Breaking News

အခမဲ့ယာဉ်များအား ဆက်လက်ပြေးဆွဲပေးခြင်းမပြုရန် YRTA ကမေတ္တာရပ်ခံ



Loading...
အခမဲ့ယာဉ်များအား ဆက်လက်ပြေးဆွဲပေးခြင်းမပြုရန် YRTA ကမေတ္တာရပ်ခံ


 ရန်ကုန်တိုင်းဒေသကြီး ၌အများပိုင်ဘစ်ကားလိုင်းစနစ်အဖြစ် စနစ်သစ်စတင်ပြောင်းလဲပြေးဆွဲသည့် ဇန်နဝါရီလ ၁၆ရက်နေ့ တွင် မော်တော်ယာဉ်လိုင်းများမှ ကားများ လုံလောက်စွာ မပြေးဆွဲ နိုင်သောကြောင့်ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက်အခမဲ့ယာဉ်များစေတနာဖြင့် ကူညီပြေးဆွဲပေးကြသည့်အတွက် ပြည်သူများကိုယ်စားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်သော်လည်း တတိယမြောက်နေ့ချိန်ထိ အခြေနေ စောင့်ကြည့်ချက်များအရ ခရီးသွားပြည်သူအချို့မှာ အခပေး မော်တော်ယာဉ်လိုင်းများကို မစီးတော့ဘဲ အခမဲ့ယာဉ်များကိုသာ စောင့်ဆိုင်းစီးနင်းခြင်း၊ အခမဲ့ယာဉ်များသည် သတ်မှတ်လမ်းကြောင်းများအတိုင်း မဆွဲသောကြောင့် ခရီးသွား ပြည်သူများ ယာဉ်လိုင်းအမှန်ကို မသိရှိတော့ခြင်း များဖြစ်ပေါ်နေ၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့( YRTA )က အခမဲ့ယာဉ်များအား ဆက်လက်ပြေးဆွဲပေးခြင်းမပြုရန် မေတ္တာရပ်ခံချက်ထုတ်ပြန်လိုက်ကြောင်း ဇန်နဝါရီ၁၉ရက်က သတင်းရရှိသည်။

“ မော်တော်ယာဉ်လိုင်းတွေ ခရီးသည်တွေကို ယာဉ်အစီးရေးလုံလုံလောက်လောက်နဲ့မပြေးဆွဲပေးနိုင်တဲ့ အခြေအနေမှာ အခုလို အများပြည်သူတွေဝိုင်းဝန်းပြီး အခမဲ့ယာဉ်တွေနဲ့ လိုက်လံပြေးဆွဲပေးတာအရမ်းကို လေးထားထိုက်တဲ့တွေက အလုပ်ရပ်တစ်ခုဖြစ်ပါတယ်။ဒါဟာ အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူတွေ ထောက်ခံပြီးဝိုင်းဝန်းဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် ကျေးဇူးလည်းအထူးတင်ပါတယ်။ဒါပေမယ့် ပြည်သူတစ်တွေက အခမဲ့ယာဉ်တွေကိုပဲစောင့်စီးကျတော့တယ်။ယာဉ်လိုင်းကြောင်းအသစ်တွေကိုလေ့လာပြီးမစီးကျတော့ဘူး တချို့အခမဲ့ပြေးဆွဲပေးတဲ့ယာဉ်တွေကလည်း ခရီးသည်တွေဘယ်သွားမလဲ လမ်းသင့်သလို မြန်မြန်ရောက်အောင်ဆိုပြီး စေတနာနဲ့ ကားလမ်းကြောင်းတွေအတိုင်းမပြေးဆွဲပဲ မောင်းတာတွေတွေ့လာရတယ်။ အခမဲ့ယာဉ်တွေဘက်ကလည်းသူတို့တွေ အလုပ်ကိုင်ပျက် စီးပွားရေးထိခိုက်ခံပြီး ရေရှည်ဘယ်သူမှမဆွဲပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် အခမဲ့ပြေးဆွဲပေးတဲ့ယာဉ်တွေ ကိုလည်းရက်အကန့်သတ်တစ်ခုအနေနဲ့သတ်မှတ်ဆောင်ရွက်သွားဖို့စီစဉ်နေသလို လက်ရှိပြေးဆွဲပေးနေချိန်ကိုလည်း သတ်မှတ်ယာဉ်လိုင်းကြောင်းတွေအတိုင်းသာ ပြေးဆွဲပေးဖို့ ပြောချင်ပါတယ်။”ဟု YRTA မှ အရာရှိတစ်ဦးက ပြည်မြန်မာသို့ပြောသည်။
အခမဲ့ယာဉ်လိုင်းများအနေဖြင့် ခရီးသွားများ စုပြုံနေသည့် အချိန်များတွင်သာ ကူညီပြေးဆွဲပေးရန်နှင့် ပြေးဆွဲပါက သတ်မှတ်ထားသော လမ်းကြောင်းများ အတိုင်းသာပြေးဆွဲပေးပါရန် မေတ္တာရပ်ခံချက်များ ပြောကြားထားကြောင်းသိရသည်။
pyimyanmarnews
Loading...