Breaking News

ဦးကိုနီလုပ္ႀကံခံရမႈ ေနာက္ကြယ္မွ ဘိန္းႏွင့္ေက်ာက္စိမ္းေမွာင္ခိုမႈမ်ား ေပၚေပါက္ၿပီး ဆက္စပ္သံသယရွိသူ ၅၀ေက်ာ္ ဖမ္းဆီးစစ္ေဆး



Loading...

ဇန္န၀ါရီလ ၂၉ရက္ေန႕ အမ်ားျပည္သူျမင္ကြင္းေရွ႕တြင္ ေသနတ္ႏွင့္ လုပ္ႀကံခံခဲ့ရသည့္ ဦးကိုနီအမႈ ဆက္စပ္သံသယရွိသူ ၅၀ေက်ာ္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ေသာ္လည္း ယင္းသတင္းကုိ သမၼတရုံးညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက အတည္မျပဳႏိုင္ေၾကာင္း ေဖေဖာ္၀ါရီလ ၇ ရက္ေန႕ ေျဖၾကားခဲ့သည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကုိနီေသဆုံးသည့္အမႈကုိ ျမန္မာ့တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕တို႕ ပူးေပါင္းအဖြဲ႕ဖြဲ႕စည္းၿပီး ဆက္စပ္သံသယရွိသူမ်ားကို ဖမ္းဆီးစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း ၄င္းကေျပာၾကားခဲ့ေသးသည္။
ဦးကုိနီ ေသနတ္ႏွင့္ လုပ္ႀကံသတ္ျဖတ္သူ ၾကည္လင္းကုိ ေဖေဖာ္၀ါရီလ ၂၉ရက္ေန႕ ဖမ္းဆီးရမိခဲ့ၿပီး ဆက္စပ္တရားခံ ေအာင္၀င္းေဇာ္ကုိလည္း ျဖစ္ပြားခ်ိန္မွ ၁၂နာရီအတြင္း ဖမ္းဆီးရမိခဲ့သည္။
ယင္းအမႈႏွင့္ ဆက္စပ္ၿပီး ေနာက္ဆက္တြဲအေနျဖင့္ သံသယရွိသူမ်ား၊ အမႈျဖစ္ေအာင္က်ဴးလြန္ခဲ့သူမ်ား၊ ဒီလုိ ျပစ္မႈမ်ိဳးက်ဴးလြန္ေအာင္ လုပ္ခဲ့တဲ့ ေနာက္ကြယ္က လူမ်ားနဲ႕ ပံ့ပုိးကူညီသူ မ်ိဳးစုံကို စိစစ္ေနေၾကာင္း တစ္ခ်ိဳ႕ ဖမ္းဆီး ထိန္းသိမ္းစစ္ေဆးေမးျမန္းေနတာေတြ ရွိေၾကာင္း ဦးေဇာ္ေဌးက ေျပာၾကားခဲ့သည္။
ဦးကိုနီအမႈကို သတင္းမထုတ္ျပန္ေသးျခင္းႏွင့္ ပတ္သက္ၿပီးလည္း ၄င္းက သတင္းအခ်က္လက္မ်ားကုိ ပြင့္လင္းျမင္သာစြာ အကုန္လုံးထုတ္ျပန္လိုက္ရင္ ေနာက္ဆက္တြဲ ဆက္စပ္ေနတဲ့ ကြင္းဆက္မ်ားႏွင့္ အဓိက သက္ေသပစၥည္းမ်ား ေပ်ာက္သြားမည္ စိုးရိမ္ျခင္းေၾကာင့္ မထုတ္ျပန္ေသးျခင္း ျဖစ္ေၾကာင္း ေျဖၾကားခဲ့ေသးသည္။
