ေသရြာျပန္ဦးျမင့္ေဆြႏွင့္ ေနာက္ကြယ္ကသူ၏လိမ္လည္မႈမ်ား

_________________________________________________________

ေရွ႕ေန ဦးကိုနီကို သတ္ျဖတ္ ခဲ့တဲ့ ဦးၾကည္လင္းကို စစ္ေဆး ေမးျမန္းမႈေတြ အရ ထိုင္းျမန္မာ နယ္စပ္မွာ ေနထိုင္သူ ဦးျမင့္ေဆြ ဆိုသူက သူ႕ကို ေစခိုင္းခဲ့တယ္လို႔ ထြက္ဆိုေၾကာင္း ေပါက္ၾကားလာတဲ့ ရဲစစ္ေဆးမႈ စစ္ခ်က္ တစ္ခု အရ သိရ ပါတယ္။
အဲဒီ ဦးျမင့္ေဆြ ဆိုသူဟာ ျမန္မာမႈ အႏုပညာရွင္ တမၸဝတီ ဦးဝင္းေမာင္နဲ႕ တစ္ရပ္ကြက္တည္း ေနထိုင္ခဲ့သူ ျဖစ္ပါတယ္။
ဦးျမင့္ေဆြရဲ႕ ဖခင္နဲ႕ သူငယ္ခ်င္း ျဖစ္ေပမဲ့ သူတို႔က စီးပြားေရး သမားေတြ ျဖစ္လို႔ သိပ္ အဆက္အဆံ မရွိခဲ့ဘူးလို႔ ဦးဝင္းေမာင္က ေျပာပါတယ္။
ဦးျမင့္ေဆြဟာ စီးပြားေရး ေခ်ာင္လည္တဲ့ ေရွးေဟာင္း ပစၥည္း ေမွာင္ခို ေရာင္းဝယ္သူ တစ္ေယာက္ ျဖစ္ၿပီး မိသားစုက သူ႕ကို ေသၿပီလို႔ မွတ္ယူ ထားသူျဖစ္ ပါတယ္။
သူက ပစၥည္း အတု လုပ္တာ ေတာ္လြန္းတဲ့ အတြက္ စကၤာပူနဲ႕ ဂ်ာမနီ နိုင္ငံက ျပတိုက္ေတြမွာ ဦးျမင့္ေဆြရဲ႕ ပစၥည္း ေတြကို ေရွးေဟာင္း ပစၥည္းေတြ အျဖစ္ ျပသ ထားခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။
ဒါတင္မက သူ႕ ကားနဲ႕ အေရာင္တူ၊ အမ်ိဳးအစားတူကို ဦးျမင့္ေဆြက ဝယ္သုံးၿပီး သူ သြားခဲ့ဖူးတဲ့ ေက်း႐ြာ ေတြမွာ ဦးဝင္းေမာင္ ကေစလႊတ္တဲ့ ပုံစံနဲ႕ ေရွးေဟာင္း ပစၥည္းေတြ လိုက္လံ ဝယ္ယူ ခဲ့တယ္ လို႔လည္း ဦးဝင္းေမာင္က ေျပာပါတယ္။
ဦးျမင့္ေဆြက ထိုင္းနိုင္ငံကို သြားေရာင္းခ် ခဲ့တဲ့ ေရွးေဟာင္း ပစၥည္း ေတြကို ဝယ္ယူခဲ့သူ ေတြက အဲဒီ ပစၥည္းေတြ ဟာ အစစ္အမွန္ မဟုတ္တဲ့ အတြက္ လာေရာက္ ေျဖရွင္းဖို႔ ေခၚတာကို သြားေရာက္ ခဲ့ၿပီး ျပန္ေရာက္မလာတဲ့ အတြက္ ဇနီးျဖစ္သူက ရဲကို တိုင္ၾကားၿပီး စုံစမ္း ခဲ့တယ္လို႔ ဆိုပါတယ္။
ထိုင္းဘက္က မေက်နပ္တဲ့ အတြက္ အသတ္ခံရလို႔ ေသဆုံးသြားၿပီလို႔ ရဲအဖြဲ႕နဲ႕ မိသားစုက ဆုံးျဖတ္ သတ္မွတ္ခဲ့ၾကေၾကာင္း ဦးဝင္းေမာင္က ေျပာပါတယ္။
ဦးျမင့္ေဆြဟာ နိုင္ငံေရးကို စိတ္ပါဝင္စားမႈ မရွိသလို ပါဝင္ ပတ္သက္ခဲ့ဖူးျခင္းလည္း မရွိဘူးလို႔ သူက ဘီဘီစီကို ေျပာပါတယ္။
BBC Burmes

