Breaking News !!! ရှစ်တန်းကျောင်းသူကို နှစ်ရက်ပေါင်းပြီး အင်းလျားကန်ပေါင်မှာပစ်ခဲ့သူကို ပြစ်ဒဏ်ချလိုက်ပြီ


_________________________________________________________

လူမှုကွန်ရက်မှာ ချစ်ကြိုက်ခဲ့တဲ့ ချစ်သူကို နှစ်ရက်ကြာ ပေါင်းသင်းပြီး အင်းလျားကန်ပေါင်မှာ စွန့်ပစ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ဟိန်းဝေစိုး(ခ)ဖိုးသောကြာကို လူခိုးမှု ပုဒ်မ ၃၆၃၊ အဓမ္မပြုကျင့်မှုပုဒ်မ ၃၇၆ တို့နဲ့ ဇန်နဝါရီ ၂၆ ရက်မှာ အမိန့်ချခဲ့ပြီး ပုဒ်မနှစ်ခုအတွက် ထောင် ၂၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမှုကို အနောက်ပိုင်းတရားရုံးက တွဲဖက်ခရိုင်တရားသူကြီး (၄) က တာဝန်ယူစစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ၊ တရားခံပြသက်သေတွေကိုစစ်ဆေးကာ ပုဒ်မ ၃၆၃ အတွက်အလုပ်နဲ့ ထောင်ဒဏ်နှစ်နှစ်၊ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ အတွက် အလုပ်နဲ့ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက် နေ့လယ်မှာ အဆိုပါကျောင်းသူက ကျူရှင်သွားမယ်ဆိုပြီး နေအိမ်ကနေ ပိုက်ဆံကျပ်သုံးသောင်းခွဲယူပြီး ထွက်သွားတာကနေ ပြန်မရောက်လာလို့ မိခင်က လူပျောက်တိုင်ကာ ရှာဖွေခဲ့တယ်လို့  ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဆိုပါကျောင်းသူက သူ့ရဲ့ချစ်သူနဲ့အတူ ရုပ်ရှင်သွားကြည့်ခဲ့ပြီး ညမှာ သမိုင်းလမ်းဆုံနားက  ရွှင်ပြုံးသူဇာတည်းခိုခန်းမှာ တည်းခိုခဲ့ကာ နှစ်ရက်ကြာပေါင်းသင်းခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့မှာ အင်းလျားကန်ပေါင်မှာထားခဲ့လို့ မိခင်ဖြစ်သူကို ဖုန်းဆက်အကြောင်းကြားပြီး လာခေါ်ပေးဖို့ ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
Source : 7DayDaily
Loading...