Breaking News


အသုဘယာဉ်ခမတတ်နိုင်၍ သမီးအလောင်းကို ၉ မိုင်ခန့် ချီပိုးခဲ့ရသည့် ဖခင် (ရုပ်သံ)


Loading...

အိန္ဒိယနိုင်ငံမှ ဖခင်တဦးရဲ့ ဒီအဖြစ်အပျက်ဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။
ဂါတီဒီဘာအမည်ရတဲ့ အမျိုးသားဟာ သေဆုံးသွားတဲ့ သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို အိမ်ကို ပြန်သယ်ဖို့ အသုဘယာဉ်ငှားခမတတ်နိုင်ခဲ့တဲ့အတွက် သူကိုယ်တိုင် ချီပိုးသယ်ဆောင်ခဲ့ရတာပါ။
အသက် ၅ နှစ်အရွယ် ဆူမီအမည်ရတဲ့ သမီးဖြစ်သူဟာ ကွယ်လွန်သွားခဲ့ပြီလို့ ဆေးရုံတာဝန်ရှိသူတွေက ပြောခဲ့အပြီးမှာ သူက ရုပ်အလောင်းကို နေအိမ်ဆီပြန်သယ်ဖို့ စီစဉ်ခဲ့ရတာပါ။
ဒါပေမယ့် သူ့အနေနဲ့ အသုဘယာဉ်ငှားရမ်းခ မတတ်နိုင်ခဲ့တဲ့အတွက် ၉ မိုင်အ ကွာအဝေးရှိတဲ့ ခရီးကို ကိုယ်တိုင်ထမ်းပိုးသယ်ဆောင်ခဲ့တယ်လို့ အိန္ဒိယတိုင်းမ်သတင်း တပုဒ်မှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ အိုဒီရှားဒေသတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီရုပ်သံဗွီ ဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။
ဆေးရုံဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေဟာ ခုလိုအကူအညီမပါပဲနဲ့ ရုပ်အလောင်း ပြန်သယ်ဖို့ ဆုံးဖြတ်ချက်ကို တားမြစ်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြပေမယ့် ဝေဖန်မှုတွေ ရှိနေခဲ့တယ်လို့ မေရာသတင်းမှာ ဇန်န၀ါရီလ ၇ ရက်နေ့က ဖော်ပြပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံမှာ ပထမဆုံးကြုံရတာမျိုးမဟုတ်ပဲ ဆင်းရဲနွမ်းပါးတဲ့ သူတွေအဖို့ အမြဲလိုလိုကြုံနေရတာမျိုးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း ဓနမာဂျီအမည်ရတဲ့ အမျိုးသားတဦးဟာ အသုဘ ယာဉ်ခမတတ်နိုင်ခဲ့လို့ ဇနီးဖြစ်သူရဲ့ အလောင်းကို ချီပိုးသယ်ဆောင်ပြီး ၈ မိုင်ခရီးကို သယ်ခဲ့တဲ့သတင်းဟာ သတင်းခေါင်းစီးနေရာမှာ နေရာယူခဲ့ပါသေးတယ်။
Loading...