည္ဟု ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွ ထိပ္တန္းရဲအရာရွိတစ္ဦးက ေျပာသည္။
“ရဲတပ္ဖြဲ႔၀င္အခ်ိဳ႕ဆို သက္ငယ္မုဒိမ္းကိစၥေတြမွာ တာ၀န္ကုိ ေပါ့ေပါ့တန္တန္ေဆာင္ရြက္ေနၾကတယ္။ တရားခံ ဘက္ကို အသားေပးတည္ေဆာက္ၾကတယ္။ ၿမိဳ႕နယ္တစ္ခုမွာဆုိ ဘာအမႈဖြင့္ဖြင့္ ပြဲစားကို ပိုက္ဆံေပးမွ အမႈဖြင့္ ေပးတာေတြရွိလို႔ ဆႏၵေတာင္ေဖာ္ထုတ္ခံရတယ္။ အဲ႔ေတာ့ အေရးယူတဲ့ေနရာမွာ ရဲစည္းကမ္း ဥပေဒရွိသလို ရဲလက္စြဲ ဥပေဒအရ တိတိက်က်လူသိရွင္ၾကားအေရးယူသင့္တယ္။ ဒီလိုမွ မဟုတ္ရင္ေတာ႔ ရဲတပ္ဖြဲ႔ရဲ႕ တိုးတက္မႈမွာ အေနွာက္အယွက္အဟန္႔အတားျဖစ္မယ္။”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာသည္။   
ရဲတပ္ဖြဲ႔၀င္ အမ်ားစုသည္ အာဂတိလိုက္စားမႈ လူသားခ်င္း စာနာေထာက္ထားမႈ၊ လူ႔အခြင့္အေရး ေလးစား လိုက္နာမႈ စံႏႈန္းမ်ား သိရွိမႈ နည္းပါးေနေသးသည္ဟုလည္း လူ႔အခြင့္ေရးလႈပ္ရွားသူတို႔က ဆိုသည္။
ရဲတပ္ဖြဲ႔၀င္မ်ား၏ အေျခေနမ်ား ေကာင္းမြန္လာေစရန္ အျခားေသာ ၀န္ထမ္းမ်ားထက္ အသံုးအေဆာင္ ပစၥည္းမ်ား လစာမ်ားကို ထိုက္သင့္္သလို နိုင္ငံေတာ္ ေဆာင္ရြက္ေပးသင့္ေၾကာင္း ဦးေရာဘတ္စန္းေအာင္က   ေျပာသည္။   
ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ဝင္မ်ားအေနျဖင့္ လုပ္ငန္းတာဝန္ေလးရပ္ကို ထမ္းေဆာင္ေနၿပီး ရဲစည္းကမ္း ထိန္းသိမ္းေရး ဥပေဒ (ရဲက်င့္ဝတ္) ၇၀ ကို ျပ႒ာန္း လိုက္နာေစလ်က္ရွိကာ ျပစ္မႈက်ဴးလြန္သည့္ ရဲတပ္ဖြဲ႔ဝင္မ်ားကို ၁၉၉၅ ခုႏွစ္ ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။  

#ျပည္တြင္းသတင္း 
thadinatin.com တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Unicode

ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၅-၁၆ ခုနှစ် တစ်နှစ်တာအတွင်း ရဲတပ်ဖွဲ့ဝင် ခုနစ်ဆယ်ကျော်ကို ရဲစည်းကမ်း ဥပဒေအရ အရေးယူနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း၏ ပြောဆိုချက်အရ သိရှိရသည်။    
“ဖြုတ်တာရော အရးယူတာရော ထောင်ချပစ်တာရောဆို တစ်နှစ်ကို ခုနစ်ဆယ်ရှစ်ဆယ်အနည်းဆုံးပဲ ဒီနှစ်ကတော့ စုံခုံဖွဲ့စစ်ပြီး ရဲစည်းကမ်းအရ အရေးယူတာ ခုနစ်ဆယ်ကျော်လောက်ရှိတယ်။”ဟု ရဲမှူးကြီး  ထွန်းမင်းက ပြောသည်။
အဆိုပါ အရေးယူမှုများမှာ ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှု၊ လာဘ်စားမှု၊ တရားဥပဒေနှင့် မညီသော အပြုအမှုများနှင့် ပတ်သက်သည့် ပြည်သူများ၏ တိုင်ကြားချက်များကြောင့် အရေးယူခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထိပ်တန်းရဲအရာရှိတစ်ဦးက ပြောသည်။
“ရဲတပ်ဖွဲ့ဝင်အချို့ဆို သက်ငယ်မုဒိမ်းကိစ္စတွေမှာ တာဝန်ကို ပေါ့ပေါ့တန်တန်ဆောင်ရွက်နေကြတယ်။ တရားခံ ဘက်ကို အသားပေးတည်ဆောက်ကြတယ်။ မြို့နယ်တစ်ခုမှာဆို ဘာအမှုဖွင့်ဖွင့် ပွဲစားကို ပိုက်ဆံပေးမှ အမှုဖွင့် ပေးတာတွေရှိလို့ ဆန္ဒတောင်ဖော်ထုတ်ခံရတယ်။ အဲ့တော့ အရေးယူတဲ့နေရာမှာ ရဲစည်းကမ်း ဥပဒေရှိသလို ရဲလက်စွဲ ဥပဒေအရ တိတိကျကျလူသိရှင်ကြားအရေးယူသင့်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ ရဲတပ်ဖွဲ့ရဲ့ တိုးတက်မှုမှာ အနှောက်အယှက်အဟန့်အတားဖြစ်မယ်။”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။   
ရဲတပ်ဖွဲ့ဝင် အများစုသည် အာဂတိလိုက်စားမှု လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး လေးစား လိုက်နာမှု စံနှုန်းများ သိရှိမှု နည်းပါးနေသေးသည်ဟုလည်း လူ့အခွင့်ရေးလှုပ်ရှားသူတို့က ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များ၏ အခြေနေများ ကောင်းမွန်လာစေရန် အခြားသော ဝန်ထမ်းများထက် အသုံးအဆောင် ပစ္စည်းများ လစာများကို ထိုက်သင့်သလို နိုင်ငံတော် ဆောင်ရွက်ပေးသင့်ကြောင်း ဦးရောဘတ်စန်းအောင်က   ပြောသည်။   
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်လေးရပ်ကို ထမ်းဆောင်နေပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ (ရဲကျင့်ဝတ်) ၇၀ ကို ပြဋ္ဌာန်း လိုက်နာစေလျက်ရှိကာ ပြစ်မှုကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင်များကို ၁၉၉၅ ခုနှစ် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။  
Loading...