အဂတိမှုနဲ့ တရားစွဲဆိုခံရတဲ့ ပွင့်ဖြူမြို့နယ် တရားသူကြီးတရားသူကြီး ဒေါ်အဉ္ဇလီမြရှိန် ထွက်ပြေးနေ

_________________________________________________________

ယစ်မျိုးမှုနဲ့ လောင်းကစားမှုတွေမှာ လာဘ်ယူခဲ့တယ်လို့  တိုင်ကြားခံရတဲ့ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုရာမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်အပေါ် တိုင်ကြားလာမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးခဲ့ရာမှာ ကော်မရှင်က စစ်ဆေးတဲ့အခါ ယစ်မျိုးအမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ အထက်တန်းရှေ့နေမှတစ်ဆင့် ငွေငါးသိန်းတောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင်  လောင်းကစားမှုတစ်ခုမှာလည်း တရားခံအပေါ် ပြစ်ဒဏ်သက်ညှာစွာစဉ်းစားပေးဖို့ တရားခံရဲ့ ဇနီးဆီက ငွေကျပ်ငါးသိန်းလက်ခံရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
လာဘ်ငွေရယူခဲ့ကြောင်း ပေါ်ပေါက်တာကြောင့် ၂၀၁၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆိုအရေးယူဖို့ ဆောင်ရွက်ရာမှာ တရားသူကြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇန်န၀ါရီ ၁၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source: 7Day Daily
Photo :ကြေးမုံ
Loading...