ဟိုင္းလတ္ 4Wheel ကားတိမ္းေမွာက္မႈေၾကာင့္ ႏွစ္ဦးဆံုး ၁၁ ဒဏ္ရာရ

Loading...
_________________________________________________________

စစ္ကိုင္းတုိင္းေဒသႀကီး ဟုမၼလင္းၿမိဳ႕နယ္တြင္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က ဟုမၼလင္းႏွင့္ ေမာင္းခမ္းေက်းရြာ သို႔ေျပးဆြဲေနသည့္လိုင္းကား တိမ္းေမွာက္မႈေၾကာင့္ လူ ၂ဦးေသဆံုးကာ ၁၁ဦးဒဏ္ရာရွိခဲ့ေၾကာင္း ဟုမၼလင္း ၿမိဳ႕မွရဲစခန္းမွ သိရသည္။
အဆုိပါျဖစ္စဥ္သည္ ေဖေဖာ္၀ါရီလ (၁)ရက္ေန႔ ၁၁း၃၀ နာရီအခ်ိန္ ဟုမၼလင္းမွေမာင္းခမ္းသို႔ ေျပး ဆြဲေနေသာ ဟိုင္းလတ္ 4Wheel double Cub အျဖဴေရာင္ကား တစ္စီးသည္ ဦးထြန္ၾကည္ ရာဘာျခံဳေရွ႕ ဗ်ဴ ဟာလမ္းမ ေပၚတြင္ တိမ္းေမ ာက္ကာ နွစ္ဦးေသၿပီး ၁၁ဦးဒဏ္ရာရရွိခဲ့သည္။
”ဦးထြန္းၾကည္ ရာပါျခံေရွ႕ လမ္းမေပၚမွာ ကားလင့္ေခၚ(ႏုတ္ခမ္းေမြးတန္း) ျပဳတ္က်၍ လမ္း၏ယာဘက္ အနိမ္႕ပိုင္းေတာစပ္သို႔ထိုးက်တိမ္းေမွာက္ခဲ့ေၾကာင္းသိရတယ္​္ဟု ” ၿမိဳ႕မရဲစခန္းမွ ူး ဒုရဲမွ ူး ဦးၾကည္စိုးက ေျပာသည္။
ဟုမၼလင္းရဲစခန္းနင့္လူမူေရးအသင္းအဖြဲ႔၊မီးသတ္အဖြဲ႔မ်ားသြားေရာက္ကူညီကာ လူနာမ်ားကို ကုတင္ (၁၀၀)ဆန္႔ ျပည္သူ႔ေဆးရုံ တြင္ကုသေနရေၾကာင္း ၄င္းကဆက္ေျပာသည္။
”ခရီးသည္(၁၃)ဦး မွ အသြင္းလူနာအျဖစ္ က်ား(၁)ဦး မ(၉)ဦး ကေလးနွစ္ဦး(က်ား) နွင့္ မ(၁)ဦးကေတာ့ ျပင္ပလူနာ အျဖစ္ကုသေနရၿပီး (၃)ဦးကေတာ့ စိုးရိမ္ေနရတယ္လို႔ သိရေၾကာင္း က်ား(၁)ဦး မ(၁)ဦး ကေတာ့ေသဆုံး သြားတယ္ဟု” ၄င္းကဆက္ေျပာသည္။
အဆိုပါကားကိုေမာင္းနင္လာေသာ( ယာဥ္ေမာင္းလိုင္စင္မဲ့ ) ေမာင္းခမ္းေန အဖ ဦးလွေငြ သား ဦးေသာင္းပို အား ဟုမၼလင္း ၿမိဳ႕မရဲစခန္းမွ အေရးယူစစ္ေဆးေနေၾကာင္း စခန္းမူး ဒုရဲမူးဦးၾကည္စိုးကေျပာၾကားသည္။
The Voice of Shan-Ni
share from သစ္ထူးလြင္
Unicode
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဟုမ္မလင်းနှင့် မောင်းခမ်းကျေးရွာ သို့ပြေးဆွဲနေသည့်လိုင်းကား တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရှိခဲ့ကြောင်း ဟုမ္မလင်း မြို့မှရဲစခန်းမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ဖေဖော်ဝါရီလ (၁)ရက်နေ့ ၁၁း၃၀ နာရီအချိန် ဟုမ္မလင်းမှမောင်းခမ်းသို့ ပြေး ဆွဲနေသော ဟိုင်းလတ် 4Wheel double Cub အဖြူရောင်ကား တစ်စီးသည် ဦးထွန်ကြည် ရာဘာခြုံရှေ့ ဗျူ ဟာလမ်းမ ပေါ်တွင် တိမ်းမေ ာက်ကာ နှစ်ဦးသေပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်။
”ဦးထွန်းကြည် ရာပါခြံရှေ့ လမ်းမပေါ်မှာ ကားလင့်ခေါ်(နုတ်ခမ်းမွေးတန်း) ပြုတ်ကျ၍ လမ်း၏ယာဘက် အနိမ့်ပိုင်းတောစပ်သို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရတယ်​်ဟု ” မြို့မရဲစခန်းမှ ူး ဒုရဲမှ ူး ဦးကြည်စိုးက ပြောသည်။
ဟုမ္မလင်းရဲစခန်းနင့်လူမူရေးအသင်းအဖွဲ့၊မီးသတ်အဖွဲ့များသွားရောက်ကူညီကာ လူနာများကို ကုတင် (၁၀ဝ)ဆန့် ပြည်သူ့ဆေးရုံ တွင်ကုသနေရကြောင်း ၄င်းကဆက်ပြောသည်။
”ခရီးသည်(၁၃)ဦး မှ အသွင်းလူနာအဖြစ် ကျား(၁)ဦး မ(၉)ဦး ကလေးနှစ်ဦး(ကျား) နှင့် မ(၁)ဦးကတော့ ပြင်ပလူနာ အဖြစ်ကုသနေရပြီး (၃)ဦးကတော့ စိုးရိမ်နေရတယ်လို့ သိရကြောင်း ကျား(၁)ဦး မ(၁)ဦး ကတော့သေဆုံး သွားတယ်ဟု” ၄င်းကဆက်ပြောသည်။
အဆိုပါကားကိုမောင်းနင်လာသော( ယာဉ်မောင်းလိုင်စင်မဲ့ ) မောင်းခမ်းနေ အဖ ဦးလှငွေ သား ဦးသောင်းပို အား ဟုမ္မလင်း မြို့မရဲစခန်းမှ အရေးယူစစ်ဆေးနေကြောင်း စခန်းမူး ဒုရဲမူးဦးကြည်စိုးကပြောကြားသည်။
The Voice of Shan-Ni
Loading...