ဒုတိယ တရားခံ ေအာင္၀င္းေဇာ္မွာ တပ္မေတာ္အရာရွိေဟာင္း တစ္ေယာက္ျဖစ္ၿပီး စစ္စည္းကမ္းေဖာက္ဖ်က္တဲ့ ျပစ္ခ်က္ႏွင့္ တပ္မေတာ္မွ ထုတ္ပယ္ခံရသူ ျဖစ္သည္။ ၂၀၀၃ခုႏွစ္ ေရွးေဟာင္းဗုဒၶရုပ္ပြားေတာ္မ်ားကို ႏိုင္ငံျခားသုိ႕ တရားမ၀င္ ခိုးထုတ္မႈနဲ႕ မႏၱေလး အိုးဘုိေထာင္မွာ ႏွစ္ရွည္ ေထာင္က်ခံခဲ့ဖူးသည္။
လြန္ခဲ့သည့္ ၂ႏွစ္ေက်ာ္ အခ်ိန္က ေထာင္မွ ျပန္လြတ္ၿပီး ရန္ကုန္၊ သာေကတၿမိဳ႕နယ္ ၁ရပ္ကြက္ ထူပါရုံ အေရွ႕ ၁၆လမ္း အိမ္အမွတ္ ၁၂၅၉မွာ ရွိတဲ့ လုံးခ်င္းႏွစ္ထပ္တုိက္မွာ သူ႕မိသားစုနဲ႕ လာေရာက္ေနထုိင္ေၾကာင္း သိရသည္။
အတည္ျပဳခ်က္ မရရွိေသာ သတင္းမ်ားအရ ေအာင္၀င္းေဇာ္မွာ တပ္မေတာ္တာ၀န္ ထမ္းေဆာင္ေနခ်ိန္တြင္ မိန္းမရႈပ္သူ တစ္ဦး ျဖစ္ၿပီး လက္ရွိ ဇနီးမယားအျပင္ မယားငယ္တစ္ဦး ရွိေနခဲ့ၿပီး ယင္းမယားငယ္တစ္ဦးႏွင့္ တရား၀င္လက္ထပ္ထိမ္းျမွားရန္ လုပ္ေဆာင္ေနဆဲ ျဖစ္ခ်ိန္ မယားႀကီး၏ မေက်နပ္ တိုင္ၾကားမႈေၾကာင့္ တပ္မွ စုံစမ္းစစ္ေဆး အေရးယူရာ ေအာင္၀င္းေဇာ္မွာ ဘိန္းမႈႏွင့္ ေက်ာက္စိမ္းမႈတြဲႀကီး ထပ္မံ ေပၚေပါက္လာခဲ့ေၾကာင္း ၾကားသိရသည္။
ထို႕အျပင္ ဦးကိုနီ အမႈႏွင့္ ဆက္စပ္ဖမ္းမိခ်ိန္တြင္ ေအာင္၀င္းေဇာ္ ညီမျဖစ္သူအိမ္ကို ရဲမ်ား၀င္ေရာက္ ရွာေဖြခဲ့ရာ ေနာက္ထပ္ ဘိန္းေမွာင္ခိုႏွင့္ ေက်ာက္စိမ္း ေမွာင္ခိုမ်ား ထပ္မံေပၚေပၚလာခဲ့ေသးသည္။
ဘိန္းေမွာင္ခိုမႈႏွင့္ ေက်ာက္စိမ္းအမႈမ်ား ထပ္မံေပၚေပါက္ခဲ့ၿပီး ေနာက္ဆက္တြဲ အေနျဖင့္ တပ္မေတာ္ထိပ္တန္းအရာရွိမ်ားႏွင့္ ဆက္စပ္ပတ္သက္ေနမႈမ်ား ရွိေနျခင္းမ်ား အေပၚ သမၼတရုံးညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကုိ ေမးျမန္းရာ ေျဖၾကားမရေသးေၾကာင္း ေျပာၾကားခဲ့သည္။
လက္ရွိတြင္ ဦးကိုနီအမႈကုိ တပ္မေတာ္ႏွင့္ ျမန္မာႏို္င္ငံရဲတပ္ဖြဲ႕ ပူးေပါင္းၿပီး လိုအပ္သလုိ ဖမ္းဆီးစစ္ေဆးထိန္းသိမ္းေမးျမန္းျခင္းမ်ား လုပ္ေဆာင္လွ်က္ ရွိေနၿပီး သတင္းမထုတ္ျပန္ေပးျခင္းကုိလည္း ျပည္သူလူထုအေနျဖင့္ နားလည္ေပးရန္ ေမတၱာရပ္ခံထားသည္။