Unicode
ရှေ့နေ ဦးကိုနီကို သတ်ဖြတ် ခဲ့တဲ့ ဦးကြည်လင်းကို စစ်ဆေး မေးမြန်းမှုတွေ အရ ထိုင်းမြန်မာ နယ်စပ်မှာ နေထိုင်သူ ဦးမြင့်ဆွေ ဆိုသူက သူ့ကို စေခိုင်းခဲ့တယ်လို့ ထွက်ဆိုကြောင်း ပေါက်ကြားလာတဲ့ ရဲစစ်ဆေးမှု စစ်ချက် တစ်ခု အရ သိရ ပါတယ်။
အဲဒီ ဦးမြင့်ဆွေ ဆိုသူဟာ မြန်မာမှု အနုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်နဲ့ တစ်ရပ်ကွက်တည်း နေထိုင်ခဲ့သူ ဖြစ်ပါတယ်။
ဦးမြင့်ဆွေရဲ့ ဖခင်နဲ့ သူငယ်ချင်း ဖြစ်ပေမဲ့ သူတို့က စီးပွားရေး သမားတွေ ဖြစ်လို့ သိပ် အဆက်အဆံ မရှိခဲ့ဘူးလို့ ဦးဝင်းမောင်က ပြောပါတယ်။
ဦးမြင့်ဆွေဟာ စီးပွားရေး ချောင်လည်တဲ့ ရှေးဟောင်း ပစ္စည်း မှောင်ခို ရောင်းဝယ်သူ တစ်ယောက် ဖြစ်ပြီး မိသားစုက သူ့ကို သေပြီလို့ မှတ်ယူ ထားသူဖြစ် ပါတယ်။
သူက ပစ္စည်း အတု လုပ်တာ တော်လွန်းတဲ့ အတွက် စင်္ကာပူနဲ့ ဂျာမနီ နိုင်ငံက ပြတိုက်တွေမှာ ဦးမြင့်ဆွေရဲ့ ပစ္စည်း တွေကို ရှေးဟောင်း ပစ္စည်းတွေ အဖြစ် ပြသ ထားခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒါတင်မက သူ့ ကားနဲ့ အရောင်တူ၊ အမျိုးအစားတူကို ဦးမြင့်ဆွေက ဝယ်သုံးပြီး သူ သွားခဲ့ဖူးတဲ့ ကျေးရွာ တွေမှာ ဦးဝင်းမောင် ကစေလွှတ်တဲ့ ပုံစံနဲ့ ရှေးဟောင်း ပစ္စည်းတွေ လိုက်လံ ဝယ်ယူ ခဲ့တယ် လို့လည်း ဦးဝင်းမောင်က ပြောပါတယ်။
ဦးမြင့်ဆွေက ထိုင်းနိုင်ငံကို သွားရောင်းချ ခဲ့တဲ့ ရှေးဟောင်း ပစ္စည်း တွေကို ဝယ်ယူခဲ့သူ တွေက အဲဒီ ပစ္စည်းတွေ ဟာ အစစ်အမှန် မဟုတ်တဲ့ အတွက် လာရောက် ဖြေရှင်းဖို့ ခေါ်တာကို သွားရောက် ခဲ့ပြီး ပြန်ရောက်မလာတဲ့ အတွက် ဇနီးဖြစ်သူက ရဲကို တိုင်ကြားပြီး စုံစမ်း ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းဘက်က မကျေနပ်တဲ့ အတွက် အသတ်ခံရလို့ သေဆုံးသွားပြီလို့ ရဲအဖွဲ့နဲ့ မိသားစုက ဆုံးဖြတ် သတ်မှတ်ခဲ့ကြကြောင်း ဦးဝင်းမောင်က ပြောပါတယ်။
ဦးမြင့်ဆွေဟာ နိုင်ငံရေးကို စိတ်ပါဝင်စားမှု မရှိသလို ပါဝင် ပတ်သက်ခဲ့ဖူးခြင်းလည်း မရှိဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။

BBC Burmes
Loading...