Breaking News


လက်စတာစီးတီးအသင်းကိုရောက်သွားသည့် ဘောလုံးစွမ်းရည်ပြပြီး Youtube မှာ နာမည်ကြီးသွားခဲ့တဲ့ မွန်တိုင်းရင်းသား နောင်းဖီး


Loading...


Youtube တွင် ဘောလုံးစွမ်းရည်ပြသမှုကြောင့် နာမည်ကျော်ခဲ့သည့် မွန်တိုင်းရင်းသား နောင်းဖီး သည် လက်စတာစီးတီးအသင်းကို ရောက်ရှိသွားပြီဖြစ်သည်။
ထိုင်းနိင်ငံက မွေးထုတ်ပေးလိုက်သည့် 7 နှစ်သားအရွယ် မွန်အမျိုးသားဘောလုံးသမားလေး နောင်းဖီးသည် ထိုင်းနိုင်ငံတွင် ကျင်းပသော ရုပ်သံဖျော်ဖြေရေး အစီအစအစဉ်တစ်ခု၌ ဘောလုံးစွမ်း
ရည်ပြသ ခဲ့သောကြောင့် နေ့ ချင်းညချင်းဆိုသလို နာမည်ကျော်ကြားလာပြီးနောက်
England နိင်ငံက Premier League Club ဖြစ်တဲ့ Leicester City အသင်းကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါကလေးငယ်ကို လက်စတာစီးတီးအသင်းကအလည်အပတ်အဖြစ် ဖိတ်ခေါ်ခဲ့ပြီး ထိုင်းနိုင်ငံကလေးများနေ့ ဇန်န၀ါရီလ ၁၄ရက်နေ့ကျရောက်မည့်ကလေးများနေ့အတွက် ရည်ရွယ်၍ လက်ဆောင်အဖြစ် လက်စတာစီးတီးရရှိထားသည့် ဖလားကိုကိုင်ခွင့် လက်စတာအသင်းကလက်ဆောင်အဖြစ်ဘောလုံးတစ်လုံးနှင့် လက်စတာဂျာစီ ကိုလည်း လက်ဆောင်အဖြစ်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါမွန်ကလေးငယ်ကို ကင်းပါဝါဟိုတယ်သို့ဖိတ်ခေါ်ကာ အထူးဧည့်သည်အဖြစ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
Akon Thi
Loading...