Friday Times News Journal

(Unicode)
ဦးကိုနီအမှု ဆက်စပ်သံသယရှိသူ ၅ဝကျော် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းထွက်ပေါ်
===================================================
မန္တလေး၊ ဖေဖော်ဝါရီ ၇
မန်းသားလေး
ဇန်နဝါရီလ ၂၉ရက်နေ့ အများပြည်သူမြင်ကွင်းရှေ့တွင် သေနတ်နှင့် လုပ်ကြံခံခဲ့ရသည့် ဦးကိုနီအမှု ဆက်စပ်သံသယရှိသူ ၅ဝကျော် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းကို သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်မပြုနိုင်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ ဖြေကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသေဆုံးသည့်အမှုကို မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့ဖွဲ့စည်းပြီး ဆက်စပ်သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သေးသည်။
ဦးကိုနီ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းကို ဖေဖော်ဝါရီလ ၂၉ရက်နေ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ အောင်ဝင်းဇော်ကိုလည်း ဖြစ်ပွားချိန်မှ ၁၂နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။
ယင်းအမှုနှင့် ဆက်စပ်ပြီး နောက်ဆက်တွဲအနေဖြင့် သံသယရှိသူများ၊ အမှုဖြစ်အောင်ကျူးလွန်ခဲ့သူများ၊ ဒီလို ပြစ်မှုမျိုးကျူးလွန်အောင် လုပ်ခဲ့တဲ့ နောက်ကွယ်က လူများနဲ့ ပံ့ပိုးကူညီသူ မျိုးစုံကို စိစစ်နေကြောင်း တစ်ချို့ ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးမေးမြန်းနေတာတွေ ရှိကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
ဦးကိုနီအမှုကို သတင်းမထုတ်ပြန်သေးခြင်းနှင့် ပတ်သက်ပြီးလည်း ၄င်းက သတင်းအချက်လက်များကို ပွင့်လင်းမြင်သာစွာ အကုန်လုံးထုတ်ပြန်လိုက်ရင် နောက်ဆက်တွဲ ဆက်စပ်နေတဲ့ ကွင်းဆက်များနှင့် အဓိက သက်သေပစ္စည်းများ ပျောက်သွားမည် စိုးရိမ်ခြင်းကြောင့် မထုတ်ပြန်သေးခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့သေးသည်။
ဒုတိယ တရားခံ အောင်ဝင်းဇော်မှာ တပ်မတော်အရာရှိဟောင်း တစ်ယောက်ဖြစ်ပြီး စစ်စည်းကမ်းဖောက်ဖျက်တဲ့ ပြစ်ချက်နှင့် တပ်မတော်မှ ထုတ်ပယ်ခံရသူ ဖြစ်သည်။ ၂၀၀၃ခုနှစ် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို နိုင်ငံခြားသို့ တရားမဝင် ခိုးထုတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ နှစ်ရှည် ထောင်ကျခံခဲ့ဖူးသည်။
လွန်ခဲ့သည့် ၂နှစ်ကျော် အချိန်က ထောင်မှ ပြန်လွတ်ပြီး ရန်ကုန်၊ သာကေတမြို့နယ် ၁ရပ်ကွက် ထူပါရုံ အရှေ့ ၁၆လမ်း အိမ်အမှတ် ၁၂၅၉မှာ ရှိတဲ့ လုံးချင်းနှစ်ထပ်တိုက်မှာ သူ့မိသားစုနဲ့ လာရောက်နေထိုင်ကြောင်း သိရသည်။
အတည်ပြုချက် မရရှိသော သတင်းများအရ အောင်ဝင်းဇော်မှာ တပ်မတော်တာဝန် ထမ်းဆောင်နေချိန်တွင် မိန်းမရှုပ်သူ တစ်ဦး ဖြစ်ပြီး လက်ရှိ ဇနီးမယားအပြင် မယားငယ်တစ်ဦး ရှိနေခဲ့ပြီး ယင်းမယားငယ်တစ်ဦးနှင့် တရားဝင်လက်ထပ်ထိမ်းမြှားရန် လုပ်ဆောင်နေဆဲ ဖြစ်ချိန် မယားကြီး၏ မကျေနပ် တိုင်ကြားမှုကြောင့် တပ်မှ စုံစမ်းစစ်ဆေး အရေးယူရာ အောင်ဝင်းဇော်မှာ ဘိန်းမှုနှင့် ကျောက်စိမ်းမှုတွဲကြီး ထပ်မံ ပေါ်ပေါက်လာခဲ့ကြောင်း ကြားသိရသည်။
ထို့အပြင် ဦးကိုနီ အမှုနှင့် ဆက်စပ်ဖမ်းမိချိန်တွင် အောင်ဝင်းဇော် ညီမဖြစ်သူအိမ်ကို ရဲများဝင်ရောက် ရှာဖွေခဲ့ရာ နောက်ထပ် ဘိန်းမှောင်ခိုနှင့် ကျောက်စိမ်း မှောင်ခိုများ ထပ်မံပေါ်ပေါ်လာခဲ့သေးသည်။
ဘိန်းမှောင်ခိုမှုနှင့် ကျောက်စိမ်းအမှုများ ထပ်မံပေါ်ပေါက်ခဲ့ပြီး နောက်ဆက်တွဲ အနေဖြင့် တပ်မတော်ထိပ်တန်းအရာရှိများနှင့် ဆက်စပ်ပတ်သက်နေမှုများ ရှိနေခြင်းများ အပေါ် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို မေးမြန်းရာ ဖြေကြားမရသေးကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ဦးကိုနီအမှုကို တပ်မတော်နှင့် မြန်မာနို်င်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီး လိုအပ်သလို ဖမ်းဆီးစစ်ဆေးထိန်းသိမ်းမေးမြန်းခြင်းများ လုပ်ဆောင်လျှက် ရှိနေပြီး သတင်းမထုတ်ပြန်ပေးခြင်းကိုလည်း ပြည်သူလူထုအနေဖြင့် နားလည်ပေးရန် မေတ္တာရပ်ခံထားသည်။
Loading...