Breaking News


ထိုင်းနိုင်ငံကို ကိုယ်စားပြုဖို့ ရွေးချယ်လိုက်တဲ့ မွန်လူငယ်၊ ဘောလုံးထူးချွန်သူ နောင်ပီး (Nong Pee)


Loading...


ထိုင်း Workpoint Entertainment မှ တင်ဆက်ခဲ့တဲ့ "Super 10" အစီအစဉ်မှ တစ်ဆင့် ဘောလုံးကို အကြိမ်တိုင်း ဂိုးတိုင်ထိအောင် ကန်ပြနိုင်ခဲ့လို့ နာမည်ကြီးသွားခဲ့တဲ့ မွန်လူမျိုး၊ အသက် (၇) နှစ်အရွယ် နောင်ပီး (Nong Pee) ခေါ် ဆူဗင် (Suvin) ကို Leicester City Football Club ပိုင်ရှင်၊ ထိုင်းလူမျိုး သန်းကြွယ်သူဌေး Vichai Srivaddhanaprabha မှ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဒီကနေ့၊ ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောဆိုခဲ့ပါတယ်။ Leicester City Football Club ဟာ ၂၀၁၆ ခုနှစ် Premiere League Champion Cup ကို အနိုင်ရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အသက် (၇) နှစ်အရွယ် မွန်လူငယ်လေးကို နိုင်ငံတကာ အဆင့် ဘောလုံးသမား (Professional footballer) တစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်ဖို့ အတွက် ဘတ်ငွေ သန်းပေါင်း (၃၀) မှ (၄၀) အထိ အကုန်ကျ ခံသွားမယ်လို့ Leicester City ဘောလုံးအသင်းရဲ့ ဒုဥက္ကဌ၊ ထိုင်းလူမျိုး Mr. Aiyawatt က ခန့်မှန်း ပြောဆိုခဲ့ပါတယ်။ မွန်လူငယ်လေး နောင်ပီး (Nong Pee) ဟာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား မွန်မိဘ နှစ်ပါးမှ မွေးဖွားပြီး၊ ထိုင်းနိုင်ငံသား လက်မှတ် မရှိသူ၊ နိုင်ငံမဲ့ လူငယ်လေးပါ။ Leicester City ဘောလုံးအသင်းရဲ့ ဒုဥက္ကဌ၊ ထိုင်းလူမျိုး Mr. Aiyawatt ကတော့ “မွန်လူငယ်လေး နောင်ပီး (Nong Pee) ဟာ ထိုင်းနိုင်ငံကို ကိုယ်စားပြုမယ်ဆိုတာ သိသာရှင်းလင်းပါတယ်။ ဒါပေမယ့် သူအသက် (၁၈) နှစ်ပြည့်တဲ့အခါ (ထိုင်း Vs မြန်မာ) ဘယ်နိုင်ငံကို ကိုယ်စားပြုမလဲ ဆိုတာကို ရွေးချယ်ခွင့် ရှိပါတယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ မွန်လူငယ်လေး နောင်ပီး (Nong Pee) ကိုလည်း အင်္ဂလန် (England) အထိ ပို့ပြီး ပညာသင်ယူစေမယ် လို့ Mr. Aiyawatt က ထပ်လောင်း ပြောပြခဲ့ပါတယ်။ မွန်လူငယ်လေး နောင်ပီး (Nong Pee) ကတော့ “သူ့အနေနဲ့ ထိုင်းနိုင်ငံ လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း (Thai National Team) မှာ ဘောလုံးကစားချင်ပါတယ်” လို့ သတင်းစားရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
News Source: Bangkok Post/ 17 December 2017

Loading...