Breaking News


ခရီးသည်ကိုထိုးကြိတ်ခဲ့သော YBS ယာဉ်နောက်လိုက် နှစ်ဦးကို ထောင်ရှစ်ရက်ချ


Loading...
ခရီးသည်ကိုထိုးကြိတ်ခဲ့သော YBS ယာဉ်နောက်လိုက် နှစ်ဦးကို ထောင်ရှစ်ရက်ချ


ရန်ကုန် ၊ ဇန်န၀ါရီ ၁၈
ခရီးသည်လင်မယားနှစ်ဦးကို ထိုးကြိတ်ခဲ့သော YBS စပယ်ယာနှစ်ဦးကို ထောင်၈ ရက်ချမှတ်ခြင်းသည် ရန်ကုန်တိုင်းအတွင်းပြေးဆွဲနေသော YBS ယာဉ်မော
င်းများနှင့်စပယ်ယာများအတွက် စံပြအနေဖြင့် လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း အင်းစိန်မြို့ နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
''ထောင် ၈ ရက်ချလိုက်တယ်ဆိုတာ ဘယ်သူမှ ဘာမှမလုပ်ခင်မှာ ရဲက ရဲလုပ်လို့ ရတဲ့အ
ပိုင်းကို စလုပ်လိုက်တာပါ ရဲစခန်းကနေ ချက်ချင်းအမှုဖွင့်တယ် ပြီးတော့ ရုံးထုတ်ပြီးတော့
တရားရုံးကနေ ၈ ရက်ဆိုပြီး ရဲဥပဒေပုဒ်မ ၄၁ နဲ့ ဦးစွာအမိန့် ချလိုက်တာပေါ့ '' ဟု၎င်းက
ပြောသည်။
ယင်းချမှတ်လိုက်သော ထောင် (၈)ရက်မှာ ရဲဥပဒေပုဒ်မဖြင့် အရေးယူချမှတ်လိုက်သော
ပြစ်ဒဏ်သာဖြစ်ပြီး တရားလိုလင်မယားနှစ်ဦးမှ တိုင်ချက်ဖွင့်ထားသော ရာဇသတ်ကြီး ဥ
ပဒေပုဒ်မ ၂၃၄ ၊ ဆဲဆိုမှု ကာအိနြေ္ဒပျက်စေမှု နာကျင်စေမှုစသည့်
အမှု ၃ုခုအတွက် တရားလိုပြသက်သေများစစ်ဆေးပြီး ရုံးတင်စစ်ဆေးသွားဦးမည်ဟုသိရသည် ။
ထို့ အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ကလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သ
တ်၍ စစ်ဆေးအရေးယူသွားမည်ဖြစ်သည့်အပြင် YBS မှထုတ်ပြန်ထားသော စည်းမျဉ်းစ
ည်းကမ်းများနှင့်အညီလည်း စစ်ဆေး၍ အရေးယူဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်းသိ
ရသည်။
'' ပထမဦးဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့ အင်းစိန်အနေနဲ့ က စံပြအနေနဲ့ လုပ်တယ် ပြီး
တော့ တစ်တိုင်းလုံးမှာ ပြေးဆွဲနေတဲ့ YBS ကယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ဒီလိုမျိုးပြစ်မှုတွေ မကျူးလွန်ဖို့ နောက်နောင် ဒါမျိုးလုပ်ရင် ဒီလိုပြစ်ဒဏ်ကျမယ်ဆိုတာ ပြဖို့ အတွက်ကို ထိထိရောက်ရောက်ဆောင်ရွက်တာပါ'' ဟုဦးဝေဖြိုးဟန်က ပြောသည်။
ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပိုက်ဆံ
ပြန်အမ်းသည့်ကိစ္စနှင့်ပတ်သတ်၍ YBS ယာဉ်လိုင်းအမှတ် ၆ စပယ်ယာနှစ်ဦးက ခရီးသည်လင်မယား၂ ဦးကိုလက်သီးနှင့်ထိုးခဲ့ခြင်းဖြစ်
သည်။တရားလိုလင်မယားနှစ်ဦးက တိုင်ချက်ဖွင့်ထားသော အမှု ၃ ခုအတွက် ဇန်န၀ါရီ၁၉
ရက်နေ့ တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

Image may contain: one or more people, people standing, sky, shoes and outdoor

Image may contain: one or more people, sky and outdoor

"YBS အမှတ် ၆ ယာဉ်လိုင်း စပယ်ယာက ခရီးသည် လင်မယားနှစ်ဦး အားလက်သီးနှင့်ထိုး"
(ရန်ကုန်၊ ဇန်န၀ါရီ ၁၈)
ခရီးသည် လင်မယားနှစ်ဦးအား လက်သီးနဲ့ ထိုးမှုနဲ့ 
YBS အမှတ် ၆ ယာဉ်လိုင်းက စပယ်ယာတစ်ဦးကို ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စဖြစ်ပွားခဲ့တာ ကတော့ ဒီကနေ့ YBS စတင် အသက်ဝင်ပြီး ၃ ရက်မြောက်နေ့ ဇန်န၀ါရီလ ၁၈ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။နေရာ ကတော့ အင်းစိန် စော်ဘွားကြီးကုန်း မှတ်တိုင်မှာဖြစ်တယ်လို့သိရပါတယ်။
အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က "ပိုက်ဆံပြန်အမ်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီး စပယ်ယာက လင်မယား နှစ်ယောက် လုံးကို လက်သီးနဲ့ထိုးလိုက်တာ ကျွန်တော့ရှေ့မှာပဲ။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်သုံးယောက်နဲ့ ဌာနဆိုင်ရာ၊ မော်တော်ပီကယ် ၊ ရဲ ၊ စည်ပင် အားလုံးရှိပါတယ်။ ထိုးတာလဲသေချာတယ် ။ အဲ့လိုဖြစ်တော့ နောက် တစ်ယောက်က လူကြီးတွေ ကလူကြီး စကားမပြောဘူး ဆိုပြီး
ကြမ်းတုံးကိုင်ပြီးခြိမ်းခြောက်တဲ့ ပုံစံ ပဲ။ အဲ့ဒါနဲ့ အဲ့ကားက ယာဉ်မောင်းနဲ့ စပယ်ယာနှစ်ယောက်လုံးကို ဖမ်းဆီးသွားပါတယ်။ မျက်မြင်ကိုယ်တွေ့ ဖြစ်တော့မှ ဒီကောင်တွေဒီလောက်ရိုင်းမှန်းသိတာ။" လို့ ပေါ်ပြူလာနယူးစ်ကို ပြောပါတယ်။
ဓါတ်ပုံ - Naw Juu Ju Facebook

Source: Popular News
Loading...